အမေ့မွေးနေ့မှာ သင်္ကန်းဝတ်ပြီး မိဘနှစ်ပါး ရဲ့ကျေးဇူးဆပ်လိုက်တဲ့ G Fatt..

ဂျီဖတ်ကတော့ ကာရန်တွေ အလန်းစားနဲ့ သီချင်းများကို ကိုယ်တိုင်ရေးစပ်သီကုံးပြီး အသံပါဝါအားကောင်းကောင်းနဲ့ ကိုယ်တိုင်ဆိုလေ့ရှိတဲ့ သူတစ်ဉီးပါနော်။

သူ့ရဲ့သီချင်းတိုင်းဟာ သံစဉ်စာသား အားကောင်းပြီး လူငယ်တွေရဲ့ ခံစားချက်နဲ့လည်း အမြဲကိုက်ညီလေ့ရှိတာမို့ လူငယ်ပရိသတ် အခိုင်အမာနဲ့

အောင်မြင်ကျော်ကြားလာသူ တစ်ဉီးလည်းဖြစ်ပါတယ်။ Gfattဟာ နွေဉီးတော်လှန်ရေးမှာလည်း အမှန်တရားဖက်က ရပ်တည်ကာ ပြည်သူနဲ့အတူအားကြိုးမာန်တက်..

ပါဝင်ခဲ့သူတစ်ဉီးဖြစ်ပြီး အာဏာရှင် အလိုမရှိကြောင်း သီချင်းတစ်ပုဒ်ကိုလည်း ရေးစပ်သီကုံး သီဆိုခဲ့သူဖြစ်ပါတယ်။ယခုအခါမှာတော့ ဂျီဖတ်ဟာမိခင်ဖြစ်သူရဲ့မွေးနေ့မှာ..

မိဘနှစ်ပါးကို ကျေးဇူးဆပ်တဲ့အနေနဲ့ သင်္ကန်းစီးကာ သာသနာ့ဘောင်ကို ဝင်ရောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ဒီအကြောင်းကို သူက သူ့ရဲ့လူမှုကွန်ယက် ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ ပြီးတော့

ယခုလိုပဲ ရေးသားဖော်ပြလာခဲ့တာကို တွေ့မြင်ရပါတယ်။ “အမေ့မွေးနေ့မှာ အမေ့ကိုအမှူးထားလို့ ရဟန်းဝတ်လိုက်ပါတယ် ။

ဒီပြုရသော ကုသိုလ်ကံကြောင့် အဖေနဲ့အမေ ကျန်းမာ ချမ်းသာလို့ သံသရာလွတ်ကြောင်းတရားတော်တွေကို ဘဝတစ်ခုခုမှာ နားလည်သဘောပေါက်ပြီး

ကျင့်ကြံအောင်မြင်နိုင်ကြပါစေ” ဆိုပြီးတော့ ရေးသားဆုတောင်းလာခဲ့တာပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။ပရိသတ်ကြီးကလည်း..

ဉီးဇင်းဂျီဖတ်တစ်ယောက် သာသနာ့ဘောင်မှာ အေးချမ်းစွာ တရားအားထုတ်ခြင်းဖြင့် မိဘကျေးဇူးကို အထူးပင် ဆပ်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာစကားလေးတွေ ပါးခဲ့ကြပါအုံးနော်။

ပရိသတ်ကြီးအားလုံးလည်း လိုချင်တောင့်တအပ်သော ဆန္ဒများ အလျင်အမြန် ပြည့်ဝနိုင်ကြပြီး ပျော်ရွှင်ကျန်းမာသော နေ့ရက်များကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့ပေးအပ်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *