အဝါရောင် ဂါဝန် လွင့်လွင့်လေး နဲ့ အခါခါ ပြန်ကြည့်ချင်ရလောက်အောင် ညို့အား ပြင်းပြင်းလှနေ တဲ့ နန်းဆုရတီစိုး





unicode

ချစ်ပရိသတ်ကြီးရေ အပြုံးချိုချိုလေးတွေရယ်နဲ့ ပရိသတ်တွေ ကို အမြဲ အချစ်ပိုစေသူလေး နန်းဆုရတီစိုး ကိုတော့ အထူးတလည်မိတ်ဆက်စရာမလိုဘူးထင်ပါတယ်နော်။ဖြူဝင်းဥတဲ့ အသားရည်လေးရယ် သွယ်လျကျစ်လစ်ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်း အားကျနှစ်သက် ချစ်ခင်နေရသူလေးဆိုလည်းမမှားပါဘူးနော်။

နန်းဆုကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး သီချင်း အသစ်လေးတွေလည်း ထွက်ရှိထားတာဖြစ်ပါတယ်။နန်းဆုရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း သူမကိုချစ်ကြတဲ့ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံကြတာလည်းတွေ့မြင်ရပါတယ်။နန်းဆုရဲ့ သီချင်းဟောင်းလေးတွေနဲ့ သီချင်းသစ်တွေဟာဆိုရင် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတာလည်းဖြစ်ပါတယ်။

သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ ရှိတာတွေ့ရပြီး လတ်တလော မှာလည်း အဝါရောင်ဂါဝန်လွင့်လွင့်လေးနဲ့ အခါခါပြန်ကြည့်ချင်ရလောက်အောင် ချစ်စရာကောင်းလွန်းနေတဲ့ အမိုက်စားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ် ။ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိပြီးလှရက်လွန်းနေတာကြောင့် မျှဝေပေးလိုက်ပါတယ် ။

Source & Photo Credit : Nansu Yati Soe Facebook Page

Add a Comment

Your email address will not be published.