စပွန်ဆာပေးမယ်ဆို လိုချင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားလာတဲ့ သဇင်ဦး

ယခုနောက်ပိုင်း ထင်ရှားကျော်ကြားလာတဲ့ ဆက်ဆီများထဲမှာ သဇင်ဦး ကလဲ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။မိမိုက်နေတဲ့ ဒီဇိုင်းတွေ ဘော်ဒီကောက်ကြောင်းလှလှတွေနဲ့Post ပေးအရမ်းမိုက်တဲ့ သူတစ်ဦးထဲမှာ သူမလဲ
အပါအဝင်ဖြစ်ပါတယ်။အလှပုံတွေတင်တဲ့အခါမှာလဲ သူမရေးသားတဲ့ Caption တွေက ထိမိနေတတ်ပြီး၊ facebook သုံးစွဲသူတွေအကြားသူမရဲ့ ထိမိတဲ့ စကားအရေးအသားတွေက ပျံနှံလျက်ရှိပါတယ်။

စကားပြောရင်လဲ ပွင့်လင်းပြီး ဟန်ဆောင်ကင်းတဲ့သူတစ်ယောက်အဖြစ် ပရိတ်သတ်များရဲ့ သတ်မှတ်ခြင်းခံထားရသူလေးတစ်ဦးလဲ ဖြစ်ပါတယ်။ ဒီတခါမှာတော့ သဇင်ဦးက
သူမကို စပွန်ဆာ ရှိနေတဲ့သူလို့ ပြောနေကြတာနဲ့ ပက်သက်ပြီးInterview တစ်ခုမှာ အရွှန်းဖောက်ပြီး ပွင့်ပွင့်လင်းလင်း အခုလိုပြန်လည်ဖြေကြားခဲ့တာဘဲ ဖြစ်ပါတယ်။

“ကျွန်မကို စပွန်ဆာ ရှိတယ်လို့ ပြောနေကြတယ်။ တကယ်တော့ ကျွန်မမှာ ဘာစပွန်ဆာမှ မရှိပါဘူး၊ ကျွန်မရဲ့ နေထိုင်မှုပုံစံတွေကို ကျွန်မရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လူတွေ အကုန်လုံး သိကျွမ်းကြပါတယ်။ Sexy photo တွေရိုက်တိုင်းလည်းစပွန်ဆာ ရှာနေတာ မဟုတ်ပါဘူးလို့ ပြောပါတယ်”။ ဆက်လက်ပြီးပွင့်လင်းတဲ့ သဇင်ဦးက”. စပွန်ဆာ ပေးမယ်ဆိုရင်တော့ ကျွန်မလဲ လိုချင်ပါတယ်။ တစ်ယောက်တည်းတော့ မရဘူး၊ သုံး လေးယောက်မှ ကျွန်မရဲ့ မိသားစုအတွက်ရော အဆင်ပြေ လိမ့်မယ်လို့ “အရွှန်းဖောက်ပြီး interviewတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *