NUG Radio စမ်းသပ် ထုတ်လွှင့်မှု ခေတ္တ ရပ်ဆိုင်း လိုက် ရခြင်း ရဲ့ နောက်ကွယ်

Radio NUG စမ်းသပ်ထုတ်လွှင့်မှု အစီအစဉ်ကို ခဏရပ်နားထားမှာဖြစ်ပြီး မကြာခင် ရက်အနည်းငယ်အတွင်း စမ်းသပ်ထုတ်လွှင့်မှုတွေ ပြန်လုပ်သွားမယ်လို့ NUG အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Radio NUG လို့အမည်ပေးထားတဲ့ လှိုင်းတို ရေဒီယိုအစီအစဉ်သစ်တစ်ခုကို ဩဂုတ် ၂၀ ရက် မနက် ၈ နာရီမှာ တစ်ကြိမ် ည ၈ နာရီမှာ တစ်ကြိမ် အောင်မြင်စွာစမ်းသပ်ထုတ်လွှင့်ပြီးနောက် ခဏရပ်နားထားလိုက်တာပါ။ အခက်အခဲ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အတားအဆီးတွေကြားထဲက တင်ဆက်ကြရတာဖြစ်သလို ရေဒီယို အစီအစဉ်ကို ဖမ်းယူနားဆင်ကြတဲ့ ပြည်သူတွေရဲ့ အားပေးမှုနဲ့ ထိုက်တန်အောင် ပေးဆပ်ဖို့ ဆက်ကြိုးစားထားပေမဲ့ ဖမ်းယူနားဆင်ရာမှာ အဆင်မပြေချို့ယွင်းမှုတွေ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ထားပြီး

ဒီထက်ပိုကောင်းအောင် ဆက်လက်ကြိုးစား နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်စေဖို့နဲ့ NUG အစိုးရရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ပြည်သူသို့ အသိပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး Radio NUG

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ကို ထုတ်လွှင့်တာလို့ ဆိုပါတယ်။ Radio NUG လှိုင်းတိုရေဒီယို အစီအစဉ်သစ် ထုတ်လွှင့်ဖို့သတင်းထွက်လာပြီးနောက် မြန်မာပြည်တွင်းမှာ ရေဒီယိုဝယ်ယူသူများလာတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေထံကနေ သိရပါတယ်။ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကတော့

Radio NUG ရေဒီယိုလိုင်းဟာ တရားဝင်ထုတ်လွှင့်ခွင့်ပြုထားတဲ့ ရေဒီယိုမဟုတ်ကြောင်းနဲ့ ခွင့်ပြုချက်မရရှိဘဲ မည်သူမဆို လုပ်ငန်းဆောင်ရွက်တာနဲ့ ထောက်ပံ့ကူညီတာတွေ ပြုလုပ်ပါက တည်ဆဲတရားဥပဒေနဲ့ အညီ အရေးယူခံရမယ်လို့သတိပေးကြေညာထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *