“မိသားစုအခက်အခဲကြောင့် မလွှဲသာလို့ ဈေးရောင်းပို့စ်လေးတွေ တင် တဲ့ အခါ မဆဲကြပါနဲ့နော်”ဆို လိုက် တဲ့ မကြီးစန်း..

ဒီကာလမှာအကုန်လုံးကျပ်တည်းနေကြတာကြောင့် အနုပညာရှင်အသိုင်းအဝိုင်းက လူတွေအားလုံးဟာလည်း အကုန်လုံးနဲ့ထပ်တူ ခက်ခဲနေခဲ့ပါတယ်။

မိတ်ကပ်ပညာရှင် ခင်စန်းဝင်းဟာ လည်း အရင်ကဝင်ငွေကောင်းတဲ့အလုပ်တွေ လုပ်ခဲ့ရပေမယ့် အလုပ်မရှိဘဲ လပေါင်းများစွာ ထိုင်စားလာတဲ့အပြင်

အိမ်နဲ့ပတ်သက်တဲ့ တခြားဗာဟီရထွက်ငွေတွေပါ ပါလာတာမို့ ရေရှည်တောင့်ခံနိုင်ဖို့ အဆင်မပြေတော့ပါဘူး။ အသိမိတ်ဆွေတွေရဲ့ နာရေးသတင်းကြားတိုင်း

ကိုယ့်အလှည့် ဘယ်တော့လဲဆိုတာတွေးပြီး စိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောခဲ့ပါသေးတယ်။ဝင်ငွေများများစားစား မရှိတဲ့ကြားက သူမကိုမှီခိုနေတဲ့ကျန်းမာရေးမကောင်းတဲ့ သူမရဲ့အကိုကြီးနဲ့

အကိုအလတ်မိသားစုအပြင် အကိုကြီးကိုပြုစုပေးနေတဲ့ မောင်အငယ် မိသားစုတို့အတွက် လစဉ်ဆေးဖိုးနဲ့ စားစားရိတ်ကိုလည်းထောက်ပံ့ပေးခဲ့ရပါသေးတယ်။

ဒါ့အပြင် သူမတပည့်တွေရဲ့လစဉ်အသုံးစားရိတ်လည်း ရှိသလို သူမကိုယ်တိုင်လည်း စီးပွားရေးလုပ်နေတာကြောင့် ဝင်လာတဲ့ပိုက်ဆံတွေကို ပြန်ပြီးရင်းနှီးအပြီးမှာပဲ အရေးအခင်းစဖြစ်ခဲ့ပါတယ်။

ဒီနောက်မှာလည်း ကပ်ရောဂါဘေးကြီးဖြစ်လာတာကြောင့် လက်ထဲမှာရှိတဲ့ငွေတွေက တဖြည်းဖြည်းဆုတ်ယုတ်လာခဲ့ပါတယ်။ဒီလိုအခက်အခဲတွေကြောင့်

သူမလည်း ဈေးရောင်းရတော့မယ့်အနေအထားတွေ ဖြစ်လာခဲ့ပြီး အကယ်၍ ရောင်းချခဲ့သည်ရှိသော် သူမကိုမဆဲဆိုကြဖို့ တောင်းပန်လာခဲ့ပါတယ်။

ဒီလိုရောင်းချတာလည်း သေဆုံးသူတွေကို ကိုယ်ချင်းမစာလို့မဟုတ်ဘဲ မိသားစုရဲ့ အခက်အခဲတွေကြောင့်သာ မဖြစ်မနေ ရောင်းချရတာဖြစ်ကြောင်း ကြိုတင်တောင်းပန်စာ တင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published.