လှူမှုကွန်ယက်မှာ သတင်းထွက်နေ တဲ့ စပွန်ဆာ ကိစ္စနဲ့ ပက်သက်ဒဲ့ပြောလိုက် တဲ့ ထားထက်ထက်
|ပရိတ်သတ်ကြီးရေ …မော်ဒယ်သရုပ်ဆောင်မင်းသမီး ချောလေး ထားထက်ထက် ဟာဆိုရင် မော်ဒယ်လောက မှတစ်ဆင့် သရုပ်ဆောင်ဘက်သို့ကူးပြောင်းလာခဲ့ပြီး သူ့ရဲ့ချစ်စရာဟန်ပန် အမူအယာလေး တွေကြောင့်ပရိတ်သတ်ရဲ့ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်မင်းသမီချောလေးတစ်
ယောက်ပဲဖြစ်ပါတယ်နော်။ ဖေဖော်ဝါရီလကတည်းကစတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း တစ်ဖက်မှ အင်အားသုံး ချေမှုန်းခဲ့တာ ဖြစ်တဲ့အတွက် အပြစ်မဲ့တဲ့ လူပေါင်းများစွာ ကျဆုံးခဲ့ရလို့ ဝမ်းနည်းရပြီး နောက်ဆုံးမှာတော့ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေသို့ သွားရောက်ဖို့ အခုလို
ဆုံးဖြတ်ချက် ချခဲ့တာ ဖစ်ပြီး အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် ဧပြီလကတည်းက တောထဲတွင် စစ်ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းလေးကမှ ဖခင်တစ်ယောက်လုံးကို ဆုံးရှုံးထားရတာဖြစ်ပြီး ခိုင်မာတဲ့စိတ်ဓါတ်တွေနဲ့ဆက်လျှောက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ထားထက်ထက်
က “ရည်းစားနဲ့ ပြတ်တာ လူသိရှင်ကြားရှင်းရမယ့် ကိစ္စလို့ကို မထင်ပါဘူး…Sponsor ဆိုတဲ့ စကားလုံးအတွက် ဒီစာစုကို လိပ်ပြာသန့်သန့် နဲ့ ရေးလိုက်ပါတယ်…၁၊ ကျွန်မတို့ အချင်းချင်း ချစ်ခြင်းမေတ္တာနဲ့ ၄ နှစ် ကြာ ရည်းစား ဖြစ်ခဲ့ပါတယ်…၂၊ ငွေကြေး ၊ တိုက်ခန်း ၊ ကား ၊ လက်ဝတ်ရတနာ စတဲ့ တန်ဖိုးကြီး
လက်ဆောင်ပစ္စည်း တခုမှ မယူခဲ့ဖူးပါ…၃၊ နှစ်ဖက် သဘောထား မတိုက်ဆိုင်တဲ့ အတွက် ၂၀၁၉ မှာ ကျွန်မဖက်ကနေပဲ စတင်ခွင့်တောင်းခဲ့ပြီး အေးအေးဆေးဆေး လမ်းခွဲခဲ့ပါတယ်…၄၊ ဒီလိုခေတ်ကြီးမှာ မိန်းမ တယောက်ကို ထိုးနှက်တိုက်ခိုက်ဖို့ အခြားနည်း မစဉ်းစားတတ်ကြတာ အံ့ဩပါတယ်…၅၊
အခုလို တိုက်ခိုက်ခြင်း အပေါ် ကျွန်မ မဟုတ်တာ မလုပ်ထားတဲ့ အတွက် ကျွန်မ ရဲ့ လိပ်ပြာ သည် သန့်လျက် ၊ ကြည်လျက် ၊ လင်းလျက်…ထားထက်ထက်30 August 2021 ” ဆိုပြီးရေးသားလာခဲ့ပါတယ်.. မြန်မာဆယ်လီရပ်ကွက် ပရိသတ်ကြီးလည်းထားထက်ထက်ရဲ့ ဖြူစင်တဲ့ စိတ်ထားလေးကို အားပေးစကားပြောပေးသွားကြပါအုံးနော်.
Source: Htar Htet Htet