ကမၼဝါ ကို ေလာင္ခ်ာျဖင့္ လဲ လိုက္ သည့္ မႏၲေလးမွသံဃာ တစ္ပါး

စစ္အာဏာ႐ွင္ျဖဳတ္ခ်ေရးအတြက္ ၁၁ ဝါရေနၿပီျဖစ္ေသာ ရဟန္းဘဝကို စြန္႔လႊတ္ကာ လက္နက္ကိုင္ေတာ္လွန္ေရးထဲ ေရာက္လာသူမွာ အ႐ွင္ပညာသီရိတျဖစ္လဲ ကိုေမာင္ေမာင္ေသာ္ျဖစ္သည္

မႏၲေလးၿမိဳ႕မွ သံဃာတစ္ပါးျဖစ္ေသာ အ႐ွင္ပညာသီရိသည္ စစ္အာဏာ႐ွင္ျဖဳတ္ခ်ေရးအတြက္ လက္နက္ကိုင္ေတာ္လွန္ေရးသမား ကိုေမာင္ေမာင္ေသာ္ျဖစ္လာသည္။ဓာတ္ပုံပါ ေနာက္ခံ႐ႈခင္းအရ ေတာေတာင္နက္သည္ဟု ယူဆႏိုင္သည္။ သစ္ပင္တစ္ပင္ေအာက္တြင္ ေျပာက္က်ားစစ္ဝတ္စုံျဖင့္ လူတစ္ဦးထိုင္ေနသည္။

လက္တစ္ဖက္ျဖင့္ ဗုံးသီးတပ္ထားေသာ ေလာင္ခ်ာေသနတ္ကိုင္လ်က္ အျခားလက္ျဖင့္ အာဏာ႐ွင္ဆန္႔က်င္ေရးအမွတ္အသား လက္သုံးေခ်ာင္း ေထာင္ျပထားသည္။ေလာင္ခ်ာေသနတ္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားသူ ခပ္ေျပာင္ေျပာင္ မဟာနဖူးပိုင္႐ွင္၏ ႐ုပ္သြင္မွာ တစ္စုံတစ္ရာကို ယတိျပတ္ဆုံးျဖတ္ထားဟန္႐ွိသည္။

သူသည္ မ်ားမၾကာမီကမွ ရဟန္းတို႔ ႐ြတ္ဖတ္ သရဇၩယ္ရေသာ ကမၼဝါကို လက္လႊတ္ခဲ့သူျဖစ္သည္။ “လူသတ္ဖို႔ဆိုတာ လူသားတစ္ေယာက္အေနနဲ႔ ခဲယင္းတဲ့အလုပ္ပါဗ်ာ။ ဒါေပမဲ့ စနစ္တစ္ခုကို တိုက္တဲ့ပြဲဗ်။ ဒီတိုက္ပြဲမွာ လူသတ္ခ်င္လည္း သတ္ရမယ္။ မသတ္ခ်င္လည္း မသတ္ရဘူး။ လူသတ္ရမယ္လို႔ ခံယူထားတာ မဟုတ္ဘူး။

ကံဆိုတဲ့အလုပ္တစ္ခုနဲ႔ပဲ ဒီစနစ္တစ္ခုကို တိုက္ယူေနၾကတယ္” ဟု ရဟန္းဘဝကို စြန္႔လႊတ္ခဲ့သူ မဟာနဖူးပိုင္႐ွင္က ဆိုသည္။ သူ၏အမည္မွာ ကိုေမာင္ေမာင္ေသာ္ျဖစ္သည္။ စစ္အာဏာ႐ွင္ျဖဳတ္ခ်ေရးအတြက္ လက္နက္ကိုင္တိုက္ပြဲဝင္ရန္ ရဟန္းပ်ိဳဘဝကို စြန္႔လႊတ္ခဲ့သူ မႏၲေလးမွ ရဟန္းပ်ိဳတစ္ပါးျဖစ္သည္။ ရဟန္းဘြဲ႕အမည္မွာ အ႐ွင္ပညာသီရိျဖစ္သည္။ ဗုဒၶတကၠသိုလ္တြင္ ေနာက္ဆုံးႏွစ္တက္ေရာက္ခဲ့သူလည္း ျဖစ္သည္။

ေမလလယ္ပိုင္းတြင္ ရဟန္းဝါ ၁၁ ဝါ ရေနၿပီျဖစ္ေသာ ရဟန္းဘဝကို စြန္႔လႊတ္ရန္ အ႐ွင္ပညာသီရီ ဆုံးျဖတ္ခဲ့သည္။ ေမလ ၁၆ ရက္ေန႔အထိ အာဏာသိမ္းမႈကိုဆန္႔က်င္ေသာ မႏၲေလးၿမိဳ႕မွ သံဃာ့သပိတ္စစ္ေၾကာင္းတြင္ အ႐ွင္ပညာသီရိ ေန႔စဥ္ရက္ဆက္ ပါဝင္ဆႏၵျပခဲ့သည္။

အ႐ွင္ပညာသီရိမွာ အာဏာသိမ္းစစ္ေကာင္စီ၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားအေပၚ မခံမရပ္ႏိုင္ျဖစ္လာသည့္အဆုံး လက္နက္ကိုင္ေတာ္လွန္ေရးလုပ္ရန္ ရင္းႏွီးသည့္ ရဟန္းေဖာ္တစ္ဦးႏွင့္ တိုင္ပင္ျဖစ္ခဲ့သည္။ မိဘႏွစ္ပါးလုံး မ႐ွိေတာ့သည့္အျပင္ ေမြးခ်င္းေမာင္ႏွမမ်ားႏွင့္လည္း ေဝးကြာေနသူ စာသင္သားရဟန္းတစ္ပါးျဖစ္ေနရာ အျခားတိုင္ပင္စရာ လူမ႐ွိေပ။

အာဏာသိမ္းမႈကို ဆန္႔က်င္ေသာ မႏၲေလးၿမိဳ႕မွ သံဃာ့သပိတ္စစ္ေၾကာင္းတြင္ အ႐ွင္ပညာသီရိ ေန႔စဥ္ရက္ဆက္ ပါဝင္ဆႏၵျပခဲ့သည္။ေနာက္ပိုင္းတြင္ ျပည္နယ္တစ္ခု႐ွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုထံ သြားေရာက္ရန္ အဆက္အသြယ္ရသည္။ PDF ထဲဝင္လိုသူ လူငယ္တခ်ိဳ႕ႏွင့္အတူ လက္နက္ကိုင္ေတာ္လွန္ေရး စတင္ရန္ အ႐ွင္ပညာသီရိ မႏၲေလးၿမိဳ႕မွထြက္ခဲ့သည္။ ရဟန္းဝတ္ျဖင့္ သူတစ္ဦးတည္းသာျဖစ္သည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း႐ွိရာ လြတ္ေျမာက္နယ္ေျမေရာက္႐ွိရန္ သုံးညအိပ္ ေလးရက္ခရီးၾကာ ကားျဖင့္ အဆင့္ဆင့္သြားခဲ့ရသည္ဟု ဆိုသည္။ သကၤန္းဝတ္ျဖင့္ပင္ ခရီးသြားခဲ့ျခင္းျဖစ္ကာ လြတ္ေျမာက္နယ္ေျမမေရာက္မီ ၿမိဳ႕တစ္ၿမိဳ႕တြင္ လူဝတ္လဲခဲ့သည္ဟု ကိုေမာင္ေမာင္ေသာ္က ေျပာသည္။

