ချစ်တဲ့ ပြည်သူ ပရိသတ်တွေကို သတိထားစရာ အချက်လေး တစ်ခု ကို ပြော လာ ခဲ့ တဲ့ မင်းသား ဒေါင်း…

သရုပ်ဆောင် မင်းသား ဒေါင်းကတော့ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင် မှုတွေကြောင့် ပရိသတ်တွေရဲ့အထူးနှစ်သက်အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။သူကတော့

ဖေဖော်ဝါရီလအစကတည်းက ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေတာလည်း ဖြစ်ပါတယ်။သူရောက်ရှိနေတဲ့နေရာကနေလည်း

လူထု လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ ပါဝင်ပေးနေ တာလည်း ဖြစ်ပါတယ်။ဒေါင်းကတော့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အလှူငွေတွေ လှူဒါန်းပေး နေတာလည်း

ဖြစ်ပါတယ်။၅၀၅ က ဖြင့် အရေးယူခြင်းခံထားရတဲ့ ဒေါင်းကတော့ လက်ရှိမှာလည်း တတ်နိုင်သလောက် လှုပ်ရှားမှုတွေ လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်..။ဒေါင်းကတော့

မကြာမကြာလူမှုကွန်ယက်စာမျက်နှာကနေပြီးနတာ့ ပြည်သူပရိသတ်တွေကိုကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့တွေ ရေးပြီးသတိပေးနေတာ ဖြစ်ပါတယ်။ခုလက်ရှိဖြစ်နေတဲ့ ကိုဗစ်ပိုးတွေကြောင့်လည်း

ပြည်သူတွေအသက်တွေဆုံးရှူံးထားရတာမို့ စိတ်ပူကြောင်း ရေးသားထားပါသေးတယ်။သတင်းတွေထွက်လာခဲ့တဲ့ D Days နဲ့ပက်သက်လို့လည်း ခုချိန်မှာ သတိကြီးကြီးထားကြပြီး အောင်မြင်တဲ့ပန်းတိုင်းကိုလည်း

အတူလျှောက်လှမ်းကြဖို့ ရောင်နီလေး နီးလာပါတော့မယ်ဆိုပြီး “ကျွန်တော်တို့စောင့်မျှော်နေတဲ့နေ့ရက်ရောက်လာတော့မည်။ကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့တွဲလက်ဟာ အရေးပါဆုံးအင်အားပါ။ပန်းတိုင်ကို

အတူသွားကြမည်။ဒေါင်း” ဆိုပြီးရေးသားထားခဲ့ပါတယ်။ ဒေါင်းကတော့ တတ်နိုင်တဲ့ဘက်ကနေပြီး ပြည်သူတွေကို အားဖြစ်စေခဲ့လို့မင်းသားဒေါင်းကို အားပေးရကျိုးနပ်လိုက်တာ ဆိုပြီး သူ့ကိုချစ်တဲ့ ပရိသတ်တွေက ကျေနပ်စေခဲ့တာ ဖြစ်ပါတယ်။

ခရက်ဒစ်

Add a Comment

Your email address will not be published.