D-Day ဆိုတာမ်ိဳးက ဘယ္ေန႔လို႔ ေမးတဲ့ သူေတြကို ပန္ဆယ္လိုေျပာၾကား

D-Day နဲ႔ ပတ္သက္တာေတြ ေရးဖို႔ ကိုယ္ေ႐ွာင္ေလ့႐ွိတယ္။ ဘာလို႔လဲဆိုေတာ့ ဒီစကားကို ခဏခဏ ေရးေန၊ သုံးေနရင္ တန္ဖိုးက်မွာ စိုးလို႔ရယ္၊ D-Day ဆိုတဲ့ အသံၾကားရင္ ေခြးဝဲစား အက္ဆစ္ထိသလို ထြန္႔ထြန္႔လူးၿပီး ျပည္သူကို ႏွိပ္စက္ကလူျပဳတဲ့ ေအာက္တန္းစားေတြေၾကာင့္ ဒီစကားလုံးကို ေတာ္႐ုံထည့္ေရးေလ့မ႐ွိဘူး။

အခုေနာက္ပိုင္း ျပည္သူေတြဟာ D-Day ကို အရမ္းစိတ္ဝင္စားမႈ ျမင့္တက္လာသလို စစ္အာဏာ႐ူးေတြကို ျဖဳတ္ခ်ႏိုင္ဖို႔ D-Day ကို အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္လာၾကတယ္။ အဲ့လိုပဲ ဟိုေန႔က D-Day, ဒီေန႔က D-Day ဆိုတဲ့ ေကာလာဟလေတြလည္း ျပည္သူေတြၾကားမွာ ပ်ံ႕ႏွံ႔ေနတယ္။

ပိုစိတ္ညစ္တာက ကိုယ့္ကို လာလာေမးၾကတာပဲ။ ကိုယ္နားလည္ သေဘာေပါက္ထားတဲ့ D-Day အေၾကာင္း ေျပာျပခ်င္ပါတယ္။ ျမန္မာျပည္ရဲ႕ သမိုင္းထဲမွာ ႐ုတ္တရက္ သတိမထားမိတဲ့ D-Day ႐ွိခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ဖက္ဆစ္ဂ်ပန္ကို ေတာ္လွန္ေၾကာင္း ေၾကညာခဲ့တဲ့ ၁၉၄၅၊ မတ္လ ၂၇ရက္ေန႔၊ ဖက္ဆစ္ေတာ္လွန္ေရးေန႔ဟာ သမိုင္းထဲက D-Day ပါပဲ။

D-Day ဟာ တစ္ရက္တည္းလို႔ မဆိုလိုပါဘူး။ ဒီေန႔ တိုက္ၿပီး မနက္ျဖန္ ဒီမိုကေရစီရေတာ့မယ္လို႔ အေတာ္မ်ားမ်ားက မသိစိတ္က ေတြးထင္ေမွ်ာ္လင့္ေနတာကိုလည္း ရင့္က်က္ဖို႔ ျပင္ဆင္ထားရပါမယ္။

D-Day မွာ တစ္ႏိုင္ငံလုံး ရရာလက္နက္ဆြဲကိုင္ ေတာ္လွန္ၾကမယ္။ တညီတညာတည္း တိုက္ပြဲဝင္ၾကမယ္ဆိုတာမ်ိဳးက ျဖစ္လာႏိုင္ပါတယ္။ ျဖစ္ဖို႔လည္း အကုန္ႀကိဳးစားေနၾကသလို ျပည္သူလူထုက တခဲနက္ ပါဝင္မယ္ဆိုတာလည္း ယုံမွားသံသယ ႐ွိစရာ မ႐ွိပါဘူး။

ဒါေပမယ့္ D-Day ဟာ တစ္ရက္တည္းနဲ႔ ေအာင္ပြဲခံႏိုင္တာမ်ိဳးလည္း ျဖစ္လာႏိုင္သလို D-Day ကစ တိုက္ပြဲဝင္ရေတာ့မွာလည္း ျဖစ္ႏိုင္ပါတယ္။ ေနာက္ဆုံးမွာ ျပည္သူကသာ ေအာင္ပြဲခံမွာပါ။

