ျပည္သူေတြ ေမွ်ာ္လင့္ေနတဲ့ D Day ယေန႔ စၿပီ

မင္းေအာင္လိႈင္ဦးေဆာင္သၫ့္ အၾကမ္းဖက္အဖြဲ႔ကို တႏိုင္ငံလံုး အတိုင္းအတာျဖင့္ လွည္းေန ေလွေအာင္း ျမင္းေဇာင္း မက်န္ စက္တင္ဘာ ၇ရက္ မွစၿပီး

ေတာ္လွန္ရန္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ ယာယီသမၼတႀကီး ဒူဝါလရွီးလမွ ‌ယေန့မနက္တြင္ အေရးေပၚ ေၾကညာသြားခဲ့သည္။

ျပည္သူလူထုမ်ားသို႔ လတ္တေလာျဖစ္ေပၚေနသၫ့္ စစ္ေရးပဋိပကၡအေျခအေနမ်ားႏွင့္ပတ္သတ္ၿပီး အေရးေပၚေျပာၾကားသၫ့္ မိန႔္ခြန္းတြင္ ထၫ့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေၾကညာခ်က္တြင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔မ်ားအေနျဖင့္ စစ္ေကာင္စီႏွင့္ ၄တို႔၏ေထာက္တိုင္မ်ားကို ပစ္မွတ္ထား ထိန္းခ်ဳပ္ရန္ႏွင့္ သက္မွတ္ထားသၫ့္ စည္းမ်ဉ္းစည္းကမ္းမ်ားကို လိုက္နာရန္၊

ျပည္သူလူထု၏ အသက္အိုးအိမ္ကို ေစာင့္ေရွာက္ရန္၊ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမွဴးမ်ား အလုပ္မွ စြန႔္ခြာၾကရန္၊ ျပည္သူမ်ားအေနျဖင့္ ယေန့မွစၿပီး မလိုအပ္ဘဲ ခရီးသြားလာျခင္း မျပဳၾကရန္။

လိုအပ္သၫ့္ ရိကၡာမ်ားကို ‌စုေဆာင္းထားရန္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားကို တက္နိင္သေလာက္ ကူညီၾကရန္။ စစ္ေကာင္စီတပ္မ်ား၏ လႈပ္ရွားမႈ သတင္းမ်ားကို

ျပည္သူ႔ကာကြယ္‌ေရးတပ္မ်ားသို႔ အခ်ိန္မွီသတင္းေပးပို႔ရန္၊ တိုင္းရင္းသား လက္နက္ကိုင္မ်ား‌အေနျဖင့္လည္း ခ်က္ခ်င္း ပါဝင္တိုက္ခိုက္ၿပီး မိမိတို႔၏ နယ္ေျမမ်ားကို အျပၫ့္အဝ သိမ္းပိုက္ထားၾကရန္၊

စစ္ေကာင္စီလက္ေအာက္ခံမ်ား ျပည္သူ႔ဘက္မွ ရပ္တည္ၿပီး တိုက္ခိုက္ၾကရန္ႏွင့္ ရံုတက္ျခင္း မျပဳရန္၊ ယခုေတာ္လွန္ေရးသည္ အနာဂတ္ျမန္မာႏိုင္ငံအတြက္ မရိွမျဖစ္ လိုအပ္သၫ့္ ေတာ္လွန္ေရးျဖစ္ေၾကာင္း၊

ယခုေတာ္လွန္ေရးတြင္ စြန႔္လႊတ္အနစ္နာ ခံသူမ်ားကို ႏိုင္ငံ‌ေတာ္၏ သူရဲေကာင္းမ်ားအျဖစ္ အသိအမွတ္ျပဳမည္ ဆိုသၫ့္ အခ်က္ ၁၄ ခ်က္ ပါရိွသည္။

အေရးေပၚအေျခအေန သက္ေရာက္သၫ့္နယ္ေျမသည္ ျပည္ေထာင္စုႏိုင္ငံေတာ္တစ္ဝန္းလံုး ျဖစ္ၿပီး၊ အခ်ိန္ကာလအားျဖင့္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအာဏာ ျပန္လည္ ထူေထာင္ႏိုင္သၫ့္ အခ်ိန္အထိ သတ္မွတ္ေၾကာင္း ပါရိွသည္။

unicode

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် စက်တင်ဘာ ၇ရက် မှစပြီး

တော်လှန်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတကြီး ဒူဝါလရှီးလမှ ‌ယနေ့မနက်တွင် အရေးပေါ် ကြေညာသွားခဲ့သည်။

ပြည်သူလူထုများသို့ လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခအခြေအနေများနှင့်ပတ်သတ်ပြီး အရေးပေါ်ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် ၄တို့၏ထောက်တိုင်များကို ပစ်မှတ်ထား ထိန်းချုပ်ရန်နှင့် သက်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်၊

ပြည်သူလူထု၏ အသက်အိုးအိမ်ကို စောင့်ရှောက်ရန်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အလုပ်မှ စွန့်ခွာကြရန်၊ ပြည်သူများအနေဖြင့် ယနေ့မှစပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန်။

လိုအပ်သည့် ရိက္ခာများကို ‌စုဆောင်းထားရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို တက်နိင်သလောက် ကူညီကြရန်။ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု သတင်းများကို

ပြည်သူ့ကာကွယ်‌ရေးတပ်များသို့ အချိန်မှီသတင်းပေးပို့ရန်၊ တိုင်းရင်းသား လက်နက်ကိုင်များ‌အနေဖြင့်လည်း ချက်ချင်း ပါဝင်တိုက်ခိုက်ပြီး မိမိတို့၏ နယ်မြေများကို အပြည့်အဝ သိမ်းပိုက်ထားကြရန်၊

စစ်ကောင်စီလက်အောက်ခံများ ပြည်သူ့ဘက်မှ ရပ်တည်ပြီး တိုက်ခိုက်ကြရန်နှင့် ရုံတက်ခြင်း မပြုရန်၊ ယခုတော်လှန်ရေးသည် အနာဂတ်မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည့် တော်လှန်ရေးဖြစ်ကြောင်း၊

ယခုတော်လှန်ရေးတွင် စွန့်လွှတ်အနစ်နာ ခံသူများကို နိုင်ငံ‌တော်၏ သူရဲကောင်းများအဖြစ် အသိအမှတ်ပြုမည် ဆိုသည့် အချက် ၁၄ ချက် ပါရှိသည်။

အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ကြောင်း ပါရှိသည်။

Add a Comment

Your email address will not be published. Required fields are marked *