လူခ်င္းမသိတဲ့သူတစ္ဦးက.. ယခုကာလအတြက္ အေရးႀကီးဆုံးအရာမ်ား ေပးပို႔လာ ခဲ့ ၍ အံ့ၾသဝမ္းသာ ပီတိျဖာခဲ့ရ တဲ့ စိန္ၿဖိဳးလိႈင္

လူခ်င္းေတာင္ မျမင္ဘူးတဲ့ လူတစ္ဦးဆီကေန ခုကာလမွာ အလိုအပ္ဆံုး အရာေတြ မထင္မွတ္ဘဲ ရလိုက္လို႔ အတိုင္းမသိ အံ့ဩ ပီတိျဖစ္ခဲ့ရတဲ့ စိန္ၿဖိဳး..

သရုပ္ေဆာင္အႏုပညာရွင္တစ္ေယာက္အျဖစ္ ဇာတ္ကားေတြမ်ားစြာရိုက္ကူးထားတဲ့ နႏၵာလိႈင္ရဲ့ေမာင္ေလး စိန္ၿဖိဳးလိႈင္ကေတာ့ ဆရာဝန္တစ္ေယာက္အျဖစ္လည္း ျပည္သူေတြကို အက်ိဳးျပဳေနသူလည္း ျဖစ္ပါတယ္။

ခုလို ကိုဗစ္ေရာဂါေတြ ျပည္သူေတြ ခံစားေနရအခ်ိန္မွာလည္း တတ္ႏိုင္သေလာက္ ကူညီမႈေတြ ျပဳလုပ္ေပးလ်က္ရိွပါတယ္ ။ စိန္ၿဖိဳးလိႈင္ဟာဆိုရင္ ေအာက္ဆီဂ်င္အိုးေတြ ဝယ္ယူ လႉဒါန္းေပးသလို..

ေရာဂါနဲ႔ ပတ္သက္ၿပီး လိုက္နာသင့္တာေတြကိုလည္း ေသေသခ်ာခ်ာ ဗဟုသုတအေနနဲ႔ ေဝမ်ွေပးေနတာကို ေတြ့ရပါတယ္ ။ ခုတစ္ခါမွာေတာ့..

သူနဲ႔ လူခ်င္းေတာင္ မသိမျမင္ဘူးတဲ့ သူတစ္ေယာက္ကေနၿပီး Owgels တံဆိပ္ ေအာက္ဆီဂ်င္စက္ 10 liter ႏွစ္ေယာက္ရႉ လို႔ရတဲ့ စက္၃လံုး ကို လႉဒါန္းပို႔ေဆာင္ေပးလိုက္တာေၾကာင့္ အံ့ဩပီတိျဖစ္ေနရပံုကို ေျပာျပလာပါတယ္ ။

” Owgels တံဆိပ္ ေအာက္ဆီဂ်င္စက္ 10 liter ၂ေယာက္ရႉ လို႔ရတဲ့ .. စက္၃လံုး ေငြရွင္းၿပီးသား … လာပို႔ခ်င္လို႔ပါတဲ့…ရီတို႔လည္း ေတာ္ ေတာ္ အံၾသသြားတယ္…

အလႉရွင္က ကိုရဲဝင့္ဦး စင္ကာပူကပါတဲ့ ဒီPageကို လႉေပးဖို႔အတြက္ ဝယ္သြားတယ္လို႔သိရပါတယ္…. တကယ္ပဲ .. စက္ ၃လံုး ေရာက္ခ် လာပါတယ္..

လူခ်င္းလည္း ခုထိမသိရေပမယ့္ ခုလို လႉဒါန္းေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ကိုရဲဝင့္ဦး ေရ… လတ္တေလာမွာ ရီတို႔ စက္ေတြငွားေနတဲ့ ထဲမွာဒီစက္ ၃လံုးကိုပါ အင္အားျဖၫ့္ၿပီး ငွားေပးပါမယ္။

လိုအပ္ခ်က္ေတြ ေလ်ာ့က်တဲ့ တခ်ိန္ေရာက္ရင္…ဒီစက္ ၃လံုးကို ကိုရဲဝင့္ဦး နာမည္နဲ႔ပဲ နယ္ေဆးရံု တခုခု မွာ ျပန္လႉဒါန္းေပးဖိုး စဉ္းစားထားပါတယ္…

အဲ့လို ျပန္လႉဒါန္းတဲ့အခါမွာလည္း အားလံုး သိရေအာင္ Post ေလး ျပန္တင္ေပးပါဦးမယ္…တကယ္ကို ဝမ္းသာပီတိျဖစ္ရပါတယ္..အလႉရွင္ႏွင့္မိသားစုလည္း စိတ္ခ်မ္းသာ ကိုယ္က်န္းမာပါေစ..” ဆိုၿပီး