သာမေဏငယ္မ်ားပါမခ်န္ ရဟန္းသံဃာမ်ားအေပၚ စစ္သားမ်ား၏ ႐ိုင္းစိုင္းၾကမ္းၾကဳတ္မႈကို လက္ေတြ႕ ၾကဳံခဲ့ရၿပီးေနာက္ ခံျပင္းစိတ္ျဖင့္ လက္နက္ကိုင္ေတာ္လွန္ေရးလုပ္ရန္ ဆုံးျဖတ္ျဖစ္ခဲ့သည္ဟု အ႐ွင္ပညာသီရိတစ္ျဖစ္လဲ ကိုေမာင္ေမာင္ေသာ္က ဆိုသည္။

“ကိုရင္ေလးေတြ ဖေယာင္းတိုင္ေလးေတြနဲ႔ ဒီတိုင္းပဲ ၿငိမ္းခ်မ္းေအာင္လို႔ ဆုေတာင္းၿပီး ေမတၱာသုတ္ေလး ႐ြတ္တာ။ ဒါမ်ိဳးေတြကို ႐ိုင္း႐ိုင္းစိုင္းစိုင္းနဲ႔ ဖေယာင္းတိုင္ေတြကို တက္နင္းေခ်ဖ်က္။ အဲဒီလိုမ်ိဳးေတြ လုပ္သြားတာ။ ေက်ာင္းတိုက္ထဲကို ေသနတ္ေျပာင္းႀကီးေတြခ်ိန္ၿပီး ေဟ့ေကာင္ေတြဆိုၿပီး ဝင္လာတာမ်ိဳးေတြ။ ေတာ္ေတာ္ေလးကို ခံျပင္းသြားတာ” ဟု ၎က ေျပာသည္။

“လူထုအကုန္လုံးေပါ့။ ကြၽန္ေတာ္တစ္ေယာက္တည္းအတြက္ဆိုရင္ေတာ့ အထူးအေထြ ဘာမွေျပာစရာ မ႐ွိဘူးေပါ့။ ဒါေပမယ့္ လူထုအမ်ားႀကီးအတြက္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး ဘဝနာစရာေကာင္းသလို စိတ္ထဲလည္း ခံျပင္းစရာေကာင္းတယ္” ဟုလည္း စစ္အာဏာသိမ္းမႈအေပၚ ရဟန္းလူထြက္ ကိုေမာင္ေမာင္ေသာ္က မွတ္ခ်က္ျပဳသည္။

စစ္အာဏာ႐ွင္ေအာက္တြင္ ေဖာက္ျပန္ေနေသာ စစ္သားမ်ားႏွင့္ ရဲမ်ားကို ျမင္ေတြ႕ရင္းက အ႐ွင္ပညာသီရိ သီတင္းသုံးရာ ေတာင္ၿမိဳ႕ေခၚ အမရပူရ႐ွိ ေတာင္သမန္အင္းအနီးမွ နာမည္ေက်ာ္စာသင္တိုက္ႀကီးကို ေက်ာခိုင္းရန္ ျဖစ္လာသည္။ (ထိုနာမည္ေက်ာ္ စာသင္တိုက္ႀကီးမွ အ႐ွင္ပညာသီရိ ပထမႀကီးတန္း ေအာင္ျမင္ခဲ့သည္။) ၿငိမ္းခ်မ္းေအးျမေသာ အ႐ွင္ပညာသီရိ၏ ရဟန္းဘဝကို စစ္အာဏာ႐ွင္က ဖ်က္ဆီးခဲ့သည္။

အ႐ွင္ပညာသီရိမွာ ရဟန္းဘဝျဖင့္ အ႐ိုးထုတ္မည္ စိတ္ကူးခဲ့ေသာ္လည္း စစ္အာဏာသိမ္းမႈေၾကာင့္ ျမင့္ျမတ္ေသာ ရဟန္းဘဝကို လမ္းခုလတ္တြင္ စြန္႔လႊတ္ခဲ့ရသည္။ ကမၼဝါကို ေလာင္ခ်ာျဖင့္ လဲကိုင္ခဲ့ရသည္။

လူမဆန္လွေသာ စစ္အာဏာ႐ွင္ျဖဳတ္ခ်ေရး မဟုတ္ပါခဲ့ပါလွ်င္ ပါရာဇိကေလးပါး အပါအဝင္ ၂၂၇ သြယ္ေသာ သိကၡာပုဒ္မ်ားကို ေစာင့္ထိန္းရသူ ရဟန္းတစ္ပါးအတြက္ လက္နက္ကိုင္လမ္းစဥ္က လြန္စြာ ခက္ခဲမည္ျဖစ္သည္။ သို႔ေသာ္ ကံကံ၏အက်ိဳးအားျဖင့္ လက္ေတြ႕က်ရမည္သာျဖစ္ေၾကာင္း ရဟန္းလူထြက္ ကိုေမာင္ေမာင္ေသာ္က ဆိုသည္။

“ကြၽန္ေတာ္ ခံယူထားတာကေတာ့ ရဟန္းျဖစ္ရင္ ရဟႏၲာလိုက်င့္ရမွာပဲ။ ေတာ္လွန္ေရးစစ္သားတစ္ေယာက္ျဖစ္ၿပီဆိုတဲ့ အခါက်ေတာ့ ဘီလူးလိုက်င့္သင့္ရင္ က်င့္ရမွာပါ။ အဲဒီေတာ့ လက္ေတြ႕ဘဝနဲ႔ တူညီခ်င္မွ တူညီမွာ။ အကုန္လုံး လႊတ္ပစ္ရတာပဲ။ ဒါပါပဲ ဘဝဆိုတာက” ဟု သူက ဆိုသည္။

အာဏာ႐ွင္ျဖဳတ္ခ်ေရး လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ရေသာ္လည္း ကိုေမာင္ေမာင္ေသာ္မွာ ငယ္စဥ္ကတတည္းက ဘာသာေရးစာေပမ်ားကို လိုက္စားခဲ့သူျဖစ္သည္။ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးေနာက္ ေလာကီပညာေရးကို အဆုံးသတ္ကာ ေလာကုတၱရာအတြက္ ၂၀၀၈ ခုႏွစ္တြင္ သကၤန္းစီးခဲ့သည္။

