ကျန်းမာရေးအခြေနေ အရင်ကထက် ပိုမိုကောင်းမွန်လာဆိုတဲ့ အကြောင်း ပုံလေးတွေတင်ပေးလိုက်တဲ့ ပရိသတ်အချစ်တော် ဖွေးဖွေး
|ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ဖွေးဖွေးကတော့ ကိုဗစ်ကူးစက်ခံထားရတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။
ကိုဗစ်ကြောင့် ဖခင်ကြီးကို ဆုံးရှုံးလိုက်ရပြီး မကြာခင်မှာလည်း ပရိသတ်အချစ်တော် ဖွေးစိန်လေးကလည်း ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူကူးစက်ခံလိုက်ရပြီဖြစ်ကြောင်းလည်း ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။
ကိုဗစ်ကူးစက်ခံရပြီးနောက်မှာတော့ ဖွေးဖွေးက စနစ်တကျနဲ့ စားသောက်နေထိုင် ပြီး ကိုဗစ်ရောဂါကို အနိုင်တိုက်ထုတ်နေခဲ့ပါတယ်။
ပရိသတ်တွေကလည်း သူတို့ချစ်ရတဲ့ အချစ်တော် ဖွေးစိန်လေးအတွက်ကို စိတ်ပူနေခဲ့ကြပြီး အမြန်ဆုံးပြန်လည်ကျန်းမာလာအောင် ဆုမွန်ကောင်းတွေတောင်းပေးနေခဲ့ကြပါသေးတယ်။
လတ်တလောမှာတော့ ဖွေးစိန်လေးက သူ့ကို စိတ်ပူနေတဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။
အောက်စီဂျင်ကျခြင်းလည်း မရှိတော့ဘဲ လူကလည်း လန်းလန်းဆန်းဆန်းနဲ့ ပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်း သူ့ရဲ့ My Dayလေးကနေ တဆင့် ပရိသတ်တွေစိတ်မပူကြတော့ဖို့ ဖော်ပြလာခဲ့တာပါ။
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဖွေးစိန်လေးကတော့ ကျန်းမာရေးတွေ ပြန်လည်ကောင်းမွန်လာနေပါပြီတဲ့။
Source – Phway Phway