အိန္ဒြာကျော်ဇင်နဲ့ ပတ်သက်ပြီး ထူးဆန်းစွာမက် ခဲ့ တဲ့ အိပ်မက်အကြောင်းကို ပြောပြ လာ တဲ့ မိတ်ကပ် ခင်ဆန်းဝင်း

အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ထိပ်တန်းကနေ ရပ်တည်လျှောက်လှမ်းနေတဲ့ အကယ်ဒမီမင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ လတ်တလောမှာတော့ ပုဒ်မ ၅၀၅နဲ့ အရေးယူထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

ချစ်ရတဲ့ ပရိသတ်တွေရော အနုပညာရှင် အသိုင်းအဝိုင်းကပါ အူဝဲကိုဒီကနေ့အထိ မမေ့နိုင်ဘဲ ပြန်လည်လွတ်မြောက်လာဖို့ကိုပဲ ဆုတောင်းပေးနေကြတာလည်းဖြစ်ပါတယ် ။

မကြာခင်နာရီပိုင်းလောက်ကလည်း မိတ်ကပ် ခင်ဆန်းဝင်းက အူဝဲနဲ့ပတ်သက်ပြီး ထူးဆန်းစွာ အိပ်မက်မက်ခဲ့တဲ့ အကြောင်းကို ရေးသားဖော်ပြလာပါတယ် ။

” ညကအူဝဲကိုအိပ်မက်မက်တယ် မြန်မာဝတ်စုံဝမ်းဆက်လေးနွမ်းနွမ်းလေးဝတ်ထားတယ် အသားတွေလဲညိုသွားတယ် ကိုယ့်ကိုတွေတော့ဖက်ပြီးငိုလိုက်တာလေ ကိုယ်ကလဲဖက်ပြီးငို သားအမိနှစ်ယောက်ဖက်ပြီးငိုလိုက်ကြတာလေ ကျမသမီးလေးကျန်းမာချမ်းသာပြီးအန္တရယ်ကင်းဘေးရှင်းပါစေ အချုပ်အနှောင်ကအမြန်ဆုံးလွတ်မြောက်ပါစေ ” ဆိုပြီး ရေးသားဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း အူဝဲလည်း အမြန်လွတ်မြောက်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khin San Win

Add a Comment

Your email address will not be published. Required fields are marked *