“ဗုဒၶေျပာခဲ့တာေတြကေရာ အဲလိုဟုတ္သလား။ လူအမ်ားစုေျပာေနၾကတဲ့ အမွန္တရားနဲ႔ ဗုဒၶတကယ္ေျပာခဲ့တဲ့ အမွန္တရား။ ကိုယ္တိုင္႐ွာေဖြေလ့လာမွပဲ အမွန္တရားကို သိမွာေလဗ်ာ။ အဲဒီလိုစိတ္မ်ိဳးနဲ႔ပဲ ကြၽန္ေတာ္ သာသနာ့ေဘာင္ စဝင္ၿပီး ပါဠိစာေပ ေလ့လာခဲ့တယ္၊ သာသာေရးစာေပေတြ ေလ့လာျဖစ္ခဲ့တယ္” ဟု လူဝတ္ေၾကာင္ပယ္ကာ ရဟန္းဝတ္ျဖစ္ခဲ့ပုံကို ကိုေမာင္ေမာင္ေသာ္က ႐ွင္းျပသည္။

နံနက္အိပ္ယာထ ဆြမ္းခံထြက္။ ေက်ာင္းျပန္ေရာက္ စာေပခဏေလ့လာ။ ဆြမ္းစား။ ဆြမ္းစားၿပီး စာဝါသြားတက္။ ညေနဘက္ေက်ာင္းျပန္ေရာက္ ေရမိုးခ်ိဳး။ ညပိုင္းဘုရားဝတ္တက္၊ ေန႔ခင္းဘက္က ေလ့လာထားသည္မ်ား ျပန္ေလ့လာ။ ဤသည္ကား အ႐ွင္ပညာသီရိ၏ ၿငိမ္းေအးေသာ ရဟန္းဘဝ ေန႔စဥ္ျဖတ္သန္းမႈမ်ားျဖစ္သည္။

ရဟန္းဘဝတြင္ ဦးဦးဖ်ားဖ်ား လႉဒါန္းသည့္ ဆြမ္းကြမ္းကို ဘုဥ္းေပးကာ သက္ေသာင့္သက္သာ ေနႏိုင္ခဲ့ေသာ္လည္း လူဝတ္ေၾကာင္ဘဝျဖင့္ လက္နက္ကိုင္ေတာ္လွန္ေရးသမားဘဝတြင္ အေနအစားက ဆင္းရဲခ်င္တိုင္း ဆင္းရဲေတာ့သည္။

ေတာထဲေတာင္ထဲတြင္ ပုံမွန္စားရသည္က ထမင္းၾကမ္းၾကမ္းႏွင့္ ဟင္းရည္က်ဲက်ဲသာျဖစ္သည္။ ပင္တိုင္ဟင္းလ်ာမ်ားမွာ ပဲ၊ အားလူးႏွင့္ ခရမ္းသီးျဖစ္သည္။ အလႉ႐ွင္႐ွင္ေပၚမူတည္ၿပီး အသားငါးဟင္းလ်ာ စားရသည္။ တခါတရံသာျဖစ္သည္။ အမ်ားအားျဖင့္ တစ္ပတ္တစ္ႀကိမ္ျဖစ္သည္။ တခ်ိဳ႕သီတင္းပတ္မ်ားတြင္လည္း ႏွစ္ႀကိမ္မွသုံးႀကိမ္အထိ စားရတတ္သည္။

“အစားအေသာက္နဲ႔ ပတ္သက္လို႔ ဘဝမ်က္ရည္လို႔ နာမည္ေပးထားတဲ့ စြန္တန္ဟင္းရည္။ မ်က္လုံးထဲမွာ အဲဟင္းရည္ကို သစ္႐ြက္ေျခာက္ကို ေရေႏြးနဲ႔ေရာေသာက္ေနတာလို႔ ျမင္တာပဲ။ ဟင္းဆိုတာ ခရမ္းသီး၊ မုန္ညႇင္း၊ ေဂၚဖီ၊ တခါတေလ ပဲဟင္းရည္က်ဲနဲ႔ ငါးနီတူ။ Ready Made (အသင့္စား) အထုတ္ေၾကာ္ေကြၽးတဲ့ေန႔ေတာ့ အေတာ္စားၿမိန္တာဗ်။ ငွက္ေပ်ာအူလည္း သုံးခါေလာက္ ခ်က္စားလိုက္ရတယ္။ အအိပ္အစား အေနအထိုင္ဆိုတာ ရဟန္းဘဝနဲ႔ အကုန္ေျပာင္းျပန္ပါ” ဟု ကိုေမာင္ေမာင္ေသာ္က ဆိုသည္။

သင္တန္းတည္ေနရာသို႔ ရိကၡာေရာက္ရန္ အခက္အခဲ႐ွိေၾကာင္း၊ ဆယ္ေယာက္တစ္ဝိုင္း ထမင္းစားရေၾကာင္းႏွင့္ ဝက္သားကို ေျဗာင္ခ်က္ေကြၽးေလ့မ႐ွိဘဲ ေဂၚဖီ၊ မုန္႔ညႇင္း တစ္ခုခုျဖင့္ ေရာေကြၽးေလ့႐ွိေၾကာင္းလည္း ကိုေမာင္ေမာင္ေသာ္က ဆိုသည္။

သို႔ေသာ္ အေနအစားဆင္းရဲျခင္းက စစ္အာဏာ႐ွင္ျဖဳတ္ခ်ေရးအတြက္ ရဟန္းဘဝကိုပင္ စြန္႔ပစ္လာသူ ကိုေမာင္ေမာင္ေသာ္၏ စိတ္အားထက္သန္မႈကို တားဆီးႏိုင္စြမ္း မ႐ွိေပ။

“ရဟန္းျဖစ္ရင္ ရဟန္းလို က်င့္ၾကံရမယ္။ ေတာ္လွန္ေရးစစ္သားျဖစ္ရင္ေတာ့ ေတာ္လွန္ေရးလိုပဲ က်င့္ရမယ္ဆိုၿပီးေတာ့ ခံယူထားတာေပါ့။ အခုဆိုရင္ေတာ့ ကိုယ့္ရိကၡာ၊ ကိုယ့္လက္နက္အျပည့္အစုံနဲ႔ ေတာေတာင္ကို အမ်ားႀကီး ခရီးသြားလာေနႏိုင္ၿပီ။ အမ်ားႀကီး ေနသားက်ေနၿပီ” ဟု ဆိုလာေသာ ကိုေမာင္ေမာင္ေသာ္၏ အသံတြင္ သာသနာ့အႏြယ္ဝင္ ရဟန္းတစ္ပါး၏ ေလယူေလသိမ္းေရာစြက္လ်က္႐ွိသည္။

“လူေပါင္းစုံနဲ႔ ေနရတဲ့အခါက်ေတာ့ တစ္ခါတေလ အေရးမပါတာမ်ိဳးေလးေတြ ၾကဳံေတြ႕ရတာေပါ့ေလ။ မခံခ်ိမခံသာျဖစ္ရတာမ်ိဳးေတြေပါ့။ ဒါေပမဲ့ အခုေတာ့ အားလုံးေနသားက်သြားပါၿပီ။ ခႏၶာကိုယ္လည္း ေတာ္ေတာ္ သန္မာလာပါၿပီ” ဟု ကိုေမာင္ေမာင္ေသာ္က ဆိုသည္။

