သူရဲကောင်းတွေရဲ့ သားသမီးများ ကို ပညာရေး အတွက် ထောက်ပံ့ပေး မယ်ဆိုပြီး ကတိပြု လိုက်တဲ့ ခိုင်သင်းကြည်








unicode

ပရိသတ်တွေ ချစ်ခင် အားပေးရတ့ မင်းသမီးချော ခိုင်သင်းကြည်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတစ်ယောက် ဖြစ်သလို အကယ်ဒမီ ထူးချွန်ဆု တွေလည်းဘဲ သိမ်းပိုက် ရရှိထားတဲ့ သူတစ်ယောက်ပါနော်။

ခိုင်သင်းကြည်ကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာပြည်သူနဲ့တစ်သားတည်း ရပ်တည်နေတာကို လည်းတွေ့ရပါတယ် နော်။

ဒီနေ့မှာတော့ မင်းသမီးခိုင်သင်းကြည်က လူထုလှုပ်ရှားမှုတွေမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ သားမီးတွေကို ထောက်ပံ့ပေးသွားမှာကို အခုလိုပြောပြလာပါတယ်နော်။

ခိုင်သင်းကြည်က အခုဖြစ်နေတဲ့ အခြေအနေတွေ တည်ငြိမ်သွားရင် ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေရဲ့ သားသမီးများအတွက် ပညာရေးထောက်ပံ့ပေးမှုတွေကို ကူညီလှူဒါန်းပေးမယ့် အကြောင်း

ခုလိုရေးသားဝေမျှလာပါတယ်နော်။”ကတိပေးပါတယ် ဒီမိုကရေစီတိုက်ပွဲမှာကျဆုံးသွားတဲ့သူတွေရဲ့ သားသမီးတွေပညာရေးကို lifelong support လုပ်ပေးဖို့လိုတယ်မြင်မိပါတယ်။

အခြေအနေတွေတည်ငြိမ်သွားရင်ကျွန်မရဲ့ဝင်ငွေထဲကနေလစဉ်လှူဒါန်းဖို့ကတိပြုပါတယ် သူတို့ အနာဂတ်တွေမပျက်စေဖို့ ဝိုင်းဝန်းကြမယ်နော်”ဆိုပြီးတော့ ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

တကယ့်ကို ခွန်အားဖြစ်စေတဲ့ ပံ့ပိုးကူညီမှုတစ်ခုဖြစ်လာမှာမို့ မင်းသမီးကြီးခိုင်သင်းကြည့်ရဲ့ စိတ်စေတနာကို လေးစားလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *