လေပေါ်ပျံအောင်မမောင်းတတ်လို့ ​အောက်မှာပဲ ပါတ်မောင်းနေတဲ့ တာလီဘန်တွေ ရုပ်သံ

အမေရိကန်ဘလက်ဟော့ခ် ရဟတ်ယာဉ်အား လေပေါ်ပျံအောင်မမောင်းတတ်သေး၍ တာလီဘန်များ မြေပြင်မှာပဲ အပျော်စီးနင်း

အမေရိကန်ဘလက်ဟော့ခ်ရဟတ်ယာဉ်တစ်စင်းအား တာလီဘန်များအပျော်စီးနေကြသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရသည်။သို့သော် ရဟတ်ယာဉ်မှာ လေပေါ်သို့ ပျံတက်နိုင်ခြင်း မရှိဘဲ မြေပြင်တွင်သာ ပြေးလွှားနေခြင်းဖြစ်သည်။

လေယာဉ်ပြေးလမ်းပေါ်တွင်ပတ်ပြေးနေသည့် ရဟတ် ယာဉ်ပုံပါ ဗီဒီယိုမှာ ကန်ဒါဟာလေဆိပ်တွင် ရိုက်ကူးထား ခြင်းဖြစ်ကြောင်းသိရသည်။

တာလီဘန်များမှာ ၎င်းတို့သိမ်းပိုက်ထားသော စစ်လက် နက်ပစ္စည်းများ၊ ယူနီဖောင်းများ ကိုင်ဆောင်ဝတ်ဆင်၍ လမ်းသလားပြလျက်ရှိသည်။အာဖဂန်စစ်တပ်မှ တာလီဘန်များသိမ်းဆည်းရမိသောပစ္စည်းများမှာ လက်နက် ပေါင်းအလက် ၂၀၀,၀၀၀ နှင့် ဟမ်းဗီးယာဉ် အစီး ၂၀,၀၀၀ အပါအဝင် ပေါင် ၁၃ ဘီလျံ (ရင်းဂစ်ငွေ ၇၄ လီလျံ) တန်ဖိုးရှိကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံကိုသိမ်းပိုက်ပြီးနောက် တာလီဘန်များအနေဖြင့် အတန်အသင့်တန်ကြေးရှိ စစ်လက်နက် ပစ္စည်းများကိုသိမ်းပိုက်ရရှိသွားကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးကောင်စီအကြံ ပေး ဂျိတ်ခ်ဆူလီဗန်ကပြောကြားလိုက်ပြီးနောက် ယခုဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း Fox News သတင်းဌာနက ဖော်ပြခဲ့သည်။

“လက်နက်တွေ၊ ကာကွယ်ရေးပစ္စည်းတွေ ဘယ်ရောက်သွားလဲဆိုတဲ့ ဗီဒီယိုအပြည့်အစုံတော့ ကျွန်တော်တို့ မ သိပါဘူး။ ဒါပေမဲ့ အတော်အတန် တန်ကြေးရှိတဲ့ လက်နက်ခဲယမ်းနဲ့ စစ်ပစ္စည်းတွေ တာလီဘန်တွေလက်ထဲ ရောက်သွားတာတော့ သေချာပါတယ်။ တာလီဘန်တွေက အဲဒီပစ္စည်းတွေကို လေဆိပ်မှာ ပြန်လည်လွှဲပြောင်း ပေးလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။” ဟု ဆူလီဗန်ကပြောသည်။

အမေရိကန်အစိုးရသည် ဘလက်ဟော့ခ်ရဟတ်ယာဉ်များအတွက် ဒေါ်လာ ၁၄၇ သန်းနှင့် ဟမ်းဗီးယာဉ်များအ တွက် ဒေါ်လာ ၂ ဘီလျံအပါအဝင် အာဖဂန်စစ်တပ်အတွက် သင်တန်းနှင့် စစ်လက်နက်၊ ချပ်ဝတ်တန်ဆာများ အတွက် ၂၀၀၁ ခုနှစ်မှစ၍ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၃ ဘီလျံ သုံးစွဲခဲ့သည်။

တာလီဘန်များသည် အမေရိကန်ထုတ်လက်နက်များနှင့် အမေရိကန်မဟာမိတ်ထုတ်လက်နက်များကိုင် ဆောင်၍ ကဘူးမြို့တွင်း ကင်းလှည့်သွားလာနေကြပုံများကို အခြားဓာတ်ပုံများနှင့် ဗီဒီယိုများတွင်တွေ့မြင် ရသည်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *