မိသားစုသုံးယောက်လုံးကို တစ်ပတ် အတွင်း ဆုံးရှုံးလိုက်ရ တဲ့ အ‌ကြောင်းကို ရင်ဖွင့်ပြောပြ လာ တဲ့ အဆိုတော်ဗီဗာဟိန်း ရဲ့ ဗီဒီယို

ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဗီဗာဟန်းဟာဆိုရင် မြူးမြူးကြွကြွသီချင်းတွေကိုသီဆိုရင်းပရိတ်သတ် အားပေး ချစ်ခင်ရတဲ့အောင်မြင်နေတဲ့ ဂီတအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ဗီဗာဟိန်းကတော့ အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် ဗိုလ်ဟိန်းနဲ့ အဆိုတော်ဗိုလ်မဆိုတဲ့တေးသံရှင်တွေရဲ့ မျိုးဆက်သစ်အဆိုတော်တစ်ဦးပဲဖြစ်ပြီး rap အဆိုတော်ရှိုင်းလင်းအောင်ရဲ့ညီမလေးလည်းဖြစ်ပါတယ်နော်…။

မြန်မာနိုင်ငံအနှံ့အပြားလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ ပတ်သတ်ပြီးအောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်ပေါင်း များစွဆုံးရှုံးနေရ ပါတယ်။ ကိုဗစ်ကြောင့်အသက်ဆုံးရှူံးရတဲ့ သူတွေထဲမှာအဆိုတော် ဗီဗာဟိန်းရဲ့မိဘနှစ်ပါးနဲ့အစ်ကိုဖြစ်သူတို့ အပါအဝင်ပဲဖြစ်ပါတယ်နော်။ဖခင်ဖြစ်သူကြီးကွယ်လွန်သွားပြီရက်ပိုင်းအကြာမှာ မိခင်ကိုထပ်မံဆုံးရှုံ့းရတာဖြစ်ပြီး နောက်ထပ်မကြာခင်ရက်ပိုင်းမှာ ထပ်မံပြီး အစ်ကိုဖြစ်သူကွယ်လွန်သွားတာပဲဖြစ်ပါတယ်နော်။မိသားစု လေးယောက်မှာသုံးယောက်ကတစ်ပတ်အတွင်း ရှေ့ဆင့်နောက်ဆင့် ထွက်ခွါသွားခဲ့တဲ့ ဗီဗာဟိန်းရဲ့အဖြစ်ကတော့တကယ်ကိုဆိုးလွန်းပါတယ်နော်…။

ဒီလိုမိသားစုတွေရှေ့ဆင့်နောက်ဆင့်ဆုံးရှုံးသွားလို့ရင်ကွဲမတတ်ခံစားခဲ့ရတဲ့ သူမရဲ့ခံစားချက်တွေကို အင်တာဗျူးတစ်ခုကနေတစ်ဆင့် ရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ဗီဗာဟိန်းက အဖေသေတော့ မငိုရဲခဲ့ဘူး အမေသိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ကိုယ်ဟာကိုစိတ်ထဲမှာပဲကြိတ်ပြီးခံစားနေခဲ့ရတယ်။အနားမှာဘယ်သူမှမရှိပဲတစ်ယောက်ထဲ ရင်ကွဲယုံကြီးထဲမှာ မိဘနှစ်ပါးနဲ့အစ်ကိုကြီးရဲ့အလောင်းကိုကြည့်ပြီး ရင်ကွဲမတတ်ခံစားနေခဲ့ရတာတွေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။မိသားစုတွေဆုံးရှုံးရတာနဲ့ပတ်သက်ပြီး သူမခံစားနေရတာကိုရင်ဖွင့်ပြောပြလာတဲ့ ဗီဗာဟိန်းရဲ့အင်တာဗျူးဗီဒီယိုလေးကိုအခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်.။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်…။

Source and Video Credit ; Myanmar Celebrity TV

Credit ; Celebrity Platforms

Add a Comment

Your email address will not be published.