ႏုႏု႐ြ႐ြေလးနဲ႔ ေအးေဆးေနလို႔ရရဲ႕သားနဲ႔ အခုလို ပင္ပန္းဒုကၡေတြခံၿပီး တိုက္ပြဲဝင္ေနရ တဲ့ အေၾကာင္း အရင္းကို ေျပာျပလိုက္ တဲ့ အမ်ိဳးသမီးငယ္တစ္ဦး

ျမန္မာလူငယ္ေလးေတြကေတာ့ စစ္အာဏာ႐ွင္ကို တိုက္ထုတ္ဖို႔အတြက္ အခက္အခဲေတြမ်ားစြာကို ေက်ာ္ျဖတ္ၿပီး စစ္ေရးေလ့က်င့္ေနၾကပါတယ္။ မိန္းကေလးတစ္ေယာက္ျဖစ္တာမို႔ ႏုႏု႐ြ႐ြေလးေနခ်င္ေပမယ့္ တိုင္းျပည္အတြက္ ပင္ပန္းဆင္းရဲခံၿပီး ေတာေတာင္ေတြထဲမွာ စစ္ပညာသင္ၾကားေနတဲ့ အမ်ိဳးသမီးငယ္ေလးေတြလည္း ႐ွိၾကပါတယ္။

ယခုမွာေတာ့ ေတာေတာင္ထဲမွာ စစ္ေရးေလ့က်င့္ေနတဲ့ အမ်ိဳးသမီးငယ္ေလးတစ္ဦးက အာဏာမသိမ္းခင္တုန္းက ႐ိုက္ကူးထားတဲ့ ပုံရိပ္ေလးနဲ႔ အာဏာသိမ္းမႈအၿပီး ရရာလက္နက္စြဲကိုင္ကာ တိုက္ပြဲဝင္ေနတဲ့ ပုံရိပ္ေလးေတြကို ယွဥ္တြဲၿပီး ခ်ျပလာခဲ့ပါတယ္။

အဆိုပါပုံရိပ္ေလးေတြကို ခ်ျပရင္း အရင္က လက္ေသးေသး၊သြယ္သြယ္ေလးနဲ႔ အရမ္းလွခဲ့ေပမယ့္ ယခုခ်ိန္မွာေတာ့ ပင္ပန္းဆင္းရဲခံၿပီး စစ္ေရးေလ့က်င့္ေနရတာေၾကာင့္ အနာေတြေပါက္၊အသားေတြမဲၿပီး အရင္ကနဲ႔ တစ္ျခားစီ ျဖစ္သြားေၾကာင္း အဆိုပါအမ်ိဳးသမီးငယ္ေလးက ေျပာျပလာခဲ့ပါတယ္။

အရင္ကလို ႏုႏု႐ြ႐ြေလးနဲ႔ ေအးေအးေဆး ေဆးေနလို႔ရရဲ႕သားနဲ႔ ယခုလိုပင္ပန္းဒုကၡခံၿပီး အာဏာ႐ွင္ကို ေတာ္လွန္ေနရတဲ့ အေၾကာင္းအရင္းကို အဆိုပါအမ်ိဳးသမီးငယ္ေလးက ဖြင့္ဟေျပာျပလာခဲ့ပါတယ္။

အဆိုပါအမ်ိဳးသမီးငယ္ေလးက (၁)အခ်က္..ဒီမိုကေရစီလိုခ်င္လို႔ျဖစ္ေၾကာင္း၊(၂) အခ်က္..အျပစ္မဲ့လူသတ္အစိုးရကို လက္မခံလို႔တိုက္ပြဲဝင္ေနရတာျဖစ္ေၾကာင္း၊ (၃)အခ်က္..သူမ်ားမိသားစုေတြ ေသကြဲ႐ွင္ကြဲအျဖစ္ေတြကို မိန္းမသားတစ္ေယာက္အေနနဲ႔ မၾကည့္ရက္ေတာ့ဘဲ ျမန္မာႏိုင္ငံႀကီးကို သူမ်ားႏိုင္ငံေတြထက္ကို ပိုၿပီးသာေစခ်င္တာေၾကာင့္ အပင္ပန္းခံၿပီး တိုက္ပြဲဝင္ေနရတာျဖစ္ေၾကာင္း ေရးသားေျပာဆိုထားပါတယ္။

