သူမကမူစလင်မ လို့ ဆဲဆိုနေကြတဲ့သူတွေကြောင့်ဝမ်းနည်းနေ တဲ့သရုပ်ဆောင်ပိုင်ဖြိုးသု

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်အများကမမြဝင်းဆိုတဲ့ဇာတ်ကောင်နဲ့စတင်သိလာခဲ့ကြပြီးအခုဆိုရင်အကယ်ဒမီတစ်ခုပါပိုင်ဆိုင်ထားတဲ့ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

ဟာသဇာတ်ကားတွေအပြင်ဇာတ်ကားပေါင်းအမြောက်အများကိုရိုက်ကူးထားတဲ့ပိုင်ဖြိုးသုကတော့ဆရာဝန်တစ်ဦးလဲဖြစ်ပါသေးတယ်၊ယခုလက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာလဲပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်ခဲ့ပြီးစစ်အာဏာရှင်ကိုအမြစ်ဖြုတ်ဖို့ရဲရဲဝံ့ဝံ့တော်လှန်ခဲ့သူလဲဖြစ်ပါတယ်

ဒီလိုတော်လှန်ရေးကြီးရဲ့လှုပ်ဆော်မှုတွေမှာလဲအားတက်တရောပါဝင်ခဲ့တာကြောင့်၅၀၅ကနဲ့အမှုဖွင့်အရေးယူထားခြင်းခံရပါတယ်၊မတရားအရေးယူထားခြင်းခံရတာကြောင့်ဘေးလွှတ်ရာကိုတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်၊တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်ခဲ့ပြီးပြည်သူတွေခွန်အားဖြစ်စေမယ့်စာသားတွေကိုလဲတင်လေ့ရှိပါတယ်။

ဒီတစ်ခါမှာတော့ပိုင်ဖြိုးသုကမူစလင်ဖြစ်ကြောင်းကိုသူငယ်ချင်းတစ်ယောက်ကပြန်လည်ရှင်းပြထားပြီးဘာသာရေးမခွဲခြားဖို့လဲပြောကြားထားပါသေးတယ်၊ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ဝေဖန်ဆဲဆိုသူများလဲရှိခဲ့ပါတယ်၊ဝေဖန်ဆဲဆိုကြတဲ့အပေါ်ပိုင်ဖြိုးသုက

စိတ်မကောင်းဖြစ်နေကြောင်းကိုလဲသိရှိရပါတယ်၊ဒီလိုအချိန်မှာလူမျိုးရေး၊ဘာသာရေးစသဖြင့်မခွဲခြားသင့်ကြောင်းနဲ့စည်းစည်းလုံးလုံးနဲ့အာဏာသိမ်းစစ်ကောင်စီကိုအပြီးတိုင်တော်လှန်ကြဖို့မှာကြားရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *