အကြွေးတွေနဲ့ ပတ်လည်ဝိုင်းနေပေ မယ့် အပြုံးမပျက်ဘဲ သူဌေး ဂိုက်ဖမ်းကာ နေထိုင်နေဆဲဖြစ်တဲ့ ဇင်သဲနိုင်
|ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုင်ဇေရဲထွန်းရဲ့ ဇနီး ဇင်သဲနိုင်ဟာ ယောက္ခမတွေပိုင်တဲ့ ခြံကိုတောင် ပေါင်နှံခဲ့သူအဖြစ် လူသိများလှပါတယ်နော်။ လူကုံထံအသိုင်းအဝိုင်းဝင်ဆန့်အောင် သူဌေးမသဖွယ် နေထိုင်ပေမယ့်လည်း သူ့ရဲ့မကောင်းသတင်းတွေကတော့ နားနဲ့မဆန့်အောင်ကို ကြားနေရပါတယ်နော်။ ကျောက်လောကမှာလည်းနာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဇင်သဲနိုင်ရဲ့ သတင်းအပြည့်အစုံကို ဖော်ပြပေးလိုက် ရပါတယ်နော်။
” ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါင်ဇေရဲထွန်းနဲ့ ခိုးရာလိုက်ပြေးသူလေး၊
ယောက္ခမကို ဘုရားတစ်ဆူ ဂူတစ်လုံးနှယ် ပူဇော်ပသ အလေးအမြတ်ထားသူလေး၊
ပေါင်ဇေရဲထွန်းက အဖြစ်မရှိလို့ ကလေးထိန်းတာဝန်အပြင် စီးပွားရှာတာဝန်ပါ ယူရသူလေး၊
စီးပွားရှာတဲ့ အနေနဲ့ အစဦးစွာ ကျောက်လောကမှာ နာမည်ကောင်းနဲ့ သတင်းကြီးသူလေး၊
လူ A ထံက အပေါင်ခံတဲ့ ကျောက်ကို လူ B ထံ ဈေးကွက်ထဲမရှိတဲ့ဈေးနဲ့ လှည့်ရောင်းချခြင်းဖြင့် ကျောက်လောက ဈေးဘောင်ဖျက်သူလေး၊
ကျောက်ကုန်သည်တွေ သူ့ဆီသွားရင် ရေတစ်ခွက်နဲ့တောင် ဧည့်မခံခြင်းဖြင့် ဧည့်ဝတ်ပျူငှာသူလေး၊
လင်ရော မယားရော ၀ီ စတန်း ၀စ် မြန်မာအာမီ ပရိုဖိုင်း ဖရိန်ပါတဲ့ ပုံတွေ ဖြုတ်ချထားသူလေး၊
ဆရာတော်ရဝေနွယ်ဆီမှာ လင်ဖြစ်သူ ပေါင်ဇေရဲထွန်းက ကပ္ပိယလုပ်ပြီး ဆရာတော်ရဲ့ ငွေ သိန်း **** (အတိအကျသိတယ်နေိာ သဲရေ ဒါမဲ့ မို့မပြောဘူး ဆရာတော် သိက္ခာရှိလို့) ကို ဖျောင်ပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းသူရဲ့ ချစ်ဇနီးအချောအလှလေး၊
ဂျူလီယာ ကော်လရှင် အမည်နဲ့ ကျောက်လောကထဲ ၀င်လာသူလေး၊
ကျောက်လောကမှာ စွာတယ် ကတ်ကတ်လန်တယ် ကတ်တလီယာပန်းကြီးလို့ ဂုဏ်သတင်းကြီးသူလေး၊
ဂျူလီယာကော်လရှင်ရဲ့အခွဲ “အာ့ထ် အန် ဂျေ မြန်မာ” ဆိုပြီး မြန်မာမှုပြုတဲ့ ရတနာအထည်တွေကို သိန်း ဆယ်ချီနဲ့လစ်မစ်တက်အဒီးရှင်းရောင်းခဲ့သူလေး၊
လစ်မစ်တက်အဒီးရှင်းတွေကို မေရိကန်မမအပြုံးကိုရောင်းချပြီး ဈေးကွင်ဖောက်သူလေး၊
လစ်မစ်တက်အဒီးရှင်းရောင်းပြီး ငွေရှာသော်လည်း ရလာတဲ့ အမြတ်က အကြွေးထက်နည်းနေလို့ နောက်ကော်လရှင်၂ခု ၃ခုလောက်ပဲထုတ်နိုင်ပြီး ပတ်တောပိတ် ချိတ် ဖြစ်သွားသူလေး၊
အကြွေးတအားထူလွန်းလို့ ဂျူလီယာကော်လရှင်မှာ ရောင်းတဲ့ ရတနာအထည်တွေက ကျောက်တွေ ဖြုတ်ရောင်း၊မိုတွေဖြုတ်ရောင်းနဲ့ ၀မ်းရေးဖြေရှင်းနေရသူလေး၊
ကျောက်တွေခွာရောင်းတာအပြင် ယွခမအိမ်ပါ ပေါင်ပြီး ၀မ်းရေးဖြေရှင်းသူလေး၊
အကြွေးထူပေမယ့် Hermès အိတ်၊ Chanel အိတ်တွေ ကိုင်ပြီးကြွယ်ပြသူလေး၊
အကြွေးဒဏ်ဖိစီးလွန်းလို့ Designer အိတ်တွေကို ခဏပဲကိုင်ပြီး ပြန်ရောင်းထုတ်ခဲ့ရသူလေး၊
ကျောက်လောကမှာ အရင်းအနှီးများပြီး ငွေအိပ်တော့ လူမလိမ္မာပေမယ့် ငါးပိလိမ္မာရောင်းသူလေး၊
ငါးပိလိမ္မာရောင်းပြီး မကြာမှီ “မိုင် တေ့ ဘိုင် သဲ” ပေါင်မုန့်တွေဖုတ်လာသူလေး၊
ပေါင်မုန့်ရောင်းတော့လည်း ကာစတန်မာကို စွာလို့ ဂယက်ထခဲ့သူလေး၊
တော်လှန်ရေးကာလအစမှာ SP ဒဏ် နည်းနည်းခံခဲ့ရသူလေး၊
အခု Covid third wave မှာ “၀ီ စတန်း ဝှစ် မြန်မာ အာမီ” ပရိုဖိုငိးပုံကို ဖြုတ်ချလိုက်ပြီး ဆေးရနိုင်မယ့်လိပ်စာတွေညွှန်၊ ပေါင်မုန့်မားကတ်တင်းဆင်းပြီး လူရာဝင်ဖို့ ပြန်လည်ကြိုးစားလာသူလေး၊
မျောက်မူးလဲနေရွှေသွေးအောင်နဲ့ ရင်းနှီးတယ်လို့ သတင်းရသူလေး၊
ပက်ချံမချိပေမယ့် လေးကျွန်းသူ ဖောင်ဒေးရှင်း၊ ၀ိသာခါဖောင်ဒေးရှင်းက သူထေးမတွေနဲ့ အဇမ်းပလူးပလဲဖိတ်ဖိတ်တောက်တွေလုပ်သူလေး၊
အောင်မြင်တဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားသူလေး၊
ထက်မြက်တဲ့ အိမ်ထောင်ရှင် မြန်မာအမျိုးသမီးလေး၊
ဟုတ်ကဲ့ “မမစွာသဲနိုင်” အဲလေ ”ပေါင်သဲနိုင်” အဲမှားပြန်ပြီ 🤧
“ဇင်သဲနိုင်” လို့ ရေးသားထားပါတယ်နော်။