ဝမ္းေျမာက္ၾကည္ႏူးစြာ ေရးသားေဖာ္ျပထားရာ ထပ္တူ ဝမ္းသာမိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးအားလံုး က်န္းမာခ်မ္းသာၾကပါေစေသာဝ္။

unicode

လူချင်းတောင် မမြင်ဘူးတဲ့ လူတစ်ဦးဆီကနေ ခုကာလမှာ အလိုအပ်ဆုံး အရာတွေ မထင်မှတ်ဘဲ ရလိုက်လို့ အတိုင်းမသိ အံ့ဩ ပီတိဖြစ်ခဲ့ရတဲ့ စိန်ဖြိုး..

သရုပ်ဆောင်အနုပညာရှင်တစ်ယောက်အဖြစ် ဇာတ်ကားတွေများစွာရိုက်ကူးထားတဲ့ နန္ဒာလှိုင်ရဲ့မောင်လေး စိန်ဖြိုးလှိုင်ကတော့ ဆရာဝန်တစ်ယောက်အဖြစ်လည်း ပြည်သူတွေကို အကျိုးပြုနေသူလည်း ဖြစ်ပါတယ်။

ခုလို ကိုဗစ်ရောဂါတွေ ပြည်သူတွေ ခံစားနေရအချိန်မှာလည်း တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ စိန်ဖြိုးလှိုင်ဟာဆိုရင် အောက်ဆီဂျင်အိုးတွေ ဝယ်ယူ လှူဒါန်းပေးသလို..

ရောဂါနဲ့ ပတ်သက်ပြီး လိုက်နာသင့်တာတွေကိုလည်း သေသေချာချာ ဗဟုသုတအနေနဲ့ ဝေမျှပေးနေတာကို တွေ့ရပါတယ် ။ ခုတစ်ခါမှာတော့..

သူနဲ့ လူချင်းတောင် မသိမမြင်ဘူးတဲ့ သူတစ်ယောက်ကနေပြီး Owgels တံဆိပ် အောက်ဆီဂျင်စက် 10 liter နှစ်ယောက်ရှူ လို့ရတဲ့ စက်၃လုံး ကို လှူဒါန်းပို့ဆောင်ပေးလိုက်တာကြောင့် အံ့ဩပီတိဖြစ်နေရပုံကို ပြောပြလာပါတယ် ။

” Owgels တံဆိပ် အောက်ဆီဂျင်စက် 10 liter ၂ယောက်ရှူ လို့ရတဲ့ .. စက်၃လုံး ငွေရှင်းပြီးသား … လာပို့ချင်လို့ပါတဲ့…ရီတို့လည်း တော် တော် အံသြသွားတယ်…

အလှူရှင်က ကိုရဲဝင့်ဦး စင်ကာပူကပါတဲ့ ဒီPageကို လှူပေးဖို့အတွက် ဝယ်သွားတယ်လို့သိရပါတယ်…. တကယ်ပဲ .. စက် ၃လုံး ရောက်ချ လာပါတယ်..

လူချင်းလည်း ခုထိမသိရပေမယ့် ခုလို လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုရဲဝင့်ဦး ရေ… လတ်တလောမှာ ရီတို့ စက်တွေငှားနေတဲ့ ထဲမှာဒီစက် ၃လုံးကိုပါ အင်အားဖြည့်ပြီး ငှားပေးပါမယ်။

လိုအပ်ချက်တွေ လျော့ကျတဲ့ တချိန်ရောက်ရင်…ဒီစက် ၃လုံးကို ကိုရဲဝင့်ဦး နာမည်နဲ့ပဲ နယ်ဆေးရုံ တခုခု မှာ ပြန်လှူဒါန်းပေးဖိုး စဉ်းစားထားပါတယ်…

အဲ့လို ပြန်လှူဒါန်းတဲ့အခါမှာလည်း အားလုံး သိရအောင် Post လေး ပြန်တင်ပေးပါဦးမယ်…တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်..အလှူရှင်နှင့်မိသားစုလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..” ဆိုပြီး

ဝမ်းမြောက်ကြည်နူးစွာ ရေးသားဖော်ပြထားရာ ထပ်တူ ဝမ်းသာမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးအားလုံး ကျန်းမာချမ်းသာကြပါစေသောဝ်။

Add a Comment

Your email address will not be published. Required fields are marked *