ဓာတ္ပုံမ်ားတြင္ ေတြ႕ရေသာ ကိုေမာင္ေမာင္ေသာ္၏ ႐ုပ္သြင္မွာ တကယ့္စစ္သားႀကီးႏွယ္ျဖစ္သည္။ ဗုံးသီးတပ္ဆင္ထားေသာ ေလာင္ခ်ာေသနတ္ကို ယုံၾကည္ခ်က္အျပည့္ျဖင့္ ကိုင္ထားသည္။ အထက္ေအာက္ ေျပာက္က်ားစစ္ဝတ္စုံႏွင့္ စစ္သုံး႐ွဴးဖိနပ္ ဝတ္ဆင္ထားသည္။ အေပၚမွ ထပ္လ်က္ဝတ္ဆင္ထားေသာ စစ္သုံးဂ်က္ကက္တြင္ ေရဘူးႏွင့္ အျခားအသုံးအေဆာင္မ်ား ထည့္သြင္းထားသျဖင့္ အ႐ွင္ပညာသီရိဘဝမွ ကိုေမာင္ေမာင္ေသာ္ျဖစ္လာသူ ေတာ္လွန္ေရးစစ္သားအသြင္မွာ ပို၍ ဝင့္ထယ္လ်က္႐ွိသည္။

ေသနတ္ကိုင္ ေတာ္လွန္ေရးတပ္သားတစ္ဦးအျဖစ္ လြယ္လြယ္ကူကူ ျဖစ္လာသည္ေတာ့ မဟုတ္ေပ။ ၾကမ္းတမ္းလွေသာ သုံးလတာ စစ္သင္တန္းကို အပတ္တကုတ္ တက္ခဲ့ရသည္။ ပဋိယတၱိစာေပႏွင့္သာ နပန္းလုံးခဲ့ရေသာ အ႐ွင္ပညာသီရိအတြက္ ပို၍ခက္ခဲ ၾကမ္းတမ္းခဲ့မည္မွာ အမွန္ပင္။

စစ္သင္တန္းေပးသည့္ေနရာ ေရာက္ၿပီးေနာက္တစ္ရက္မွာပင္ နံနက္ ၄ နာရီထကာ ေျပးျခင္း၊ ဒိုက္ထိုးျခင္း၊ တန္းဆြဲျခင္း စေသာ ကိုယ္ကာယေလ့က်င့္ခန္းမ်ား အျပင္းအထန္ ျပဳလုပ္ရသည္။ အခ်ိန္အားျဖင့္ ပုံမွန္ ၄၅ မိနစ္ၾကာျဖစ္သည္။ ကာယေလ့က်င့္ခန္းအၿပီး နံနက္ ၈ နာရီခန္႔သည္ နံနက္စာစားခ်ိန္ျဖစ္သည္။

ထို႔ေနာက္တြင္ စစ္ေရးျပေလ့က်င့္ျခင္း အပါအဝင္ စစ္လက္နက္တပ္ဆင္ျခင္း၊ အပစ္အခတ္ေလ့က်င့္ျခင္း မ်ားကို ဆက္တိုက္ေလ့က်င့္ရသည္။ ေန႔ခင္းပိုင္းတြင္ တစ္နာရီခန္႔ နားခြင့္ရ႐ွိသည္။ ညေနပိုင္းတြင္ စစ္ေရး ဗ်ဴဟာအတြက္ လိုအပ္ေသာ စစ္ေရးအေခၚအေဝၚမ်ား၊ အျခားဗဟုသုတျဖစ္ဖြယ္ သင္ခန္းစာမ်ား သင္ယူ ရသည္။ တစ္ေန႔တာ သင္တန္းၿပီးဆုံးခ်ိန္မွာ ည ၉ နာရီျဖစ္သည္။

“သင္တန္းသုံးလစလုံးကေတာ့ အခ်ိန္ဇယားအတိုင္းပဲေပါ့။ မနက္ ၄ နာရီထ၊ ေနကုန္ေနခမ္းပါ။ သင္တန္း ဆရာကလည္း ေတာ္လွန္ေရးဆိုတာ ေပ်ာ္စရာမေကာင္းလို႔ ေျပာမွေတာ့ တကယ္လည္း ေပ်ာ္စရာေတာ့ မေကာင္းပါဘူး။ သင္တန္းၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ ေ႐ွ႕တန္းရဲေဘာ္ေတြ ၾကဳံေတြရတဲ့အတိုင္းပါပဲ” ဟု ကိုေမာင္ေမာင္ေသာ္က ႐ွင္းျပသည္။

လက္႐ွိတြင္ အ႐ွင္ပညာသီရိတျဖစ္လဲ ကိုေမာင္ေမာင္ေသာ္မွာ သုံးလတာ စစ္သင္တန္းၿပီးေျမာက္၍ စစ္ေကာင္စီတပ္ရင္းတစ္ခုႏွင့္ အနီးဆုံးေနရာျဖစ္သည့္ ေ႐ွ႕တန္းစစ္ေျမျပင္ကိုပင္ ေရာက္႐ွိေနၿပီျဖစ္ သည္။ စစ္သင္တန္းၿပီးဆုံးေသာ္လည္း ေတာထဲေတာင္ထဲ၌ တစ္နည္းတစ္ဖုံ ဒုကၡဆင္းရဲၾကဳံေတြ႕ေနရ ဆဲျဖစ္သည္။

“ဒီဘက္ (စစ္သင္တန္းေနရာ) က ျဖဳတ္ေတြက ေသးေသးေလးနဲ႔ ေသြးတအားစုပ္တာ။ အခုထိလည္း ေျခေထာက္ေတြက အဖုေတြခ်ည္းပဲ။ အခုေ႐ွ႕တန္းမွာလည္း ျခင္ေရာျဖဳတ္ေတြေရာ ဘာေကာင္ေသး ေသးေလးေတြ မွန္း မသိတာေတြလည္း ကိုက္တယ္” ဟု စစ္ေျမျပင္ေရာက္ ကိုေမာင္ေမာင္ေသာ္က ႐ွင္းျပသည္။

သို႔ေသာ္ျငားလည္း အ႐ွင္ပညာသီရိမည္ေသာ ရဟန္းဘဝကို စြန္႔လႊတ္ခဲ့သူ ကိုေမာင္ေမာင္ေသာ္တစ္ ေယာက္ အျဖစ္ခ်င္ဆုံး ေတာ္လွန္တပ္သားတစ္ဦးျဖစ္လာခဲ့သည္။ ေခတ္အဆက္ဆက္စစ္အာဏာ႐ွင္မ်ား ေၾကာင့္ တရားမွ်တမႈ ေပ်ာက္ဆုံးခဲ့ရသည္ျဖစ္ရာ ျပည္သူလူထု၏ ေတာင့္တမႈ ႏွင့္အတူ ေပၚေပါက္လာ ေသာ ေႏြဦးေတာ္လွန္ေရးလႈပ္႐ွားမႈမ်ားအေပၚ ယုံၾကည္သည္ဟုလည္း အ႐ွင္ပညာသီရိတျဖစ္လဲ ကိုေမာင္ေမာင္ေသာ္က ဆိုသည္။