ေလးစားခံခ်င္လို႔၊အသိအမွတ္ျပဳတာလိုခ်င္လို႔ ဒီစာကို ေရးသားခဲ့တာမဟုတ္ဘဲ ခံယူခ်က္ ဘယ္ေလာက္ျပင္းျပလဲဆိုတာသိေစခ်င္လို႔၊ ေတာထဲေရာက္ေနတဲ့ လူငယ္ေတြရဲ႕ ဆႏၵေတြကိုအေလးထားေပးေစခ်င္လို႔ ေရးသားခဲ့တာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

Source : Myanmarload

unicode

မြန်မာလူငယ်လေးတွေကတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် အခက်အခဲတွေများစွာကို ကျော်ဖြတ်ပြီး စစ်ရေးလေ့ကျင့်နေကြပါတယ်။ မိန်းကလေးတစ်ယောက်ဖြစ်တာမို့ နုနုရွရွလေးနေချင်ပေမယ့် တိုင်းပြည်အတွက် ပင်ပန်းဆင်းရဲခံပြီး တောတောင်တွေထဲမှာ စစ်ပညာသင်ကြားနေတဲ့ အမျိုးသမီးငယ်လေးတွေလည်း ရှိကြပါတယ်။

ယခုမှာတော့ တောတောင်ထဲမှာ စစ်ရေးလေ့ကျင့်နေတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက အာဏာမသိမ်းခင်တုန်းက ရိုက်ကူးထားတဲ့ ပုံရိပ်လေးနဲ့ အာဏာသိမ်းမှုအပြီး ရရာလက်နက်စွဲကိုင်ကာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ်လေးတွေကို ယှဉ်တွဲပြီး ချပြလာခဲ့ပါတယ်။

အဆိုပါပုံရိပ်လေးတွေကို ချပြရင်း အရင်က လက်သေးသေး၊သွယ်သွယ်လေးနဲ့ အရမ်းလှခဲ့ပေမယ့် ယခုချိန်မှာတော့ ပင်ပန်းဆင်းရဲခံပြီး စစ်ရေးလေ့ကျင့်နေရတာကြောင့် အနာတွေပေါက်၊အသားတွေမဲပြီး အရင်ကနဲ့ တစ်ခြားစီ ဖြစ်သွားကြောင်း အဆိုပါအမျိုးသမီးငယ်လေးက ပြောပြလာခဲ့ပါတယ်။

အရင်ကလို နုနုရွရွလေးနဲ့ အေးအေးဆေး ဆေးနေလို့ရရဲ့သားနဲ့ ယခုလိုပင်ပန်းဒုက္ခခံပြီး အာဏာရှင်ကို တော်လှန်နေရတဲ့ အကြောင်းအရင်းကို အဆိုပါအမျိုးသမီးငယ်လေးက ဖွင့်ဟပြောပြလာခဲ့ပါတယ်။

အဆိုပါအမျိုးသမီးငယ်လေးက (၁)အချက်..ဒီမိုကရေစီလိုချင်လို့ဖြစ်ကြောင်း၊(၂) အချက်..အပြစ်မဲ့လူသတ်အစိုးရကို လက်မခံလို့တိုက်ပွဲဝင်နေရတာဖြစ်ကြောင်း၊ (၃)အချက်..သူများမိသားစုတွေ သေကွဲရှင်ကွဲအဖြစ်တွေကို မိန်းမသားတစ်ယောက်အနေနဲ့ မကြည့်ရက်တော့ဘဲ မြန်မာနိုင်ငံကြီးကို သူများနိုင်ငံတွေထက်ကို ပိုပြီးသာစေချင်တာကြောင့် အပင်ပန်းခံပြီး တိုက်ပွဲဝင်နေရတာဖြစ်ကြောင်း ရေးသားပြောဆိုထားပါတယ်။

လေးစားခံချင်လို့၊အသိအမှတ်ပြုတာလိုချင်လို့ ဒီစာကို ရေးသားခဲ့တာမဟုတ်ဘဲ ခံယူချက် ဘယ်လောက်ပြင်းပြလဲဆိုတာသိစေချင်လို့၊ တောထဲရောက်နေတဲ့ လူငယ်တွေရဲ့ ဆန္ဒတွေကိုအလေးထားပေးစေချင်လို့ ရေးသားခဲ့တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Source : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *