ကန်စွန်းရွက် ၏ အလှ အပ ဆိုင် ရာ လျှို့ဝှက်ချက်

ကန်စွန်းရွက်ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အထောက်အကူဖြစ်စေရုံသာမက၊ အသားအရည်ကို ကောင်းမွန်သန့်ရှင်း စေလို့ ပျိုပျိုမေတို့ အတွက်အကောင်းဆုံးအဖော် မွန်ပါဘဲ။

(က) ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဝက်ခြံပုန်း၊ တင်းတိပ်၊ အမည်းစက် များနှင့် မျက်နှာအသားအရေ အရောင်မညီခြင်းများအတွက် စိတ်မပျက်ပါနှင့်။ ကန်စွန်းရွက်ကိုကြိတ်ချေပြီး၊ ထိုသတ္တုရည် တစ်မျိုး တည်းကိုသာ စိတ်ချလက်ချလိမ်းပေးခြင်းဖြင့် သက်သာလာစေနိုင်ပါတယ်။


(ခ) ပျားရည်စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် ကန်စွန်းရွက် သတ္တုရည် စားပွဲတင်ဇွန်း ၄-ဇွန်းကို သမေ အာင်ရောမွှေကာ ခြေလက်များကို လိုးရှင်းအဖြစ် နံက် နှင့် ည ပုံမှန်လိမ်းပေးခြင်းဖြင့် အသား အရေ ဝင်းလက်စိုပြေ တောက်ပလာစေနိုင်ပါတယ်။

(ဂ) ကန်စွန်းရွက် ကို အရည်ညှစ်၍ ခေါင်းဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းကာအရှည်မြန်စေပါတယ်။ ဒါ့ပြင်ဦးရေပြားကိုအေးမြစေ လို့၊ ဗောက်များ ပျောက်ကင်းစင်စေပါတယ်။

(ဃ) မီးဟပ်ခြင်း နှင့်မီးလောင်ဒဏ်ရာများအတွက် ကန်စွန်းရွက်သတ္တုရည်ကို သကြားနဲ့ရောစပ် လိမ်းပေးခြင်းဖြင့် အပူ လောင်ခြင်းကို သက်သာစေကာ၊ အမာရွတ်မကျန် ပျောက်ကင်းစေနိုင်ပါတယ်။

မှတ်ချက်။

(က) များသောအားဖြင့် ကန်စွန်းပင်များကို စိုက်ခင်းထဲတွင် သဘာဝရေမှော် ကဲ့ သို့စိုက်ပျိုးထားလေ့ရှိတာမို့၊ ကပ်ပါး ပိုးများပါလာတတ်၍ အသုံးမပြုမီ ရေများများဖြင့် စင်စငေ် ဆးကြောသင့်ပါတယ်။

(ခ) ညှိးပျော့၍အဝါရောင်သန်းနေသော ကန်စွန်းရွက်များသည် မလတ် ဆတ်ဘဲ ကျန်းမာရေးအာနိသင်လဲ ပျက်ပြယ်စေလို့ အရွေးမမှားဖို့လိုပါတယ်။

ခေတ်မီတိုးတက်လျှက်ရှိသော ယနေ့ကမ္ဘာတွင် ကျန်းမာရေးအမြင်ရှိသူတိုင်းက၊ သစ်သီးဝလံနှ င့် ဟင်းသီးဟင်းရွက်များသည်၊ ကျန်းမာရေးအထောက်အကူပြု အာဟာရအစားအစာများအဖြစ်၊ အရေးပါပုံကိုသိမြင်လက်ခံလာကြပြီဖြစ်၏။

ထို့ကြောင့် မိမိတို့ ပတ်ဝန်းကျင်တွင် ရာသီမရွေးရ ရှိနိုင်ကာ၊ ငွေကုန်သက်သာလွယ်ကူစွာချက်ပြုတ်နိုင်ပြီး၊ ခံတွင်းလဲမြိန်၊ ကျန်းမာရေးကိုလဲ များ စွာ အထောက်အကူပြုစေသည့် ” ဆေးစွမ်းထက်မြက် ကန်စွန်းရွက် ” ကို မီးဖိုချောင်သုံးဆေးဝါး အဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းပေးလိုက်ရပါသည်။

ခရစ်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *