သူမကိုယ်တိုင် ချ ချက်ပြီး အလှူလေးပြုလုပ်နေ တဲ့ video နဲ့ လူတွေစိတ်ဝင်စားအောင် ပြန်ကြိုးစားနေတဲ့ ဖြူဖြူထွေး




unicode

ဖြူဖြူထွေးကတော့ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ကြော်ငြာတွေကို ရိုက်ကူးပြီးပရိသတ်အချစ်တွေကို ရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်. . ဖြူဖြူထွေးကတော့ မိသားစုလိုက် ရိုးသားဖြူစင်ခြင်းတွေနဲ့အတူ အလှူအတန်းတေ့လည်း ရက်ရောတယ်ဆိုပြီးတော့ ပရိသတ်များကလည်း ချစ်ပေးခဲ့ကြပြန်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်နေတဲ့ အချိန်ကာလအတွင်းမှာတော့ ဖြူဖြူထွေးတစ်ယောက် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြန်ပါတယ်. .. ။

မကြာမှီရက်တစ်ရက်မှာတော့ ဖြူဖြူထွေးတစ်ယောက် ပြည်သူတွေအတွက် အအေးဗူးတွေ ထွက်ပြီးကမ်းလှမ်းခဲ့ပေမဲ့ ပရိသတ်တွေကတော့ သူမအပေါ်မှာ ချစ်တဲ့အချစ်တွေအစား ဝေဖန်မှုတွေသာ တိုးနေခဲ့ပြန်ပါတယ်။ ဝေဖန်မှုတွေ ခံနေရင်းနဲ့ပဲ ရန်ကုန်မှာဆက်လက်နေထိုင်ရင်း မကြာခင်မှာတော့ သူမတို့နေထိုင်တဲ့ နယ်ကိုပဲ ပြန်တော့မယ်ဆိုပြီး ပြန်သွားပြီးနောက်ပိုင်းမှာတော့ အားလုံးကို လွမ်းနေတယ်ဆိုတဲ့အကြောင်းတွေကလည်း တင်လာခဲ့ပြီးနောက် အလှူအတန်းဆို ရက်ရောတတ်တဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ သူမ တတ်နိုင်သလောက် လှူဒါန်းမှုလေးတွေတော့ အမြဲပြုလုပ်လျက်ရှိပါတယ်။

မကြာခင်လပိုင်းတုန်းကတော့ ဖြူဖြူထွေး ဟာ ဆိုရင်လဲ သူ ကိုဗစ်ကူးဆက် ခံ နေရကြောင်း ပရိတ်သတ်တွေကို ပြောပြလာပါတယ်။ ဒီနေ့လေးမှာတော့ ဖြူဖြူထွေးက သူမကိုယ်တိုင် ဗူးသီးတွေခူးပြီး ဟင်းတွေလည်းကိုယ်တိုင်ချက်ပြီး ရွာကလူတွေကို ဝေပေးနေတာ ဖြစ်ပါတယ်။ သူမကတော့ ဖေ့ဘုတ်စာမျက်နှာထက်မှာ မတင်တော့ဘဲ Tiktok မှာပဲ တင်ပေးတော့တာ ဖြစ်ပါတယ်နော်.. ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့အလှူလေးကို သာဓုခေါ်ပေးကြပါအုံးနော်…

Add a Comment

Your email address will not be published. Required fields are marked *