NUG အနေဖြင့် အရေးပေါ်အခြေအနေ ကို ပြန်ရုတ်သိမ်းပေးရန်နှင့် စစ်ရေးဆောင် ရွက်မှုများ မလုပ်ရန် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ထုတ်ပြန်
|အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေဖြင့် အရေးအပေါ်အခြေအနေအား ပြန်လည်ရုတ်သိမ်းပေးရန်နှင့် မိမိဒေသကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှုများ မပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာ ယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်က ထုတ်ပြန်ပြောကြားလိုက်သည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် NUG ကြေညာချက် တစ်စောင်တွေ့ရှိခဲ့ရပြီး၊ ဤအမိန့် ကြေညာချက်စာသည် စစ်ကြေညာလိုက်သည့် အသွင်ဆောင်ခြင်းကြောင့် ကျွန်ပ်အနေဖြင့်
လွန်စွာထိတ်လန့် စိုးရွံမိကြောင်း၊ စစ် ကြောင့် နိုင်ငံသူနိုင်ငံသားများ အနေအစား ဆင်းရဲကြရပြီး၊ ဒုက္ခမျိုးစုံကြုံခဲ့ရပြီး ဖြစ်၍ ထပ်မံမကြုံတွေ့စေ လိုကြောင်း ၎င်းကပြောသည်။
သို့ဖြစ်၍ ဤအမိန့်ကို မရုတ်သိမ်းနိုင်ခဲ့သည်ရှိသော် ကျွန်ပ်တို့၏ နယ်မြေကို စစ်တလင်းအဖြစ်သို့ ပို့ဆောင်ပေး သည့် သဘောဆောင်နေကြောင်း ထို့ကြောင့် မိမိအနေဖြင့် မိဘပြည်သူကိုယ်စား မေတ္တာရပ်ခံလိုကြောင်း ပဒိုစောရွှေမောင်က ပြောသည်။
အဆိုပါ မေတ္တာရပ်ခံချက်မှာ အရေးပေါ်အခြေအနေကို ပြန်လည်ရုတ်သိမ်းပေးရန်၊ မိမိတို့ ဒေသကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှုများ မပြုလုပ်ရန်၊
KNU၏ နိုင်ငံရေး ရပ်တည်ချက်နှင့်အညီ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အနူးညွတ် မေတ္တာရပ်ခံအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်က ပြောကြားလိုက်သည်။
Photo – KNU
Ref PeopleMedia