အာဏာရှင်ကိုတော်လှန်လို့ သူမရဲ့မိဘဖြစ်သူတွေက သမီး အဖြစ်ကနေ စွန့်လွှတ်ခံလိုက် ရ တဲ့ မိန်းကလေး

နွေဦးတော်လှန်ရေး စတင်တဲ့အချိန်ကစပြီး ပြည်သူတွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူတို့ယုံကြည်ရာလမ်းကို လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်တိုင်းပြည်တစ်ခုလုံး အာဏာရှင်လက်အောက်ကို မကျရောက်ရေးအတွက် ပြည်သူတွေအနေနဲ့ လူထုလှုပ်ရှားမှုတွေကို ကြိုးစားပမ်းစားပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်

အာဏာသိမ်းကာလ ၇ လကျော် ရှိလာခဲ့တဲ့အချိန်မှာတော့ ပြည်သူတွေခမျာ အခက်အခဲဒုက္ခမျိုးစုံနဲ့ ကြုံတွေ့လာရပြီပဲ ဖြစ်ပါတယ်တစ်ချို့မိသားစုတွေ တကွဲတပြားဖြစ်ခဲ့ရသလို တစ်ချို့တွေဆိုရင်လည်း အခုချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်

အခုဆိုရင်လည်း တော်လှန်ရေးမှာ တက်တက် ကြွကြွပါဝင်နေတဲ့ မိန်းကလေးတစ်ဦးကို သူမရဲ့မိဘဖြစ်သူတွေက သမီးအဖြစ်ကနေ စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်သတင်းစာထဲမှာပါလာတဲ့ ကြေညာစာကိုဖတ်ပြီး ကာယကံရှင်အမျိုးသမီးလေးက သူမရဲ့ခံစားချက်တစ်ချို့ကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်

အဲ့ဒီအမျိုးသမီးလေးက ခင်ဗျားတို့တော့မသိဘူး ဒီနွေဦးက ကျွန်တော့်အတွက်တော့ တကယ်ကိုအရင်းအနှီးကြီးတယ် ကျွန်တော်တို့နိုင်မှဖြစ်မှာ ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်

ဒါကြောင့် တော်လှန်ရေးအောင်နိုင်ဖို့အတွက် လက်သုံးချောင်းပဲထောင်ပြီး ဘာမှမလုပ်ပေးဘူးဆိုရင်တောင် ပြည်သူ့သူရဲကောင်းတွေအတွက်တော့ လှူပေးကြပါလို့ သူမကတောင်းဆိုခဲ့ပါသေးတယ်

မိဘ‌တွေဆီကနေ စွန့်လွှတ်ခြင်းခံရပေမယ့်လည်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်နေဆဲဖြစ်တဲ့ ဒီအမျိုးသမီးလေးရဲ့စိတ်ဓာတ်က လေးစားစရာကောင်းနေတာ ဖြစ်ပါတယ် Credit

Add a Comment

Your email address will not be published. Required fields are marked *