ယူနီဖောင်း အပြည့်အစုံနဲ့ လွတ်မြောက်နယ်မြေမှာ တိုက်ပွဲဝင် ဖို့ အသင့်ဖြစ်နေ တဲ့ မင်းသားချော ဟိန်းထက်
|ပရိတ်သတ်တွေ ချစ်ခင်အားပေးရတဲ့ မင်းသားချော ဟိန်းထက်ကတော့ ဇာတ်လမ်းတွဲတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး လူသိများအောင်မြင်လာခဲ့တာဘဲဖြစ်ပါတယ်။
ဒါ့အပြင် မင်းသားချော ဟိန်းထက်ရဲ့ အပြစ်ကင်းတဲ့ မျက်နှာ်လေးနဲ့ အပြုံးလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေအသည်းစွဲအားပေးနေကြတာပါ။ ဟိန်းထက်ကတော့ မတရားမှုကို လက်မခံဘဲ ပြည်သူနဲ့အတူ အမှန်တရားဘက်က ရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။
တစ်ချို့အနုပညာရှင်တွေ ဈေးတွေရောင်း အနုပညာအလုပ်တွေ လုပ်ကိုင်နေပေမယ့် ဟိန်းထက်ကတော့ ယုံကြည်ရာကို ဇွဲမလျော့သွေးမအေးဘဲ့ လွတ်မြောက်နယ်မြေကို သွားရောက်ပြီး စစ်သင်တန်းတွေ တက်ရောက်နေတာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ မင်းသားချော ဟိန်းထက်က ခက်ခဲကြမ်းတမ်းတဲ့ ပြည်သူ့စစ်သားခံယူကာ ယူနီဖောင်းအပြည့်နဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတာလည်းဖြစ်ပါတယ်။ ပရိတ်သတ်တွေကလည်း မင်းသားချော ဟိန်းထက်ကို စိတ်ပူပေးကြပြီး ဘေးကင်းဖို့လည်း ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။
crd