ထိုင်းနိုင်ငံရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ် အထိ နာမည်ကြီးနေတဲ့ မြန်မာမော်ဒယ်သရုပ်ဆောင် ယမင်းမေဦး…
|မြန်မာ့အွန်လိုင်းလောကမှာတနေ့တခြားရေပန်းစားလာနေတဲ့မော်ဒယ်သရုပ် ဆောင်ယမင်းမေဦးဟာ အခုဆိုရင် ပြည် တွင်းမှာတင်မဟုတ်တော့ဘဲ အနုပညာစီးပွားရေးမောင်းနှင်အားကောင်းတဲ့ ထိုင်းမီဒီယာစာမျက်နှာပေါ်တွေမှာ ခပ်စိတ်စိတ်ဖော်ပြခံနေရတာတွေ့ရပါတယ်။
“အလှအပတို့ အလှတရားတို့ဆိုတာ နယ်နိမိတ်မရှိပါဘူး နယ် ခြားမဲ့တဲ့အနုပညာတစ်ခုဖြစ်ပါတယ် ဒီကနေ့မှာ နှလုံးသားတိုင်းကိုအရည်ပျော်ကျစေမယ့် မြန်မာအလှပဂေး ယမင်းမေဦးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်”ဆိုပြီး နာမည်ကြီးထိုင်းအနုပညာစာမျက် နှာတစ်ခုဖြစ်တဲ့ Sanook Campus က ဖော်ပြထားပါတယ်။
“ရန်ကုန်သူတစ်ယောက်ဖြစ်တဲ့ ယမင်း ဟာ ဇွန်လ ၃ ရက်နေ့ ၁၉၉၈ ခုနှစ်မှာမွေးဖွားခဲ့တာပါ။Miss Forever Gems 2015 ပြိုင်ပွဲကနေလူသိများလာတဲ့သူမဟာ မော်ဒယ်အလုပ်တွေ သရုပ်ဆော်အလုပ်တွေကိုဆက်တိုက်လုပ်နေရပြီး ဖေ့စ်ဘွတ်မှာဖော်လိုဗာသုံးသိန်းကျော်ရှိလာတဲ့ နာမည်ကြီးအွန်လိုင်းအိုင်ဒေါ တစ်ဦးဖြစ်လာနေပါတယ်” ဆိုပြီး အမွမ်းတင်ထားတာတွေ့ရပါတယ်။
“ချစ်ဖို့ကောင်းတဲ့သူမရဲ့ရူပါလေးကို အတူတူရှုစားကြရအောင်။ သူမရဲ့အလှကိုကြွေတယ်ဟတ်ထိတယ်ဆိုရင်တော့ သူမရဲ့ အင်စတာဂရမ်ကိုဖော်လိုလုပ်ထားနိုင်ပါတယ်” ဆိုပြီး ကြော်ငြာဈေးဗန်းခင်းပေးထားပါတယ်။
IG : yamin_may_oo