သူမနဲ့ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ စစ်သားတွေအတော် များများ သေ ဆုံး ကုန် လို့ ဝမ်းနည်းနေ တဲ့ ရွှေရူပါဦး
|ပရိသတ်ကြီးရေ ရွှေရူပါဦးက တော့ သူ့ကိုယ်သူ မော်ဒယ်လ်အနေနဲ့ အနုပညာရှင်လမ်းကြောင်းကို စတင်ဝင်ရောက်လာခဲ့တယ်လို့ဆိုနေပေမဲ့
ပြည်သူတွေကတော့ သူ့ကို မသိတဲ့သူတွေက များနေပါတယ်နော်။အချို့ဆို အခုမှကြားဖူးတယ်လို့တောင် ပြောနေကြပါတယ်
ရွှေရူပါဦးဟာ သူ့ကိုယ်သူ မော်ဒယ်လ်လို့ ပြောနေပေမဲ့ ပြည်သူတွေကတော့ သူ့ကို တပ်ကုန်းမ လို့သာသိထားကြပါတယ်နော်။
သူမဟာ အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို
ဝေဖန်ပြောဆိုခြင်း တခါမှပြုလုပ်ခြင်းမရှိပဲ ထိုကဲ့သို့ အကြမ်းဖက်နေတဲ့ စစ်တပ်ကို အားပေးအားမြှောက်ပြုလုပ်နေပါတယ်။
ထိုကဲ့သို့ ပြုလုပ်ရုံသာမက စစ်တပ်ကို ဝေဖန်ကြတဲ့ သူတွေကိုလည်း သူမဟာ မထိတထိနဲ့ ဝေဖန်ပြောဆိုပါသေးတယ်နော်။
အရင်တလောကလည်း ကိုဗစ်တတိယလှိုင်းမှာ လွင့်ပါးသွားခဲ့ရတဲ့ သူတွေဟာ သူတစ်ပါးပေါ် စိတ်ယုတ်စိတ်မာ ထားလို့
သေဆုံးကြရတာလို့ ပြောခဲ့လို့ သူမကို ဝိုင်းပြောဆိုဝေဖန်ခဲ့ကြပါသေးတယ်။
ယနေ့မှာတော့ သူမဟာ သူမနဲ့အတူဓာတ်ပုံတွဲရိုက်ခဲ့တဲ့ စစ်သားတွေ သေဆုံးကုန်လို့ ဝမ်းနည်းနေကြောင်းပြောပြလာပါတယ်။
တကက သန်းအောင် တသ မျိုးဇော် တသ ထွန်းဦး အကိုတို့ကိုShwe ဂရုစိုက်ပါအတန်တန်မှာခဲ့ပါတယ်😭..
ကချင်ပြည်နယ်ရွှေကူမြို့ ရိက္ခာသင်္ဘောအားအကြမ်းဖက်KIA KIOအဖွဲ့နှင့်ပူးပေါင်းPDFများမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှုအားခုခံကာကွယ်ရင်း
ကျဆုံးခဲ့ရတဲ့တပ်သား အကြပ် အရာရှိစစ်သည်များအားShwe လက်တင်အလေးပြုအပ်ပါတယ်😔
လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ် C r d