“နွေဦးတော်လှန်ရေး” အောင်မြင်နေပြီဖြစ်ကြောင်း ရှင်းလင်းပြောပြ လာ တဲ့ ဒေါက်တာဆာဆာ

နွေဦးတော်လှန်ရေးက အောင်မြင်အုံးမှာလား ဆိုတဲ့ မွေးခွန်း

ကျွန်တော် မြန်မာပြည်သူလူထုကြီးကို သိစေချင်တာက နွေဦးတော်လှန်ရေးက အောင်မြင်နေပါပြီ စနစ်ဆိုးရဲ့အပြောင်းအလဲပဲ လိုပါတော့တယ်။

ဒီအပြောင်းအလဲအတွက်လည် ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်နေပါတယ်။ကိုဗစ် ဘေး၊ စစ်အကြမ်း ဖက်ဘေး၊ စနစ်အပြောင်းအလဲ သုံးပွင့်ဆိုင် ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုရဲ့ အကျပ်တည်းကို

NUG အစိုးရ ဝန်ကြီးဌာနအားလုံးကလည်း ကိုယ်ကျရာ ဝန်ကြီးဌာနအတိုင်း အတတ်နိုင်ဆုံးအန္တရယ်အကင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြပါတယ်ဆိုတာကို သိစေလိုပါတယ်။

ကျွန်တော်တို့ရဲ့ စနစ်ဆိုးကြီးအဆုံးသတ်ဖို့ အပြောင်းအလဲတွေကလည် မနီးမဝေးမှာရှိနေပါတယ်။နွေဦးတော်လှန်ရေးကအောင်မြင်အုံးမှာလားဆိုတဲ့ မေးခွန်းက ကျွန်တော်အများကြီး မဖြေလိုပါဘူး။

အခုချိန်မှာစစ်အကြမ်း ဖက်ဘက်ကို အာဆီယံ နှင့်UN ပါဝင်လာခဲ့ရင်တောင် သူတို့က ကျရူံးနေပြီ။ ကျွန်တော်တို့ အားလုံး ပြင်ဆင်နေပြီ။ အခုက အာဏာရှင်စနစ်နှင့် ဒီမိုကရေစီတိုက်ပွဲ၊

အကြမ်းဖက် စစ်အာဏာလုနှင့် ပြည်သူတိုက်ပွဲ မအောင်မြင်စရာ ဘာအကြောင်း တစ်ခုမှမရှိပါဘူး။အခု ကျွန်တော်ဟာလည်း နိုင်ငံတကာ ကမ္ဘာ့နိုင်ငံတော်တော်များများ

ပါလီမန်တွေ အထက်လွှတ်တော် အောက်လွှတ်တော်တိုင်းကို နေ့စဉ် ညတိုင်း အစည်းအဝေးတွေလုပ်တာ မိန့်ခွန်းတွေပြောနေတာဟာ အလကားလုပ်နေတာ မဟုတ်ဘူး။

နိုင်ငံတကာရဲ့ လွှတ်တော်အမတ်တွေကလည်း ကျွန်တော့်ကို လက်ခံပြောဆိုတာဟာ မြန်မာပြည်သူလူထုကို လက်ခံတာပဲလေ၊ ကျွန်တော့်အသံ နားထောင်နေတာဟာလည်း မြန်မာပြည်သူလူထုရဲ့ အသံကို နားထောင်နေတာပဲလေ၊

ကျွန်တော့်ဝန်ကြီးဌာနက အပြည်အပြည်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ ကျွန်တော်က မြန်မာပြည်သူလူထုရဲ့ အင်အားနှင့် ပြည်သူတွေရဲ့အသံနှင့် နိုင်ငံတကာကို လမ်းကြောင်းတွေ ဖောက်နေတာပါ။

ဒါမှ လမ်းကြောင်းရှိလာမှာပေါ့ လမ်းမဖောက်ပဲ လမ်းမရှိနိုင်ဘူးလေ။အခုဆိုရင် ကျွန်တော်တို့ရဲ့ အသံကို နိုင်ငံတကာက နားထောင်ပေးနေတယ် လက်ခံပေးနေတယ် ဒါက မြန်မာပြည်သူလူထုကြီးရဲ့ အောင်မြင်မူပဲလေ။

PDFကိုကျွန်တော်တို့ ဖွဲ့စည်းတယ်ဆိုတာဟာလည်း အကြောင်းရှိလို့ပေါ့။ကမ္ဘာ့ဒီမိုကရေစီအပြည့်အဝရတဲ့ နိုင်ငံတိုင်းရဲ့ သမိုင်းကို ကြည့်တဲ့အခါမှာ

ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ဒီမိုကရေစီ ရော့ဆိုပြီးယူပေးနေတာမရှိပါဘူး။ ဒီမိုကရေစီကို ကျွန်တော်တို့ ကိုယ်တိုင်ယူရပါလိမ့်မည်။ ဒါကြောင့် ပီဒီအက်ပေါ်ပေါက်လာတာပါ။

ပြည်သူ့ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အချို့ရှိတယ် PDF ရှိတယ် ပြည်သူရှိတယ်။ NUG အစိုးရရှိတယ် CRPH လွှတ်တော်ရှိတယ်။ ပြည်သူ့ဘက်မှာ တစ်ကမ္ဘာလုံးနီးပါးရှိတယ်။

ပြည်သူ့ဘက်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပီဒီအက်တွေကို ကျွန်တော်တို့ အဖက်ဖက်က ပံ့ပိုးရမယ် ကမ္ဘာကြီးရဲ့ အကူညီတွေဟာလည်း လာမယ်ဆိုတော့

ပြည်သူလူထုက ဘာမှ မနိုင်စရာအကြောင်းမရှိပါဘူး။ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်နေပြီလို့ပဲ ပြောချင်ပါတယ်။မြန်မာပြည်နှင့် မြန်မာပြည်သူလူထုကြီး ဘုရားခင် ကောင်းချီးပေးပါစေ။Drဆာဆာ

Add a Comment

Your email address will not be published. Required fields are marked *