“အသက် (၃၀) မှာ အမိုက်စား စော်ကြီး ဖြစ်ရ မယ်” ဆိုတဲ့ နေခြည်ဦး

အချိန်တိုအတွင်း ပရိသတ် အသိမှတ်ပြု အားပေးမှု ရရှိလာသူ နေခြည်ဦး ကတော့ မိဘထောက်ပံ့မှုအားကောင်းရုံမက ကိုယ်တိုင်လည်း အရည်အချင်းအပြည့်အဝ ရှိသူတစ်ယောက်ပါ။ အနုပညာရှင်တစ်ယောက်လုပ်ဖို့ ရွေးချယ်လိုက်ပြီးနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းမွန်ဆုံးတည်ဆောက်ဖို့ တစ်ရက်မှမနားဘဲ အချိန်ရှိသရွေ့ တိုးတက်ရာ တိုးတက်ကြောင်း လုပ်နေသူ ဆိုရင်လည်း မမှားပါဘူး။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အနုပညာရှင် တစ်ယောက်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ အတွက် Gym ဆော့တာအပြင် မနက်တိုင်း လက်ဝှေ့ထိုးကျင့်ခြင်း ၊ ယောဂဆော့ခြင်း တို့ကို အချိန်တစ်ခုပေးပြီး သေချာလုပ်နေသူပါ။ ဒါပေမယ့် ဒီကြားထဲမှာ ယောဂဆော့ဖို့ တစ်လပျက်ခဲ့တဲ့ ချီချီကတော့ အလေ့အကျင့်ကောင်းတွေကို လုပ်နိုင်ပြီဆို မရပ်ကြဖို့ သူ ကိုယ်တိုင် ကြုံတွေ့နေရတဲ့ ဥပမာလေး နဲ့ ပြောပြခဲ့ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

”အလေ့အကျင့်ကောင်း တစ်ခု ကို လုပ်နိုင်ပြီဆို လွယ်လွယ်နဲ့ မရပ်လိုက် နဲ့နော်။ နေခြည်အခု yoga တစ်လနားပြီး ပြန်ဆော့တဲ့ အခါ ကြွက်သားတွေ တောင့်တင်းနေတာ အရင်လို ပြန်ဖြစ်ဖို့ ပြန်လေ့ကျင့်ရတော့မယ်” ဆိုပြီး သူကြုံတွေ့နေရတဲ့ ပြဿနာလေးကို ပြောပြခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဖက်ဖက်က ပြီးပြည့်စုံအောင် ကြိုးစားနေသူပီပီ “အသက်သုံး ဆယ်မှာ အမိုက်စား စော်ကြီး ဖြစ်ရမယ်” ဆိုပြီးတော့လည်း သူ့ရဲ့ ရည်မှန်းချက်ကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ..

Source – Nay Chi Oo
Credit- Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *