စိတ်ကူးထဲက အတိုင်းလိုချင်ခဲ့တဲ့ ခပ်မိုက်မိုက်ဘော်ဒီလေး ကို ကြည့်ပြီး ကြည်နူး ပီတိ ဖြစ်နေ တဲ့ အေးမြတ်သူ ရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြ တဲ့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးဟာလည်း ပရိသတ် ရင်ကို ထိမှန်စေတာ အသေအချာပါပဲဖြစ်ပါတယ်။

အေးမြတ်သူဟာ အခုချိန်ထိလည်းအရွယ်တင်နုပျိုနေဆဲဖြစ်ပြီး သူမရဲ့ အလှတရားတွေဟာ ဆိုရင်လည်း ဆယ်ကျော်သက်တွေအရှုံးပေးရလောက်အောင်ကို လှပနေတာပါ။ အေးမြတ်သူဟာ အသက်(၃၀)ကျော်လို့ ထင်ရက်စရာ မရှိအောင်ကို ခန္ဓာကိုယ်ပိုင်းရော၊အသားအရည်တွေပါ လှပနေတဲ့မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ အေးမြတ်သူဟာ ကျန်းမာရေး လိုက်စားတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ အခုလက်ရှိမှာဆိုရင်လည်း workout လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

အေးမြတ်သူဟာ မကြာခဏဆိုသလိုလည်း သူမရဲ့ လေ့ကျင့်ခန်းလုပ်တဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေ ကို မျှဝေပေးလေ့ရှိပါတယ်။ အခုဆိုရင်လည်း သူမရဲ့ Instagram accလေးမှာ သွယ်လျတဲ့ဘော်ဒီအမိုက်စားလေးကို မှန်ရှေ့မှာကြည့်ရင်း ဗီ‌ဒီယိုလေးရိုက်ကာတင်ပေးလာပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

crd

Add a Comment

Your email address will not be published. Required fields are marked *