ဖခင်အတွက် နောင် တ တစ်ချို့နဲ့ ကြေကွဲစာ ဆိုပြီး ဝမ်းနည်းစွာရေးသာလာတဲ့ ချစ်သုဝေ
|ချစ်သုဝေကတော့ ငယ်ငယ်လေးကတည်းက အဆိုတော်လုပ်ရင်း မြန်မာဇာတ်လမ်းတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ခံခဲ့ရသူလေးဖြစ်ပါတယ်။ ချစ်သုဝေကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အဆိုတော်
လင်းလင်းနဲ့ အိမ်ထောင်ကျပြီးလို့ ခေတ်ခေတ်နဲ့ သစ်သစ် လို့ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သာယာပျော်ရွင်တဲ့ မိသားစုဘဝလေးမှာ ကိုယ်ပိုင်စီးပွားရေးအပြင် ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ခွဲစိပ်ဖို့လိုအပ်တဲ့ ကလေးတွေကိုလည်း ကုသိုလ်ယူရင်း
ရောဂါကုသပေးနေတာဖြစ်ပါတယ်။ချစ်သုဝေဟာ လက်ရှိမှာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ သူမရဲ့ လုံခြုံရေးကြောင့် အွန်လိုင်းအသုံးပြုခြင်းမရှိဘဲ လူမှုကွန်ယက်ပေါ်ကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။
ရှောင်တိမ်းနေရချိန်ကာလအတွင်း ဖခင်ကို ဆုံးရှုံးလိုက်ရတာဟာ ချစ်သုဝေအတွက်တော့ အကြီးမားဆုံး နာကျင်မှုတစ်ခုပဲ ဖြစ်ပါတယ်နော်..လွန်ခဲ့တဲ့ လပိုင်းလောက်က ချစ်သုဝေရဲ့ ခင်ပွန်း အဆိုတော် လင်းလင်းရဲ့ ဖခင်လည်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားတဲ့ မိဘတွေ
ကွယ်လွန်ချိန်မှာတောင် အနားမှာ ရှိနေခွင့်မရတာဟာ သူတို့အတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ဒီနေ့မနက်မှာတော့ချစ်သုဝေက ဖခင်နဲ့ပက်သက်လို့ ” Daddy..ရင်ကွဲနာဟာအတော်ဆိုးဆိုးပါပဲ dae…
သားသမီးတာဝန်အလုံးစုံမကျေနိုင်သလိုခံစားမိတဲ့နောင်တ တချို့လည်းပါတယ်..ယူကြုံးမရ
ဖြစ်မှုတွေလည်းပါတယ်…Daeအရမ်းအားကိုးတဲ့ မီးငယ်ပေါက် dae ကို မကယ်နိုင်ခဲ့ဘူး..နောက်ဆုံးခရီးလည်းမပို့နိုင်ခဲ့ဘူး…ရက်လည် ဆွမ်းသ င်္ကန်း ကိုယ်တိုင်ကိုယ်ကျ dae အတွက် မကပ်နိုင်ခဲ့ပြန်ပါဘူး…သူတပါးအတွက်တောင်အရာရာ ကိုယ်တိုင်လုပ်ပေးရမှစိတ်ကျေနပ်တတ်တာ…ခုတော့…daeအလှ
ည့်မှ… Daeအတွက်ရည်စူးပြီး ကုသိုလ်ပြုသမျှအတွက် dae မြင့်မြတ်ရာဘုံဘဝက သာဓုခေါ်ပါနော်🙏🙏🙏🙏🙏Dae ကို ချစ်လို့ ရည်စူးကုသိုလ်ပြုပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းအားလုံးကိုလည်းကျေးဇူးပါနော်🙏 “ ဆိုပြီးရေးခဲ့ပါတယ်”
ချစ်သုဝေရဲ့ ဖခင်လည်းကောင်းရာမွန်ရာဘုံဘဝမှာအေးချမ်းစွာ အနားယူနိုင်ပါစေလို့ မြန်မာဆယ်လီရပ်ကွက် ပရိတ်ကြီးနဲ့အတူ ဆုတောင်းလိုက်ပါတယ်နော်…
Source – Chit Thu Wai