ကြက်ဥကြော်နဲ့ ထမင်းစားနေရပင်မဲ့ နန္ဒာလှိုင်ရဲ့မောင်နှမတွေကို အလကားနီးပါးဖြင့် ပေ(၁၀၀)ပတ်လည်မြေတစ်ကွက်စီ လက်ဆောင်ပေးခဲ့တဲ့ ဇေသီဟ

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ဇေသီဟနဲ့ လက်ထပ်ထားပြီး သမီးသုံးယောက် မွေးထားပါတယ်။ နန္ဒာလှိုင်တို့ တစ်မိသားစုလုံးကို နွေဦးတော်လှန်ရေးတွင် မပါဝင်ခဲ့တဲ့အတွက် ပြည်သူများမှ social Punishment လုပ်နေကြတာပါ။ အခုတစ်ခါလည်း နန္ဒာလှိုင်တို့မိသားစုနဲ့ပတ်သက်ပြီ သ တင်းတစ်ခုထွက်လာပြန်ပါပြီ..။

နန္ဒာလှိုင်ရဲ့ မောင်နှမတွေကို အတူနေစေချင်တဲ့အတွက် ဇေသီဟမှ ပေ (၁၀၀) ပတ်လည် ကျယ်ဝန်းတဲ့ မြေကွက်တွေကို အလကားနီးပါးရတဲ့ဈေးနဲ့ ရောင်းပေး နေတာပါ။ ” 29.8.21 Family Gathering အိပ်ပုတ် တဲ့သူနဲ့ နယ်ရောက်နေတဲ့သူတော့မပါလိုက်ရဘူးမိသားစုတွေ စုပြီး ရှေ့ရေးနောက်ရေးတိုင်ပင်ကြတော့ ကျမ ကိုစိတ်မချတဲ့မနန္ဒာ က မျက်စိအောက်မှာပဲအတူတူနေရအောင်ဆိုပြီး သူတို့မိသားစုနေမယ့်အိမ်လေးရဲ့အရှေ့ Royal မင်္ဂလာဒုံဥယျာဉ်မြို့တော် ဂေါက်ကွင်း အိမ်ရာ မှာမြေ ၅ ကွက်ဝယ်ပြီးမောင်နှမ ၅ ယောက်လုံးကိုပေ ၁၀၀ ပတ်လည်မြေကွက် တယောက် တကွက်စီ ပေးပြီး အသက်ကြီးလာရင် တူတူနေကြဖို့ ဆုံး ဖြတ်ခဲ့ကြပါတယ်..။

ခုလိုအမကြီး ပီသစွာ တာဝန်ကျေလွန်းတဲ့ မနန္ဒာနဲ့ အကိုရင်းတယောက်လို မောင်နှမတွေကို ဂရုစိုက်တတ်တဲ့ ကိုဇေတို့ မိသားစုအားလုံး ––ဘဝတလျှောက်လုံး သူတော်ကောင်းတို့နဲ့သာတွေ့ဆုံနိုင်ပါစေ–မိမိဘာမှမလုပ်ခဲ့ပါဘဲလျှက် အသားလွတ် ဆဲဆိုကျိန်စာတိုက်ခံရခြင်းမှ လွတ်ကင်းပြီးဘဝ တလျှောက်လုံး အေးချမ်းသာ ယာပါစေလိုတိုင်း တတိုင်း ချက်ချင်းပြည့်စုံပြီး ကျန်းမာပျော်ရွှင်ပါစေမောင်နှမတွေကိုလည်း ယခုလို အမြဲတမ်းဖြည့်ဆည်းနိုင်ပါစေ 😁😁

ဒါတောင်အကို ကိုဇေကအိမ်ဆောက်ပေးမလို့ဟာ ယောင်းမ မနန္ဒာက မက်စောင်းထိုးလို့😁😁 ” လို့ နန္ဒာလှိုင်ရဲ့ ညီမမှ ရေးထားပါတယ်။ နန္ဒာလှိုင်ကလည်း ” မောင်နှမတွေအတူတူစုနေချင်လို့မြေ ၅ ကွက်ရောင်းပေးပါအလကားလဲမလိုချင်ပါဘူးဆိုတော့ ၅ ကွက်ပေါင်းမှတကွက်တန်ဖိုးလောက်တောင် မရှိတဲ့ (အလကား မတ်တင်း) ဈေးနဲ့ပေးတဲ့ကိုဇေ့ဖေဖေမိန်းမရဲ့ မိသားစုကိုဘာဖြည့်ဆည်းပေးရမလဲအမြဲကြည့်နေတတ်တဲ့ ကိုဇေ့ကိုလဲအရမ်းကျေးဇူးတင်ပါတယ် မောင်နှမတွေတနေ ရာထဲမှာအတူတူစုနေချင်တဲ့ဆန္ဒပြည့်ပါပြီ ” လို့ ရေးထားပါတယ် ပရိသတ်ကြီးရေ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်
နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Add a Comment

Your email address will not be published. Required fields are marked *