D-Day ေခၚၿပီး မနက္ျဖန္ ဒီမိုကေရစီရ၊ ျပည္သူေတြ လမ္းေပၚထြက္ကၾကဆိုတာ နည္းနည္းေတာ့ ေဘာလိဝုဒ္ ဆန္ပါတယ္။ စိတ္ကူးယဥ္လို႔ ေကာင္းေပမယ့္ အခုအခ်ိန္မွာ တကယ့္reality ကို သိျမင္ထားဖို႔ လိုအပ္လာခ်ိန္ပါ။ ဘာလို႔ လိုအပ္တာလဲဆိုေတာ့ D-Day ဟာ ေရာက္ကိုေရာက္လာမွာမို႔ပါ။ ဒါ့ေၾကာင့္ မႀကိဳက္လည္း သည္းခံဖတ္ေပးပါ။

D-Day ဟာ စစ္ပြဲကို စလိုက္တာပါ။ အဲ့အခ်ိန္မွာ ပုံမွန္အေျခအေနမ်ိဳး ေဖ့စ္ဘုတ္မွာ စိတ္ပူၾက၊ Speak Out လုပ္ၾကဖို႔ အေျခအေနလည္း ႐ွိခ်င္မွ ႐ွိမွာပါ။ မအလေတြဟာ ဆက္သြယ္ေရးကြန္ယက္ေတြကို ျဖတ္ေတာက္ထားႏိုင္သလို ျဖတ္ေလးျဖတ္ ျဖတ္မွာကိုလည္း ႀကိဳတင္ျပင္ဆင္ထားရပါမယ္။ တိုင္းရင္းသားေဒသေတြမွာ ျဖစ္ခဲ့တဲ့ စစ္ေျမျပင္ဟာ ၿမိဳ႕ေတြေပၚကို ေရာက္လာႏိုင္ပါတယ္။

အခုအခ်ိန္ကစၿပီး စိတ္ပိုင္းဆိုင္ရာ ႀကိဳတင္ျပင္ဆင္ၾကရပါမယ္။ စစ္ဆိုတာကို စိတ္ထဲက ႏွစ္ႏွစ္ကာကာ လက္ခံရပါမယ္။ ႏွစ္ဖက္တိုက္ပြဲျဖစ္တဲ့အတြက္ အက်အဆုံးေတြမွာ ကိုယ့္ဘက္က လူေတြလည္း ပါႏိုင္သလို ကိုယ္ခ်စ္ခင္ရသူေတြလည္း ပါသြားႏိုင္ပါတယ္။

အထိအခိုက္အနည္းဆုံး D-Day ျဖစ္ဖို႔ ေခါင္းေဆာင္ေတြ ႀကိဳးပမ္းေနၾကတယ္လို႔ သတင္းေပးပါရေစ။ ဒါေပမယ့္ အဆိုးဆုံးထိ စိတ္ကို ႀကိဳတင္ျပင္ဆင္ထားရပါမယ္။ စိတ္ပိုင္းဆိုင္ရာ ရင့္က်က္ၿပီး တည္တည္ၿငိမ္ၿငိမ္ျဖတ္သန္းႏိုင္ဖို႔က ဒီတိုက္ပြဲမွာ အမ်ားႀကီး အေရးႀကီးပါတယ္။

စစ္ျဖစ္ေတာ့မယ္လို႔ ခံယူထားပါ။ ေနရာအေနအထားအလိုက္ ကိုယ္ဘယ္က ပါဝင္မလဲ ႀကိဳေတြးထားပါ။ စစ္ျဖစ္ရင္ ဘယ္လိုရင္ဆိုင္မယ္၊ ဘာေတြ ျပင္ဆင္မယ္ဆိုတာ ႀကိဳစီစဥ္ထားပါ။ အေရးေပၚကုသနည္းေတြ ေလ့လာပါ။ လိုအပ္မယ့္ေဆးဝါးေတြ တစ္ႏိုင္စာ ႀကိဳတင္ျပင္ဆင္ပါ။ မီးမလာ ေရမလာရင္ေတာင္ ဗိုက္ဝေအာင္ စားလို႔ရမယ့္ ရိကၡာ စုေဆာင္းပါ။ ေနရာစြန္႔ခြါရမယ္ဆို လိုအပ္တဲ့ အေရးႀကီးပစၥည္းအိတ္ တစ္ႏိုင္စာ ျပင္ဆင္ပါ။ သတင္းအခ်က္အလက္ေတြရဖို႔ ေရဒီယို ေဆာင္ထားပါ။

D-Day ဆိုတာမ်ိဳးက ဘယ္ေန႔ေဟ့လို႔ ႀကိဳသတင္းထြက္ေလ့ မ႐ွိပါဘူး။ ကိုယ္လည္း မသိပါဘူး။ ဒါေပမယ့္ လာမယ္ ၾကာမယ္ မဟုတ္ဘူး။လာကို လာမယ္။ အရမ္းႀကီး မၾကာေလာက္ဘူး။ ဒီ့ထက္လည္း ကိုယ္မသိဘူး။ သိလည္း မေျပာဘူး။D-Day ဟာ ဘယ္ေန႔ျဖစ္ျဖစ္ ေရာက္လာခ်ိန္ အဆင္သင့္ဆိုတဲ့စိတ္နဲ႔ ႀကိဳတင္ျပင္ဆင္ၾကဖို႔ပါပဲ။ဟုေရးသားခဲ့ပါသည္။

unicode

D-Day နဲ့ ပတ်သက်တာတွေ ရေးဖို့ ကိုယ်ရှောင်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ဒီစကားကို ခဏခဏ ရေးနေ၊ သုံးနေရင် တန်ဖိုးကျမှာ စိုးလို့ရယ်၊ D-Day ဆိုတဲ့ အသံကြားရင် ခွေးဝဲစား အက်ဆစ်ထိသလို ထွန့်ထွန့်လူးပြီး ပြည်သူကို နှိပ်စက်ကလူပြုတဲ့ အောက်တန်းစားတွေကြောင့် ဒီစကားလုံးကို တော်ရုံထည့်ရေးလေ့မရှိဘူး။

အခုနောက်ပိုင်း ပြည်သူတွေဟာ D-Day ကို အရမ်းစိတ်ဝင်စားမှု မြင့်တက်လာသလို စစ်အာဏာရူးတွေကို ဖြုတ်ချနိုင်ဖို့ D-Day ကို အမျှော်လင့်ကြီး မျှော်လင့်လာကြတယ်။ အဲ့လိုပဲ ဟိုနေ့က D-Day, ဒီနေ့က D-Day ဆိုတဲ့ ကောလာဟလတွေလည်း ပြည်သူတွေကြားမှာ ပျံ့နှံ့နေတယ်။

ပိုစိတ်ညစ်တာက ကိုယ့်ကို လာလာမေးကြတာပဲ။ ကိုယ်နားလည် သဘောပေါက်ထားတဲ့ D-Day အကြောင်း ပြောပြချင်ပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းထဲမှာ ရုတ်တရက် သတိမထားမိတဲ့ D-Day ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်ကို တော်လှန်ကြောင်း ကြေညာခဲ့တဲ့ ၁၉၄၅၊ မတ်လ ၂၇ရက်နေ့၊ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ သမိုင်းထဲက D-Day ပါပဲ။

D-Day ဟာ တစ်ရက်တည်းလို့ မဆိုလိုပါဘူး။ ဒီနေ့ တိုက်ပြီး မနက်ဖြန် ဒီမိုကရေစီရတော့မယ်လို့ အတော်များများက မသိစိတ်က တွေးထင်မျှော်လင့်နေတာကိုလည်း ရင့်ကျက်ဖို့ ပြင်ဆင်ထားရပါမယ်။

D-Day မှာ တစ်နိုင်ငံလုံး ရရာလက်နက်ဆွဲကိုင် တော်လှန်ကြမယ်။ တညီတညာတည်း တိုက်ပွဲဝင်ကြမယ်ဆိုတာမျိုးက ဖြစ်လာနိုင်ပါတယ်။ ဖြစ်ဖို့လည်း အကုန်ကြိုးစားနေကြသလို ပြည်သူလူထုက တခဲနက် ပါဝင်မယ်ဆိုတာလည်း ယုံမှားသံသယ ရှိစရာ မရှိပါဘူး။

ဒါပေမယ့် D-Day ဟာ တစ်ရက်တည်းနဲ့ အောင်ပွဲခံနိုင်တာမျိုးလည်း ဖြစ်လာနိုင်သလို D-Day ကစ တိုက်ပွဲဝင်ရတော့မှာလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံးမှာ ပြည်သူကသာ အောင်ပွဲခံမှာပါ။

