အရင် တချိန် က အဆင်ပြေခဲ့တဲ့ ဘဝ ကို ပြန်လည်တမ်းတ သတိရနေတဲ့ ညီနန္ဒ..
|အရင်က ထောပတ်ထမင်းအော်ဒါတွေနဲ့ပြည့်ပြီး အဆင်ပြေခဲ့တဲ့အချိန်လေးတွေကို ပြန်လည် သတိရနေကြောင်း ပြောလာခဲ့တဲ့ညီနန္ဒ
မဂ်လာပါ ပရိတ် သတ်ကြီးရေ…သရုပ် ဆောင် မင်းသား ညီနန္ဒက တော့ တော်လှန်ရေးတိုက်ပွဲ ကြီးမှာ ပြည်သူတွေ နဲ့အတူ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေကို
ရဲရဲရင့်ရင့်နဲ့ အင်တိုက် အားတိုက် ပြု လုပ်တာကြောင့် ၅၀၅ကဖြင့် အမှုဖွင့် အမှုဖွင့်အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက် အပါအ၀င်ပဲ ဖြစ်ပါတယ်။
အမှုဖွင့်အရေးယူခံထားရတာကြောင့်ညီနန္ဒဟာ ရှောင်ပုန်းနေရတာဖြစ်ပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ တာတောင် လာမတွေ့နိုင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ညီနန္ဒဟာ အနုပညာ လောကမှာလည်း
အောင်မြင်မှုတွေ ရရှိထားတဲ့ ဝါရင့် အနု ပညာရှင် ဖြစ်သလို ကိုယ်ပိုင် စီးပွား ရေးလေးဖြစ်တဲ့ ကိုနန္ဒထောပတ် ထမင်းကလည်း အတော် လေးအောင်မြင်မှု ရရှိထားတာ ဖြစ်ပါတယ်။
သို့ပေမယ့် အမှန်တရားဘက်ကနေရပ်တည်ကာ ၅၀၅(က)နဲ့ ၀ရမ်းထုတ်ခံလိုက်ရတာကြောင့် ရှောင်ပုန်းနေရပြီး မိသားစုနဲ့ လည်းခွဲခွာနေရသလို အရင်လိုထောပတ် ထမင်း လုပ်ငန်းကိုလည်း မလုပ်နိုင်တော့ တာဖြစ် ပါတယ်။
မကြာသေးမီကညီနန္ဒဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ကိုနန္ဒထောပတ်ထမင်းအား ရောင်းခဲ့စဉ်က ပုံရိပ်လေးတွေ ကိုပြန်လည် မျှဝေရင်း အရင်က ပျော်စရာ အချိန်လေး တွေကို ပြန် လည် သတိ ရမိကြောင်း ရေးသား လာခဲ့ တာဖြစ် ပါတယ် ။
ဖတ်ရှူ့ ပေးတဲ့ ပရိတ်သတ်ကြီးလည်းပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင် နိုင်ပါနော်။လုပ်ကိုင်သမျှ အဆင်ပြေချောမွေ့ကြပါစေ လိုအင်ဆန္ဒမျ အမြန်ပြည့်ဝနိုင်ကြပါစေ။