အကြမ်းဖက်စစ်ကောင်စီမှ ဦးဝီရသူ ကို အမှုပိတ် ပြန်လွှတ်ပေးခဲ့တဲ့ သဘောတူညီချက် သုံးရပ် ထွက်ပေါ်လာ

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် အမှုဖွင့်အရေးယူခံထားရသည့် ဦးဝီရသူကို အာဏာ သိမ်းစစ်ကောင်စီက ယနေ့ (စက်တင်ဘာ ၆) ညနေ ၄ နာရီတွင် အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဦးဝိရသူ လွတ်မြောက်ရေးကြိုးပမ်းနေသူများထံမှ သိရသည်။

ွပန်လည်လွတ်မြောက်ကြောင်း အခြားသူများကို အသိမပေးရ၊ မီဒီယာများကို အင်တာဗျူးမဖြေရ၊ ၎င်း၏ လုံခြုံရေးကို တာဝန်ယူရန်ညှိနှိုင်းချက် စသည့် အချက်သုံးချက်ကို နှုတ်ကတိပေးခဲ့ရကြောင်း ဦးဝီရသူပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းနေသည့် အမျိုးသားရေးရဟန်းအချို့နှင့် လူပုဂ္ဂိုလ်အချို့ ပါဝင်သောအဖွဲ့မှ။

တာဝန်ရှိသူတစ်ဦးက Myanmar Now ကိုပြောသည်။ “၁၂၄-က လည်း ရုပ်သိမ်းတယ်။ နောက် ဆရာတော်ရဲ့ ငွေကြေးတွေကို ဝရမ်းကပ် ထားတာကိုး။ အဲ့ဒါတွေ ကိုလည်း အမှုပြန်ပြီးတော့ ရုပ်သိမ်းတယ်”ဟု ၎င်းက ပြောသည်။

သို့သော် အထက်ပါ သဘောတူညီချက်သုံးချက်နှင့် ပတ်သက်၍ အသေးစိတ်ကို ဦးဝီရသူပြန်လည်လွတ် မြောက်ရေးကြိုးပမ်းနေသူများက အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ဦးဝီရသူ၏ ။

လုံခြုံရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက ဆက်လက်တာဝန်ယူထားခြင်း ရှိမရှိ မေးမြန်းရာတွင်လည်း နှုတ်ကတိ ညှိနှိုင်းထားချက်အရ ဖွင့်ပြော၍မရဟု ဆိုသည်။ ဦးဝီရသူသည် ၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်မြို့တော်ခန်းမအနီးတွင်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ကြမ်းတမ်းသောစကားလုံးများဖြင့် တိုက်ခိုက်ဟောပြောခဲ့သောကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် ၂၀၁၉ တွင် အမှုဖွင့်ခံခဲ့ရသည်။အဆိုပါဟောပြောပွဲတွင် တပ်မတော်သားများကို။

လူထုက ဘုရားလို ကိုးကွယ်သင့်ကြောင်းလည်း ဦးဝီရသူ က ဟောပြောခဲ့သည်။

ထိုသို့အမှုဖွင့်ခံရပြီးနောက် ဝရမ်းပြေးအဖြစ် တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန်။

ရက်ပိုင်းအလို နိုဝင်ဘာလဆန်းပိုင်းတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။ ဦးဝီရသူက ထိုသို့လူလုံးပြ ထွက်အဖမ်းခံချိန်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိကြီးအချို့။

အရပ်ဝတ်ဖြင့် လိုက်ပါခြံရံခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရှိရသည်။ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ဦးဝီရသူကို အာဏာသိမ်းပြီး ၇ လကျော်အကြာတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးဝီရသူအား ပြန်လွှတ်မပေးခြင်းအပေါ် ၎င်းကို ထောက်ခံသူများက ပြစ်တင်ဝေဖန်ခဲ့သည့်နည်းတူ စစ်ခေါင်းဆောင်များကို ဝေဖန်သည့် ဦးဝီရသူ၏ ရုပ်သံဖိုင်တစ်ခုလည်း ပြီးခဲ့သည့်လအတွင်း။

လူမှုကွန်ရက်တွင် ပေါ်ထွက်ခဲ့သည်။ စစ်ခေါင်းဆောင်များသည် နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် ပြည့်တန်ဆာအမှုကအစ တရားစွဲခံ ထားရသူများကို ပြန်လွှတ်ပေးမှုအချို့ရှိခဲ့သော်လည်း။

၎င်းကိုပြန်မလွတ်ပေးသဖြင့် သုံးကြိမ်ထက်မနည်း စာတင်တောင်းဆိုခဲ့သည့်အပြင် “ကိုဗစ်ကုသိုလ်ရှင် – ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှု” ခေါင်း စဉ်ဖြင့် ဦးဝီရသူက စက်တင်ဘာ ၂ ရက်တွင် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သော။

VK ၌ ရုပ်သံဖိုင် ထုတ်လွှင့်ခဲ့သည်။ “(ကိုဗစ်)ဖြစ်တာမှ အသည်းအသန်ကိုဖြစ်တာ။ စင်တာတွေပါ ရောက်သွားတာ။ အသက်ရှူတွေ ကြပ် အောက်ဆီဂျင်ကျပြီးတော့။

ကိုဗစ်က‌တော့ သက်သာသွားပြီ။ ဘယ်ဘက်လက်မောင်းပြုတ်ကျတာက မသက်သာသေးဘူး။

ဘယ်ဘက်လက်ပါမကဘူး ညာဘက်လက်ပါ မကောင်းဘူး။ အရွတ်ပြုတ်ကျတာ။ ကျန်းမာရေးမကောင်းဘူး” ဟု ဦးဝီရသူလွတ်မြောက်ရေး ကြိုးပမ်းသူများတွင် ပါဝင်သည့် ရဟန်းတစ်ပါး က ဆိုသည်။

ဦးဝီရသူပြန်လွတ်ပေးခြင်းနှင့်ပတ်သက်ပြီး တရားလိုဖြစ်သူ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမှုပိတ်သိမ်းသဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက People Media ကို ဖြေထားသည်။

#Credit Original Writer

Add a Comment

Your email address will not be published. Required fields are marked *