D-Day ခေါ်ပြီး မနက်ဖြန် ဒီမိုကရေစီရ၊ ပြည်သူတွေ လမ်းပေါ်ထွက်ကကြဆိုတာ နည်းနည်းတော့ ဘောလိဝုဒ် ဆန်ပါတယ်။ စိတ်ကူးယဉ်လို့ ကောင်းပေမယ့် အခုအချိန်မှာ တကယ့်reality ကို သိမြင်ထားဖို့ လိုအပ်လာချိန်ပါ။ ဘာလို့ လိုအပ်တာလဲဆိုတော့ D-Day ဟာ ရောက်ကိုရောက်လာမှာမို့ပါ။ ဒါ့ကြောင့် မကြိုက်လည်း သည်းခံဖတ်ပေးပါ။

D-Day ဟာ စစ်ပွဲကို စလိုက်တာပါ။ အဲ့အချိန်မှာ ပုံမှန်အခြေအနေမျိုး ဖေ့စ်ဘုတ်မှာ စိတ်ပူကြ၊ Speak Out လုပ်ကြဖို့ အခြေအနေလည်း ရှိချင်မှ ရှိမှာပါ။ မအလတွေဟာ ဆက်သွယ်ရေးကွန်ယက်တွေကို ဖြတ်တောက်ထားနိုင်သလို ဖြတ်လေးဖြတ် ဖြတ်မှာကိုလည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ခဲ့တဲ့ စစ်မြေပြင်ဟာ မြို့တွေပေါ်ကို ရောက်လာနိုင်ပါတယ်။

အခုအချိန်ကစပြီး စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ကြရပါမယ်။ စစ်ဆိုတာကို စိတ်ထဲက နှစ်နှစ်ကာကာ လက်ခံရပါမယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့အတွက် အကျအဆုံးတွေမှာ ကိုယ့်ဘက်က လူတွေလည်း ပါနိုင်သလို ကိုယ်ချစ်ခင်ရသူတွေလည်း ပါသွားနိုင်ပါတယ်။

အထိအခိုက်အနည်းဆုံး D-Day ဖြစ်ဖို့ ခေါင်းဆောင်တွေ ကြိုးပမ်းနေကြတယ်လို့ သတင်းပေးပါရစေ။ ဒါပေမယ့် အဆိုးဆုံးထိ စိတ်ကို ကြိုတင်ပြင်ဆင်ထားရပါမယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ပြီး တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ဖို့က ဒီတိုက်ပွဲမှာ အများကြီး အရေးကြီးပါတယ်။

စစ်ဖြစ်တော့မယ်လို့ ခံယူထားပါ။ နေရာအနေအထားအလိုက် ကိုယ်ဘယ်က ပါဝင်မလဲ ကြိုတွေးထားပါ။ စစ်ဖြစ်ရင် ဘယ်လိုရင်ဆိုင်မယ်၊ ဘာတွေ ပြင်ဆင်မယ်ဆိုတာ ကြိုစီစဉ်ထားပါ။ အရေးပေါ်ကုသနည်းတွေ လေ့လာပါ။ လိုအပ်မယ့်ဆေးဝါးတွေ တစ်နိုင်စာ ကြိုတင်ပြင်ဆင်ပါ။ မီးမလာ ရေမလာရင်တောင် ဗိုက်ဝအောင် စားလို့ရမယ့် ရိက္ခာ စုဆောင်းပါ။ နေရာစွန့်ခွါရမယ်ဆို လိုအပ်တဲ့ အရေးကြီးပစ္စည်းအိတ် တစ်နိုင်စာ ပြင်ဆင်ပါ။ သတင်းအချက်အလက်တွေရဖို့ ရေဒီယို ဆောင်ထားပါ။

D-Day ဆိုတာမျိုးက ဘယ်နေ့ဟေ့လို့ ကြိုသတင်းထွက်လေ့ မရှိပါဘူး။ ကိုယ်လည်း မသိပါဘူး။ ဒါပေမယ့် လာမယ် ကြာမယ် မဟုတ်ဘူး။လာကို လာမယ်။ အရမ်းကြီး မကြာလောက်ဘူး။ ဒီ့ထက်လည်း ကိုယ်မသိဘူး။ သိလည်း မပြောဘူး။D-Day ဟာ ဘယ်နေ့ဖြစ်ဖြစ် ရောက်လာချိန် အဆင်သင့်ဆိုတဲ့စိတ်နဲ့ ကြိုတင်ပြင်ဆင်ကြဖို့ပါပဲ။ဟုရေးသားခဲ့ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *