ေစာမြန္လွတည္ထားခဲ့တဲ့ဘုရားတြင္ ရင္ျပင္ေတာ္အတြက္ေျမညႇိရာမွာ ထူးထူးဆန္းဆန္းေႁမြဥႀကီးေတြကိုေတြ႕ခဲ့လို႔ဓာတ္ပုံ႐ိုက္ၿပီးျပသလာတဲ့ ဒါ႐ိုက္တာေမာင္သီ

ေစာမြန္လွတည္ထားခဲ့တဲ့ဘုရားတြင္ ရင္ျပင္ေတာ္အတြက္ေျမညႇိရာမွာ ထူးထူးဆန္းဆန္းေႁမြဥႀကီးေတြကိုေတြ႕ခဲ့လို႔ဓာတ္ပုံ႐ိုက္ၿပီးျပသလာတဲ့ ဒါ႐ိုက္တာေမာင္သီ

အႏုပညာမ်ားစြာကိုပုံေဖာ္႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာေမာင္သီကေတာ့ အလႉေရစက္လက္နဲ႔မကြာဘဲ ကုသိုလ္ေကာင္းမႉေတြကို တစ္ႏိုင္တစ္ပိုင္လုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္။

လတ္တေလာမွာဆိုရင္ ဦးေမာင္သီက မူလဘုရားဒကာမႀကီး ေစာမြန္လွ တည္ထားကိုးကြယ္ခဲ့တဲ့ “ေ႐ႊေၾကးစည္”ေစတီေတာ္ကို

ျပန္လည္ျပင္ဆင္မြမ္းမံဖို႔အတြက္ အလႉ႐ွင္အားလုံးရဲ႕ကိုယ္စား ဦးေဆာင္ၿပီး စနစ္တက်စီစဥ္ေနတာပဲျဖစ္ပါတယ္။ေ႐ႊေၾကးစည္ေစတီကေတာ့ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊လိႈင္သာယာ႐ြာမွာ တည္႐ွိပါတယ္။

ေတာ္ႀကီးရဲ႕ အေ႐ွ႕ဘက္မုဒ္၊အေနာက္ဘက္မုဒ္၊ေတာင္ဘက္မုဒ္နဲ႔ ေျမာက္ဘက္မုဒ္အလႉ႐ွင္ေတြအျပင္ရင္ျပင္ေတာ္အတြက္

ေနပူခံေက်ာက္ျပားမ်ားခင္းဖို႔ အလႉ႐ွင္မ်ားလည္း႐ွိပါတယ္။ေႂကြျပားခင္းဖို႔အတြက္တနဂၤေႏြေန႔တြင္ ရင္ျပင္ေတာ္ကို အလုပ္သမားမ်ားနဲ႔ေျမညႇိရာမွာ တနဂၤေႏြေထာင့္မွာ ေႁမြဥ (၆)လုံးကို ေတြ႕႐ွိခဲ့တာျဖစ္ပါတယ္။

ဥေတြရဲ႕ပုံစံနဲ႔ အေရာင္အရ ႐ိုး႐ိုးေႁမြမျဖစ္ႏိုင္ဘဲ သိုက္ေႁမြျဖစ္ႏိုင္တယ္လို႔ ဒါ႐ိုက္တာေမာင္သီကယူဆခဲ့တာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေႁမြဥ (၆)လုံးကို နည္းနည္းေလးမွ မထိမကိုင္ခဲ့ဘဲ သူ႕ေနရာအတိုင္းထားကာ ျပန္လည္ဖုံးအုပ္ေပးခဲ့တာျဖစ္ပါတယ္။တနလၤာေန႔မနက္မွာေတာ့ ပြဲထိုးဆုေတာင္းၿပီး ဘုရားျပင္ဆင္ဖို႔အတြက္လုပ္ငန္းမ်ားကို ဆက္လက္လုပ္ကိုင္ေနလ်က္႐ွိပါတယ္။

ဒါ႐ိုက္တာေမာင္သီက အလႉ႐ွင္မ်ားအားလုံးကို ဒီျမင္ကြင္းေတြ႕ျမင္ရေအာင္လို႔ဓာတ္ပုံ႐ိုက္ထားၿပီး သူ႕ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာတင္ထားတာေၾကာင့္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

unicode

စောမွန်လှတည်ထားခဲ့တဲ့ဘုရားတွင် ရင်ပြင်တော်အတွက်မြေညှိရာမှာ ထူးထူးဆန်းဆန်းမြွေဥကြီးတွေကိုတွေ့ခဲ့လို့ဓာတ်ပုံရိုက်ပြီးပြသလာတဲ့ ဒါရိုက်တာမောင်သီ

အနုပညာများစွာကိုပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာမောင်သီကတော့ အလှူရေစက်လက်နဲ့မကွာဘဲ ကုသိုလ်ကောင်းမှူတွေကို တစ်နိုင်တစ်ပိုင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

လတ်တလောမှာဆိုရင် ဦးမောင်သီက မူလဘုရားဒကာမကြီး စောမွန်လှ တည်ထားကိုးကွယ်ခဲ့တဲ့ “ရွှေကြေးစည်”စေတီတော်ကို

ပြန်လည်ပြင်ဆင်မွမ်းမံဖို့အတွက် အလှူရှင်အားလုံးရဲ့ကိုယ်စား ဦးဆောင်ပြီး စနစ်တကျစီစဉ်နေတာပဲဖြစ်ပါတယ်။ရွှေကြေးစည်စေတီကတော့ ကျောက်ပန်းတောင်းမြို့နယ်၊လှိုင်သာယာရွာမှာ တည်ရှိပါတယ်။

တော်ကြီးရဲ့ အရှေ့ဘက်မုဒ်၊အနောက်ဘက်မုဒ်၊တောင်ဘက်မုဒ်နဲ့ မြောက်ဘက်မုဒ်အလှူရှင်တွေအပြင်ရင်ပြင်တော်အတွက်

နေပူခံကျောက်ပြားများခင်းဖို့ အလှူရှင်များလည်းရှိပါတယ်။ကြွေပြားခင်းဖို့အတွက်တနင်္ဂနွေနေ့တွင် ရင်ပြင်တော်ကို အလုပ်သမားများနဲ့မြေညှိရာမှာ တနင်္ဂနွေထောင့်မှာ မြွေဥ (၆)လုံးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဥတွေရဲ့ပုံစံနဲ့ အရောင်အရ ရိုးရိုးမြွေမဖြစ်နိုင်ဘဲ သိုက်မြွေဖြစ်နိုင်တယ်လို့ ဒါရိုက်တာမောင်သီကယူဆခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် မြွေဥ (၆)လုံးကို နည်းနည်းလေးမှ မထိမကိုင်ခဲ့ဘဲ သူ့နေရာအတိုင်းထားကာ ပြန်လည်ဖုံးအုပ်ပေးခဲ့တာဖြစ်ပါတယ်။တနင်္လာနေ့မနက်မှာတော့ ပွဲထိုးဆုတောင်းပြီး ဘုရားပြင်ဆင်ဖို့အတွက်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။

ဒါရိုက်တာမောင်သီက အလှူရှင်များအားလုံးကို ဒီမြင်ကွင်းတွေ့မြင်ရအောင်လို့ဓာတ်ပုံရိုက်ထားပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ထားတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *