သူ့ရဲ့”မျှော်လင့်ချက်”တွေအကြောင်း ​ပရိသတ်ကို ရင်ဖွင့်ပြောပြလာတဲ့ ဇာတ်မင်းသားလေး ဖိုးချစ်..

ဇာတ်မင်းသားချောလေး ဖိုးချစ်ကတော့ အောင်မြင်လျှက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာမှ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မိန်းကလေး ပရိသတ်တွေသာမက ယောကျာ်းလေး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အခိုင်အမာ ရယူထားနိုင်ခဲ့တဲ့ ဖိုးချစ်ကတော့ ချောမောလှပတဲ့

ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ဇာတ်သဘင် လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့

ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်ပါတယ်။ဇာတ်မင်းသားချောလေး ဖိုးချစ်ကတော့ စစ်ကိုင်းယူနိုက်တတ်

ဘောလုံးအသင်းရဲ့ အသင်းပိုင်ရှင် တစ်ယောက်လည်းပဲ ဖြစ်ပါတယ်။ဖိုးချစ်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနိုင်ခဲ့ပြီး အောင်မြင်နေတဲ့ သရုပ်ဆောင်

တစ်ယောက်လည်း ဖြစ်ပါတယ်။ဒါအပြင် ဖိုးချစ်ကတော့ တပ်မတော်က အာဏာသိမ်းယူမှုကို ကန့်ကွက်ခဲ့ပြီး လမ်းမပေါ်ထိထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း ဖိုးချစ်က သူရဲ့လူမှုကွန်ယက် စာမျက်နှာထက်ကနေ speak out လုပ်ရုံသာမက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့လည်း လှုံဆော်ခဲ့ပါသေးတယ်။

ဖိုးချစ်ဟာ တပ်မတော်က အာဏာထိန်းသိမ်းပြီးနောက် မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ နှုတ်ထွက်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ဒီကနေ့မှာတော့

ဖိုးချစ်က သူရဲ့မျှော်လင့်ချက်ကို ယခုလိုပဲ သူရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေလာခဲ့ပါတယ်။”မျှော်လင့်ချက်”ခွန်အားဖြစ်စေတယ်..

ယုံကြည်မှုမြင့်မားစေတယ်…..အားအင်တိုးစေတယ်…..တစ်ခါတစ်ရံတော့..အဲ့ဒီမျှော်လင့်ချက်ကြောင့်ပဲ စိတ်ခွန်အားကျစေတယ်

အားအင်ယုတ်လျော့စေတယ်……..ဒါကြောင့် ခွန်အားဖြစ်စေတဲ့ မျှော်လင့်ချက် အားအင်တိုးစေတဲ့ မျှော်လင့်ချက် ယုံကြည်မှုတိုးစေတဲ့ မျှော်လင့်ချက်ပဲ

ရအောင်ထားပါ။ဖိုးချစ်”ဆိုပြီးတော့ ရေးသားလာခဲ့တာပါ။စာဖတ် ပရိတ်သတ်ကြီးများအတွက် ပြန်လည်ကူးယူပြီး တင်ဆ က်ပေးလိုက်ရပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *