အမှန်တရား အတွက် ရှိသမျှပုံအောကာ တော်လှန်ရေးလုပ်နေတဲ့ သူရဲကောင်း (သို့မဟုတ်) ပြည်သူ့အချစ်တော် နှလုံးလှလူမိုက်ကြီးမင်းမော်ကွန်း










unicode

ဘယ်သူဆီကမှ အလှူမခံလိုတဲ့ပြည်သူချစ်နှလုံးလှလူမိုက်ကြီးဆိုတဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့အကြောင်းလေးကို မိတ်ဆွေတစ်ဦးက အခုလိုပြောပြ လာခဲ့ပါတယ်နော်။

ဘယ်သူ့ဆီကမှအလှူမခံလိုတဲ့ နှလုံးလှလူမိုက်ကြီး၊ သူကျန်းမာရေးလေးပြန်ကောင်းလာတော့ ညဘက်ဆိုသီချင်းလေးတွေ ဆိုပြတယ်၊

ခဏတာအပျော်တွေ ကူးစက်ပြီးအားလုံးပြုံးပျော်နေ ကြပြီဆိုရင်ဖြင့် ကလေးတစ်ယောက်လို ပြုံးရွှင်နေခဲ့တဲ့သူ့ပုံရိတွေကို ပြန်မြင်ယောင်တိုင်း ကျွန်တော်သူ့အကြောင်းပြန်ပြန်တွေးမိတယ်၊

သွားသေးသေးလေးတွေအပြည့်နဲ့ နှလုံးသားလှသူကြီး၊ စိတ်ညစ်နေသူတချို့ကို သွားသေးသေးလေးတွေ အများကြီးပေါ်အောင် ပြုံးဖြီးဖြီးလုပ်ပြပြီး စိတ်သက်သာစေသူကြီး။

လူတိုင်းကိုသူ့ကြောင့် စိတ်ဆင်းရဲရတာထက် စိတ်ချမ်းသာတာပဲပိုဖြစ်စေချင်တဲ့သူ၊ သူစိတ်တိုတဲ့အချိန်တချို့ဆိုကြမ်းပြင်ကို လက်သီးနဲ့ထိုးထိုးပြီး အားမလိုအားမရ ဖြစ်နေတတ်ပေမဲ့

မည်သူတစ်ဦးတစ်ယောက်ကိုမှ ဘာတစ်ခုမှ ထိခိုက်အောင် မလုပ်တတ်တဲ့သူ၊ သူ့စရိတ်သူစား ရှိသမျှကိုပုံအောပြီး

တော်လှန်ရေး လုပ်နေသူဟာသူပါပဲ၊သူ့ကို လှူချင်လို့ ဆက်သွယ်သူတွေကို၊မလိုသေးလို့ပါလို့သာ အမြဲပြန်ပြန်ပြောတတ်တဲ့သူ၊။

သံသရာတကွေ့ ဆုံကာတွေ့ကြ၊တူရာသန်ရာပေါင်းကြကြုံကြ ကောင်းရာဘုံဘဝဆိုတာ မိုးပေါ်မှာလားသေလွန်ပြီးမှလား

ကျွန်တော်ကတော့ မိတ်ကောင်းဆွေကောင်းတွေနဲ့ လုပ်ရပ်ကောင်းတွေကြိုးစားနေရတဲ့ဘဝလို့ ထင်တယ်ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *