မွေးနေ့ရက်မြတ်လေးကို နေအိမ် မှာ ပဲ သီလယူကောင်းမှုတွေပြုလုပ်ပြီး ဖြတ်သန်းနေ တဲ့ နီနီခင်ဇော်
|ပရိသတ်ကြီးရေ ဒီနေ့ သြဂုတ်လ (၃၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် နီနီခင်ဇ်ာရဲ့ အသက် (၃၀) ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးပါ။ ဒီနေ့ရဲ့ မွေးနေ့ရှင်ဖြစ်တဲ့ နီနီခင်ဇော်ကတော့ ဒီနေ့မွေးနေ့ရက်မြတ်လေးကို နေအိမ်မှာပဲ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ဖြတ်သန်းနေကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့ပါတယ်။
“ယနေ့မွေးနေ့အဖြစ် ဥပုသ် သီလ ယူဖြစ်ပါတယ်။ မသေခင်စပ်ကြား ရှင်သန်ရဦးမယ့်နေ့ရက်တွေကိုအကောင်းမြင်တတ်ခြင်းနဲ့ ဖြတ်သန်းတတ်ဖို့လေ့ကျင့်သင်ကြားနေတုန်းပါ။ ယနေ့အထိ သွန်သင်ပေးတဲ့ မိဘဆရာ မိတ်ဆွေကောင်းတွေရဲ့ကျေးဇူ။း အထူးသဖြင့် မေမေ့ကျေးဇူး။ စိတ်ချမ်းသာအောင်ထားပေးတဲ့ Ninians တွေ ပရိသတ်တွေရဲ့ကျေးဇူးပါ။ အားလုံးအတွက် စစ်မှန်သော အမှန်တရား ကြီးစိုးရပါစေ။ ကျန်းမာလို့ အမြန်ဆုံးစိတ်ချမ်းသာရပါစေသား။ “ဆိုပြီး ဖော်ပြထားခဲ့တာပါ။
အခုလို သူ့ရဲ့အသက်(၃၀) ပြည့်မွေးနေ့လေးမှာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ ချစ်ရတဲ့သူတွေရဲ့ မေတ္တာဓာတ်တွေကြောင့်လည်း မေတ္တာတွေရရှိပြီး ချမ်းမြေ့ရပါတယ်တဲ့။ CeleZone ပရိသတ်ကြီးတွေထဲက နီနီရဲ့ ပရိသတ်တွေလည်း နီနီမွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။
Source – Ni Ni Khin Zaw