ညို့အားပြင်းပြင်းနဲ့ ပုရိသအပေါင်း ကြွေချင်စရာကောင်းလွန်းနေတဲ့ အိချောပို

CeleConnections ပရိသတ်ကြီးရေ အိချောပိုကတော့ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သရုပ်ဆောင်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသူလေးပါ။ ဒါ့အပြင် အနုပညာကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး ကျောင်းပြီးတဲ့အချိန်မှာလည်း အနုပညာဘက်ကိုတစိုက်မတ်မတ်လျှောက်လှမ်းခဲ့တဲ့မင်းသမီးတစ်လက်ပါပဲနော်။

အိချောပိုကတော့ Gymဆော့စရာမလိုလောက်တဲ့ ဘော်ဒီကောက်ကြောင်းအမိုက်စားကိုရရှိပိုင်ဆိုင်ထားပြီး အမိုက်စားဖက်ရှင်တွေနဲ့ အမြဲဆွဲဆောင်မှူရှိနေသူလေးလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ သူမကို စူစူလို့ခေါ်လေ့ရှိပြီး လက်ရှိဖြစ်ပွားနေတဲ့ Covid19နဲ့ပတ်သက်ပြီးလည်း လှူဒါန်းမှုတွေပြုလုပ်လျက်ရှိတဲ့ မင်းသမီးလေးပါပဲ။

ဒီနေ့မှာတော့အမိုက်စားဆွဲဆောင်မှုရှိလှတဲ့ စူစူရဲ့ ဘော်ဒီ ကောက်ကြောင်းနဲ့ အထာကျကျ ခပ်ဟော့ဟော့ပုံရိပ်လေးတွေကို တင်ကာအနုပညာအလုပ်တွေစတင်ပြန်လည်လုပ်ကိုင်နေကြောင်းကိုသူမရဲ့လူမှူကွန်ရက်စာမျက်နှာမှာ ဖော်ပြလာတာ ပဲဖြစ်ပါတယ်။ဓာတ်ပုံရိုက်ကွင်းမှာလည်းTikTokလေးဆော့ကစားခဲ့တဲ့ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါသေးတယ်။CeleConnectionsပရိသတ်ကြီးလည်း စူစူရဲ့ ဆွဲဆောင်မှုရှိတဲ့ပုံရိပ်တွေကိုကြည့်ပြီးသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Ei Chaw Po
Candy -CeleConnections

Add a Comment

Your email address will not be published. Required fields are marked *