“အၾကမ္းမဖက္တဲ့ ၿငိမ္းခ်မ္းေရးဓမၼလမ္းစဥ္နဲ႔ ကြၽန္ေတာ္တို႔ေတြ ႏွစ္ေပါင္းမ်ားစြာ ေတာင္းဆိုခဲ့တာ။ ကြၽန္ေတာ္တို႔ အေဖေတြအေမေတြ လက္ထက္လည္း ေတာင္းဆိုခဲ့တာပဲ။ ဒါေပမဲ့ ဒီအာဏာ႐ွင္ လူတန္း စားက အျမစ္မျပတ္ဘဲနဲ႔ တစ္ခါထပ္ထြက္လာခဲ့တာဆိုေတာ့ ဒီႏိုင္ငံမွာ ဒီလိုအျဖစ္မ်ိဳးေတြ ထပ္မေတြ႕ခ်င္ ေတာ့ဘူး” ဟုလည္း ကိုေမာင္ေမာင္ေသာ္က ျပတ္ျပတ္သားသား ဆိုသည္။

စစ္အာဏာသိမ္းၿပီးေနာက္ လက္နက္ကိုင္ေတာ္လွန္ေရးသမား ကိုေမာင္ေမာင္ေသာ္ျဖစ္လာသူ အ႐ွင္ပညာ သီရိ သီတင္းသုံးေနထိုင္ခဲ့ရာ မႏၲေလးၿမိဳ႕တြင္ သံဃာေတာ္အခ်ိဳ႕ ဖမ္းဆီးခံထားရသည္။ ျမန္မာႏိုင္ငံတြင္ ပဋိယတၱိစာသင္တိုက္ အမ်ားဆုံးတည္႐ွိရာ မႏၲေလးၿမိဳ႕တြင္ သံဃာေတာ္မ်ားဦးေဆာင္ေသာ စစ္အာဏာ ႐ွင္ဆန္႔က်င္ေရး ဆႏၵျပပြဲမ်ားလည္း ေန႔စဥ္ျဖစ္ေပၚေနဆဲျဖစ္သည္။

အ႐ွင္ပညာသီရိနည္းတူ ရဟန္းဘဝကို စြန္႔လႊတ္ၿပီး လက္နက္ကိုင္အဖြဲ႕အစည္းမ်ား႐ွိရာ ေတာထဲေရာက္႐ွိ ေနသည့္ သံဃာေတာ္မည္ေ႐ြ႕မည္မွ် ႐ွိသည္ကိုမူ မသိရေသးေပ။

Credit Myanmar Now Media

unicode

စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ၁၁ ဝါရနေပြီဖြစ်သော ရဟန်းဘဝကို စွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာသူမှာ အရှင်ပညာသီရိတဖြစ်လဲ ကိုမောင်မောင်သော်ဖြစ်သည်

မန္တလေးမြို့မှ သံဃာတစ်ပါးဖြစ်သော အရှင်ပညာသီရိသည် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်တော်လှန်ရေးသမား ကိုမောင်မောင်သော်ဖြစ်လာသည်။ဓာတ်ပုံပါ နောက်ခံရှုခင်းအရ တောတောင်နက်သည်ဟု ယူဆနိုင်သည်။ သစ်ပင်တစ်ပင်အောက်တွင် ပြောက်ကျားစစ်ဝတ်စုံဖြင့် လူတစ်ဦးထိုင်နေသည်။

လက်တစ်ဖက်ဖြင့် ဗုံးသီးတပ်ထားသော လောင်ချာသေနတ်ကိုင်လျက် အခြားလက်ဖြင့် အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသား လက်သုံးချောင်း ထောင်ပြထားသည်။လောင်ချာသေနတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသူ ခပ်ပြောင်ပြောင် မဟာနဖူးပိုင်ရှင်၏ ရုပ်သွင်မှာ တစ်စုံတစ်ရာကို ယတိပြတ်ဆုံးဖြတ်ထားဟန်ရှိသည်။

သူသည် များမကြာမီကမှ ရဟန်းတို့ ရွတ်ဖတ် သရဇ္ဈယ်ရသော ကမ္မဝါကို လက်လွှတ်ခဲ့သူဖြစ်သည်။ “လူသတ်ဖို့ဆိုတာ လူသားတစ်ယောက်အနေနဲ့ ခဲယင်းတဲ့အလုပ်ပါဗျာ။ ဒါပေမဲ့ စနစ်တစ်ခုကို တိုက်တဲ့ပွဲဗျ။ ဒီတိုက်ပွဲမှာ လူသတ်ချင်လည်း သတ်ရမယ်။ မသတ်ချင်လည်း မသတ်ရဘူး။ လူသတ်ရမယ်လို့ ခံယူထားတာ မဟုတ်ဘူး။

ကံဆိုတဲ့အလုပ်တစ်ခုနဲ့ပဲ ဒီစနစ်တစ်ခုကို တိုက်ယူနေကြတယ်” ဟု ရဟန်းဘဝကို စွန့်လွှတ်ခဲ့သူ မဟာနဖူးပိုင်ရှင်က ဆိုသည်။ သူ၏အမည်မှာ ကိုမောင်မောင်သော်ဖြစ်သည်။ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ရဟန်းပျိုဘဝကို စွန့်လွှတ်ခဲ့သူ မန္တလေးမှ ရဟန်းပျိုတစ်ပါးဖြစ်သည်။ ရဟန်းဘွဲ့အမည်မှာ အရှင်ပညာသီရိဖြစ်သည်။ ဗုဒ္ဓတက္ကသိုလ်တွင် နောက်ဆုံးနှစ်တက်ရောက်ခဲ့သူလည်း ဖြစ်သည်။

မေလလယ်ပိုင်းတွင် ရဟန်းဝါ ၁၁ ဝါ ရနေပြီဖြစ်သော ရဟန်းဘဝကို စွန့်လွှတ်ရန် အရှင်ပညာသီရီ ဆုံးဖြတ်ခဲ့သည်။ မေလ ၁၆ ရက်နေ့အထိ အာဏာသိမ်းမှုကိုဆန့်ကျင်သော မန္တလေးမြို့မှ သံဃာ့သပိတ်စစ်ကြောင်းတွင် အရှင်ပညာသီရိ နေ့စဉ်ရက်ဆက် ပါဝင်ဆန္ဒပြခဲ့သည်။

အရှင်ပညာသီရိမှာ အာဏာသိမ်းစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် မခံမရပ်နိုင်ဖြစ်လာသည့်အဆုံး လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် ရင်းနှီးသည့် ရဟန်းဖော်တစ်ဦးနှင့် တိုင်ပင်ဖြစ်ခဲ့သည်။ မိဘနှစ်ပါးလုံး မရှိတော့သည့်အပြင် မွေးချင်းမောင်နှမများနှင့်လည်း ဝေးကွာနေသူ စာသင်သားရဟန်းတစ်ပါးဖြစ်နေရာ အခြားတိုင်ပင်စရာ လူမရှိပေ။

အာဏာသိမ်းမှုကို ဆန့်ကျင်သော မန္တလေးမြို့မှ သံဃာ့သပိတ်စစ်ကြောင်းတွင် အရှင်ပညာသီရိ နေ့စဉ်ရက်ဆက် ပါဝင်ဆန္ဒပြခဲ့သည်။နောက်ပိုင်းတွင် ပြည်နယ်တစ်ခုရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံ သွားရောက်ရန် အဆက်အသွယ်ရသည်။ PDF ထဲဝင်လိုသူ လူငယ်တချို့နှင့်အတူ လက်နက်ကိုင်တော်လှန်ရေး စတင်ရန် အရှင်ပညာသီရိ မန္တလေးမြို့မှထွက်ခဲ့သည်။ ရဟန်းဝတ်ဖြင့် သူတစ်ဦးတည်းသာဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှိရာ လွတ်မြောက်နယ်မြေရောက်ရှိရန် သုံးညအိပ် လေးရက်ခရီးကြာ ကားဖြင့် အဆင့်ဆင့်သွားခဲ့ရသည်ဟု ဆိုသည်။ သင်္ကန်းဝတ်ဖြင့်ပင် ခရီးသွားခဲ့ခြင်းဖြစ်ကာ လွတ်မြောက်နယ်မြေမရောက်မီ မြို့တစ်မြို့တွင် လူဝတ်လဲခဲ့သည်ဟု ကိုမောင်မောင်သော်က ပြောသည်။

သာမဏေငယ်များပါမချန် ရဟန်းသံဃာများအပေါ် စစ်သားများ၏ ရိုင်းစိုင်းကြမ်းကြုတ်မှုကို လက်တွေ့ ကြုံခဲ့ရပြီးနောက် ခံပြင်းစိတ်ဖြင့် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် ဆုံးဖြတ်ဖြစ်ခဲ့သည်ဟု အရှင်ပညာသီရိတစ်ဖြစ်လဲ ကိုမောင်မောင်သော်က ဆိုသည်။

“ကိုရင်လေးတွေ ဖယောင်းတိုင်လေးတွေနဲ့ ဒီတိုင်းပဲ ငြိမ်းချမ်းအောင်လို့ ဆုတောင်းပြီး မေတ္တာသုတ်လေး ရွတ်တာ။ ဒါမျိုးတွေကို ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ဖယောင်းတိုင်တွေကို တက်နင်းချေဖျက်။ အဲဒီလိုမျိုးတွေ လုပ်သွားတာ။ ကျောင်းတိုက်ထဲကို သေနတ်ပြောင်းကြီးတွေချိန်ပြီး ဟေ့ကောင်တွေဆိုပြီး ဝင်လာတာမျိုးတွေ။ တော်တော်လေးကို ခံပြင်းသွားတာ” ဟု ၎င်းက ပြောသည်။

“လူထုအကုန်လုံးပေါ့။ ကျွန်တော်တစ်ယောက်တည်းအတွက်ဆိုရင်တော့ အထူးအထွေ ဘာမှပြောစရာ မရှိဘူးပေါ့။ ဒါပေမယ့် လူထုအများကြီးအတွက်ဆိုရင်တော့ တော်တော်လေး ဘဝနာစရာကောင်းသလို စိတ်ထဲလည်း ခံပြင်းစရာကောင်းတယ်” ဟုလည်း စစ်အာဏာသိမ်းမှုအပေါ် ရဟန်းလူထွက် ကိုမောင်မောင်သော်က မှတ်ချက်ပြုသည်။

စစ်အာဏာရှင်အောက်တွင် ဖောက်ပြန်နေသော စစ်သားများနှင့် ရဲများကို မြင်တွေ့ရင်းက အရှင်ပညာသီရိ သီတင်းသုံးရာ တောင်မြို့ခေါ် အမရပူရရှိ တောင်သမန်အင်းအနီးမှ နာမည်ကျော်စာသင်တိုက်ကြီးကို ကျောခိုင်းရန် ဖြစ်လာသည်။ (ထိုနာမည်ကျော် စာသင်တိုက်ကြီးမှ အရှင်ပညာသီရိ ပထမကြီးတန်း အောင်မြင်ခဲ့သည်။) ငြိမ်းချမ်းအေးမြသော အရှင်ပညာသီရိ၏ ရဟန်းဘဝကို စစ်အာဏာရှင်က ဖျက်ဆီးခဲ့သည်။

အရှင်ပညာသီရိမှာ ရဟန်းဘဝဖြင့် အရိုးထုတ်မည် စိတ်ကူးခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် မြင့်မြတ်သော ရဟန်းဘဝကို လမ်းခုလတ်တွင် စွန့်လွှတ်ခဲ့ရသည်။ ကမ္မဝါကို လောင်ချာဖြင့် လဲကိုင်ခဲ့ရသည်။

လူမဆန်လှသော စစ်အာဏာရှင်ဖြုတ်ချရေး မဟုတ်ပါခဲ့ပါလျှင် ပါရာဇိကလေးပါး အပါအဝင် ၂၂၇ သွယ်သော သိက္ခာပုဒ်များကို စောင့်ထိန်းရသူ ရဟန်းတစ်ပါးအတွက် လက်နက်ကိုင်လမ်းစဉ်က လွန်စွာ ခက်ခဲမည်ဖြစ်သည်။ သို့သော် ကံကံ၏အကျိုးအားဖြင့် လက်တွေ့ကျရမည်သာဖြစ်ကြောင်း ရဟန်းလူထွက် ကိုမောင်မောင်သော်က ဆိုသည်။

“ကျွန်တော် ခံယူထားတာကတော့ ရဟန်းဖြစ်ရင် ရဟန္တာလိုကျင့်ရမှာပဲ။ တော်လှန်ရေးစစ်သားတစ်ယောက်ဖြစ်ပြီဆိုတဲ့ အခါကျတော့ ဘီလူးလိုကျင့်သင့်ရင် ကျင့်ရမှာပါ။ အဲဒီတော့ လက်တွေ့ဘဝနဲ့ တူညီချင်မှ တူညီမှာ။ အကုန်လုံး လွှတ်ပစ်ရတာပဲ။ ဒါပါပဲ ဘဝဆိုတာက” ဟု သူက ဆိုသည်။

အာဏာရှင်ဖြုတ်ချရေး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရသော်လည်း ကိုမောင်မောင်သော်မှာ ငယ်စဉ်ကတတည်းက ဘာသာရေးစာပေများကို လိုက်စားခဲ့သူဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် လောကီပညာရေးကို အဆုံးသတ်ကာ လောကုတ္တရာအတွက် ၂၀၀၈ ခုနှစ်တွင် သင်္ကန်းစီးခဲ့သည်။

“ဗုဒ္ဓပြောခဲ့တာတွေကရော အဲလိုဟုတ်သလား။ လူအများစုပြောနေကြတဲ့ အမှန်တရားနဲ့ ဗုဒ္ဓတကယ်ပြောခဲ့တဲ့ အမှန်တရား။ ကိုယ်တိုင်ရှာဖွေလေ့လာမှပဲ အမှန်တရားကို သိမှာလေဗျာ။ အဲဒီလိုစိတ်မျိုးနဲ့ပဲ ကျွန်တော် သာသနာ့ဘောင် စဝင်ပြီး ပါဠိစာပေ လေ့လာခဲ့တယ်၊ သာသာရေးစာပေတွေ လေ့လာဖြစ်ခဲ့တယ်” ဟု လူဝတ်ကြောင်ပယ်ကာ ရဟန်းဝတ်ဖြစ်ခဲ့ပုံကို ကိုမောင်မောင်သော်က ရှင်းပြသည်။

နံနက်အိပ်ယာထ ဆွမ်းခံထွက်။ ကျောင်းပြန်ရောက် စာပေခဏလေ့လာ။ ဆွမ်းစား။ ဆွမ်းစားပြီး စာဝါသွားတက်။ ညနေဘက်ကျောင်းပြန်ရောက် ရေမိုးချိုး။ ညပိုင်းဘုရားဝတ်တက်၊ နေ့ခင်းဘက်က လေ့လာထားသည်များ ပြန်လေ့လာ။ ဤသည်ကား အရှင်ပညာသီရိ၏ ငြိမ်းအေးသော ရဟန်းဘဝ နေ့စဉ်ဖြတ်သန်းမှုများဖြစ်သည်။

ရဟန်းဘဝတွင် ဦးဦးဖျားဖျား လှူဒါန်းသည့် ဆွမ်းကွမ်းကို ဘုဉ်းပေးကာ သက်သောင့်သက်သာ နေနိုင်ခဲ့သော်လည်း လူဝတ်ကြောင်ဘဝဖြင့် လက်နက်ကိုင်တော်လှန်ရေးသမားဘဝတွင် အနေအစားက ဆင်းရဲချင်တိုင်း ဆင်းရဲတော့သည်။

တောထဲတောင်ထဲတွင် ပုံမှန်စားရသည်က ထမင်းကြမ်းကြမ်းနှင့် ဟင်းရည်ကျဲကျဲသာဖြစ်သည်။ ပင်တိုင်ဟင်းလျာများမှာ ပဲ၊ အားလူးနှင့် ခရမ်းသီးဖြစ်သည်။ အလှူရှင်ရှင်ပေါ်မူတည်ပြီး အသားငါးဟင်းလျာ စားရသည်။ တခါတရံသာဖြစ်သည်။ အများအားဖြင့် တစ်ပတ်တစ်ကြိမ်ဖြစ်သည်။ တချို့သီတင်းပတ်များတွင်လည်း နှစ်ကြိမ်မှသုံးကြိမ်အထိ စားရတတ်သည်။

“အစားအသောက်နဲ့ ပတ်သက်လို့ ဘဝမျက်ရည်လို့ နာမည်ပေးထားတဲ့ စွန်တန်ဟင်းရည်။ မျက်လုံးထဲမှာ အဲဟင်းရည်ကို သစ်ရွက်ခြောက်ကို ရေနွေးနဲ့ရောသောက်နေတာလို့ မြင်တာပဲ။ ဟင်းဆိုတာ ခရမ်းသီး၊ မုန်ညှင်း၊ ဂေါ်ဖီ၊ တခါတလေ ပဲဟင်းရည်ကျဲနဲ့ ငါးနီတူ။ Ready Made (အသင့်စား) အထုတ်ကြော်ကျွေးတဲ့နေ့တော့ အတော်စားမြိန်တာဗျ။ ငှက်ပျောအူလည်း သုံးခါလောက် ချက်စားလိုက်ရတယ်။ အအိပ်အစား အနေအထိုင်ဆိုတာ ရဟန်းဘဝနဲ့ အကုန်ပြောင်းပြန်ပါ” ဟု ကိုမောင်မောင်သော်က ဆိုသည်။

သင်တန်းတည်နေရာသို့ ရိက္ခာရောက်ရန် အခက်အခဲရှိကြောင်း၊ ဆယ်ယောက်တစ်ဝိုင်း ထမင်းစားရကြောင်းနှင့် ဝက်သားကို ဗြောင်ချက်ကျွေးလေ့မရှိဘဲ ဂေါ်ဖီ၊ မုန့်ညှင်း တစ်ခုခုဖြင့် ရောကျွေးလေ့ရှိကြောင်းလည်း ကိုမောင်မောင်သော်က ဆိုသည်။

သို့သော် အနေအစားဆင်းရဲခြင်းက စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ရဟန်းဘဝကိုပင် စွန့်ပစ်လာသူ ကိုမောင်မောင်သော်၏ စိတ်အားထက်သန်မှုကို တားဆီးနိုင်စွမ်း မရှိပေ။

“ရဟန်းဖြစ်ရင် ရဟန်းလို ကျင့်ကြံရမယ်။ တော်လှန်ရေးစစ်သားဖြစ်ရင်တော့ တော်လှန်ရေးလိုပဲ ကျင့်ရမယ်ဆိုပြီးတော့ ခံယူထားတာပေါ့။ အခုဆိုရင်တော့ ကိုယ့်ရိက္ခာ၊ ကိုယ့်လက်နက်အပြည့်အစုံနဲ့ တောတောင်ကို အများကြီး ခရီးသွားလာနေနိုင်ပြီ။ အများကြီး နေသားကျနေပြီ” ဟု ဆိုလာသော ကိုမောင်မောင်သော်၏ အသံတွင် သာသနာ့အနွယ်ဝင် ရဟန်းတစ်ပါး၏ လေယူလေသိမ်းရောစွက်လျက်ရှိသည်။

“လူပေါင်းစုံနဲ့ နေရတဲ့အခါကျတော့ တစ်ခါတလေ အရေးမပါတာမျိုးလေးတွေ ကြုံတွေ့ရတာပေါ့လေ။ မခံချိမခံသာဖြစ်ရတာမျိုးတွေပေါ့။ ဒါပေမဲ့ အခုတော့ အားလုံးနေသားကျသွားပါပြီ။ ခန္ဓာကိုယ်လည်း တော်တော် သန်မာလာပါပြီ” ဟု ကိုမောင်မောင်သော်က ဆိုသည်။

ဓာတ်ပုံများတွင် တွေ့ရသော ကိုမောင်မောင်သော်၏ ရုပ်သွင်မှာ တကယ့်စစ်သားကြီးနှယ်ဖြစ်သည်။ ဗုံးသီးတပ်ဆင်ထားသော လောင်ချာသေနတ်ကို ယုံကြည်ချက်အပြည့်ဖြင့် ကိုင်ထားသည်။ အထက်အောက် ပြောက်ကျားစစ်ဝတ်စုံနှင့် စစ်သုံးရှူးဖိနပ် ဝတ်ဆင်ထားသည်။ အပေါ်မှ ထပ်လျက်ဝတ်ဆင်ထားသော စစ်သုံးဂျက်ကက်တွင် ရေဘူးနှင့် အခြားအသုံးအဆောင်များ ထည့်သွင်းထားသဖြင့် အရှင်ပညာသီရိဘဝမှ ကိုမောင်မောင်သော်ဖြစ်လာသူ တော်လှန်ရေးစစ်သားအသွင်မှာ ပို၍ ဝင့်ထယ်လျက်ရှိသည်။

သေနတ်ကိုင် တော်လှန်ရေးတပ်သားတစ်ဦးအဖြစ် လွယ်လွယ်ကူကူ ဖြစ်လာသည်တော့ မဟုတ်ပေ။ ကြမ်းတမ်းလှသော သုံးလတာ စစ်သင်တန်းကို အပတ်တကုတ် တက်ခဲ့ရသည်။ ပဋိယတ္တိစာပေနှင့်သာ နပန်းလုံးခဲ့ရသော အရှင်ပညာသီရိအတွက် ပို၍ခက်ခဲ ကြမ်းတမ်းခဲ့မည်မှာ အမှန်ပင်။

စစ်သင်တန်းပေးသည့်နေရာ ရောက်ပြီးနောက်တစ်ရက်မှာပင် နံနက် ၄ နာရီထကာ ပြေးခြင်း၊ ဒိုက်ထိုးခြင်း၊ တန်းဆွဲခြင်း စသော ကိုယ်ကာယလေ့ကျင့်ခန်းများ အပြင်းအထန် ပြုလုပ်ရသည်။ အချိန်အားဖြင့် ပုံမှန် ၄၅ မိနစ်ကြာဖြစ်သည်။ ကာယလေ့ကျင့်ခန်းအပြီး နံနက် ၈ နာရီခန့်သည် နံနက်စာစားချိန်ဖြစ်သည်။

ထို့နောက်တွင် စစ်ရေးပြလေ့ကျင့်ခြင်း အပါအဝင် စစ်လက်နက်တပ်ဆင်ခြင်း၊ အပစ်အခတ်လေ့ကျင့်ခြင်း များကို ဆက်တိုက်လေ့ကျင့်ရသည်။ နေ့ခင်းပိုင်းတွင် တစ်နာရီခန့် နားခွင့်ရရှိသည်။ ညနေပိုင်းတွင် စစ်ရေး ဗျူဟာအတွက် လိုအပ်သော စစ်ရေးအခေါ်အဝေါ်များ၊ အခြားဗဟုသုတဖြစ်ဖွယ် သင်ခန်းစာများ သင်ယူ ရသည်။ တစ်နေ့တာ သင်တန်းပြီးဆုံးချိန်မှာ ည ၉ နာရီဖြစ်သည်။

“သင်တန်းသုံးလစလုံးကတော့ အချိန်ဇယားအတိုင်းပဲပေါ့။ မနက် ၄ နာရီထ၊ နေကုန်နေခမ်းပါ။ သင်တန်း ဆရာကလည်း တော်လှန်ရေးဆိုတာ ပျော်စရာမကောင်းလို့ ပြောမှတော့ တကယ်လည်း ပျော်စရာတော့ မကောင်းပါဘူး။ သင်တန်းပြီးတဲ့နောက်ပိုင်းမှာတော့ ရှေ့တန်းရဲဘော်တွေ ကြုံတွေရတဲ့အတိုင်းပါပဲ” ဟု ကိုမောင်မောင်သော်က ရှင်းပြသည်။

လက်ရှိတွင် အရှင်ပညာသီရိတဖြစ်လဲ ကိုမောင်မောင်သော်မှာ သုံးလတာ စစ်သင်တန်းပြီးမြောက်၍ စစ်ကောင်စီတပ်ရင်းတစ်ခုနှင့် အနီးဆုံးနေရာဖြစ်သည့် ရှေ့တန်းစစ်မြေပြင်ကိုပင် ရောက်ရှိနေပြီဖြစ် သည်။ စစ်သင်တန်းပြီးဆုံးသော်လည်း တောထဲတောင်ထဲ၌ တစ်နည်းတစ်ဖုံ ဒုက္ခဆင်းရဲကြုံတွေ့နေရ ဆဲဖြစ်သည်။

“ဒီဘက် (စစ်သင်တန်းနေရာ) က ဖြုတ်တွေက သေးသေးလေးနဲ့ သွေးတအားစုပ်တာ။ အခုထိလည်း ခြေထောက်တွေက အဖုတွေချည်းပဲ။ အခုရှေ့တန်းမှာလည်း ခြင်ရောဖြုတ်တွေရော ဘာကောင်သေး သေးလေးတွေ မှန်း မသိတာတွေလည်း ကိုက်တယ်” ဟု စစ်မြေပြင်ရောက် ကိုမောင်မောင်သော်က ရှင်းပြသည်။

သို့သော်ငြားလည်း အရှင်ပညာသီရိမည်သော ရဟန်းဘဝကို စွန့်လွှတ်ခဲ့သူ ကိုမောင်မောင်သော်တစ် ယောက် အဖြစ်ချင်ဆုံး တော်လှန်တပ်သားတစ်ဦးဖြစ်လာခဲ့သည်။ ခေတ်အဆက်ဆက်စစ်အာဏာရှင်များ ကြောင့် တရားမျှတမှု ပျောက်ဆုံးခဲ့ရသည်ဖြစ်ရာ ပြည်သူလူထု၏ တောင့်တမှု နှင့်အတူ ပေါ်ပေါက်လာ သော နွေဦးတော်လှန်ရေးလှုပ်ရှားမှုများအပေါ် ယုံကြည်သည်ဟုလည်း အရှင်ပညာသီရိတဖြစ်လဲ ကိုမောင်မောင်သော်က ဆိုသည်။

“အကြမ်းမဖက်တဲ့ ငြိမ်းချမ်းရေးဓမ္မလမ်းစဉ်နဲ့ ကျွန်တော်တို့တွေ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တာ။ ကျွန်တော်တို့ အဖေတွေအမေတွေ လက်ထက်လည်း တောင်းဆိုခဲ့တာပဲ။ ဒါပေမဲ့ ဒီအာဏာရှင် လူတန်း စားက အမြစ်မပြတ်ဘဲနဲ့ တစ်ခါထပ်ထွက်လာခဲ့တာဆိုတော့ ဒီနိုင်ငံမှာ ဒီလိုအဖြစ်မျိုးတွေ ထပ်မတွေ့ချင် တော့ဘူး” ဟုလည်း ကိုမောင်မောင်သော်က ပြတ်ပြတ်သားသား ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးသမား ကိုမောင်မောင်သော်ဖြစ်လာသူ အရှင်ပညာ သီရိ သီတင်းသုံးနေထိုင်ခဲ့ရာ မန္တလေးမြို့တွင် သံဃာတော်အချို့ ဖမ်းဆီးခံထားရသည်။ မြန်မာနိုင်ငံတွင် ပဋိယတ္တိစာသင်တိုက် အများဆုံးတည်ရှိရာ မန္တလေးမြို့တွင် သံဃာတော်များဦးဆောင်သော စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း နေ့စဉ်ဖြစ်ပေါ်နေဆဲဖြစ်သည်။

အရှင်ပညာသီရိနည်းတူ ရဟန်းဘဝကို စွန့်လွှတ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများရှိရာ တောထဲရောက်ရှိ နေသည့် သံဃာတော်မည်ရွေ့မည်မျှ ရှိသည်ကိုမူ မသိရသေးပေ။

Credit Myanmar Now Media

Add a Comment

Your email address will not be published. Required fields are marked *