အလှူဒါန်းလေးလုပ်ပေးပီး ပရိသတ် စိတ်ဝင်စားမူပြန်လိုချင်နေတဲ့ ညီညီမောင်




Source – Nyi Nyi Maung

unicode

ပရိသတ်တွေရဲ့အချစ်တော် မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း)ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ ကျေးဇူးရှင်ဆရာသမားဖြစ်တဲ့ မိတ်ကပ်အောင်အောင် (တောင်ကြီး)ရဲ့ (၁၁)နှစ်ပြည့်နှစ်ပတ်လည်အတွက် ကောင်းမှုကုသိုလ်တွေမလုပ်ပေးနိုင်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။

သုသုကတော့ ဆရာသမားကိုရည်စူးပြီး ဆရာဖြစ်သူကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့တိုင်းမှာ သူတတ်နိုင်သလောက် အလှူတွေကို ပြုလုပ်ပေးနေခဲ့ပြီး ဒီနှစ်မှာလည်း နှစ်ပတ်လည်နေ့မှာ အခက်အခဲတစ်ချို့ရှိနေခဲ့တာကြောင့် မပြုလုပ်နိုင်ခဲ့တာပါ။ သို့ပေမဲ့လည်း သုသုကတော့ ဒီနေ့မှာ ဆရာသမားအတွက်ရည်စူးပြီး မနေ့က စက်တင်ဘာလ (၄)ရက်နေ့မှာတော့ သန်လျင်သဘာဝတရားရိပ်သာမှာ အလှူလေးသွားရောက်ပြုလုပ်ခဲ့ပါတယ်။

သုသုက သန်လျင်သဘာဝတရားရိပ်သာ (ဘိုးဖွားရိပ်သာ) မှာဆန်တအိတ်နှင်အလှုငွေ ၃သောင်း လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။CeleZone ပရိသတ်ကြီးရေ သုသုရဲ့ဆရာသမားဖြစ်သူအတွက်ရည်စူးပြီး ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်အလှူလေးကို ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Nyi Nyi Maung

Add a Comment

Your email address will not be published.