အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဦးဇင်ဝိုင်း ရဲ့ ပေါက် ကွဲ သံ(နားထောင်ကြည့် ဗျာ)

ဝါရင့်သရုပ်ဆောင် ဦးဇင်ဝိုင်းဟာဆိုရင်တော့ အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် နစက မှ ဧပြီလ(၁၅)ရက်နေ့က ဖမ်းဆီးခံခဲ့ပါတယ်။

ဧပြီလ(၁၅)ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း သရုပ်ဆောင်ဇင်ဝိုင်းကို ဇွန်လ (၇)ရက်နေ့ မနက်ပိုင်းမှာ အင်းစိန်ထောင်က ပြန်လွှတ်လိုက်ပါတယ်။

ပြန်လည် လွတ်မြောက်လာရခြင်းအကြောင်းကိုတော့ ဒီနေ့အထိ အသေးစိတ်မသိရှိရသေးပါ။ ဦးဇင်ဝိုင်းရဲ့ သားဖြစ်သူ သရုပ်ဆောင်မင်းမော်ကွန်းဟာလည်း အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတေမှာ ပါဝင်ခဲ့ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ယခုအခါ မင်းမော်ကွန်းနှင့်အတူ ဇနီး သား မိသားစုလိုက် လွတ်မြောက်နယ်မြေကိုရောက်ရှိနေပါတယ်။ အဖေဖြစ်သူ သရုပ်ဆောင် ဦးဇင်းဝိုင်းကတော့ သားသမီးတွေ မြေးမြစ်တွေ အနာဂတ်အတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုတာ ဒီဗွီယိုလေးကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။

စောက်သုံးမကျတဲ့တိုင်းပြည်၊ ငါတို့လူဖြစ်ရတယ်ကွာ ဒီနိုင်ငံမျိုးမှာ…..။ ငါတို့ လူတွေကွ…..ငါတို့လူတေ….လူကွ…..ငါတို့မှာသားသမီးတေရှိတယ်၊ ငါတို့မှာ မြေးတွေ မြစ်တွေရှိတယ်….။

ငါတို့မှာ ချစ်ခြင်းတရားတွေရှိတယ်၊ ဘယ်မှာလည်း အနာဂတ်ဘယ်မှာလဲ ရှေ့ရေး…. လို့ ခံစားချက်တွေကို လမ်းမပေါ်သွားရင်း ကျေကွဲစွာပြောဆိုသွားပါတယ်။ ဦးဇင်ဝိုင်းလို ခံစားနေရတဲ့မိဘတွေ ဘယ်လောက်များရှိနေမလဲဗျာ……

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

မြန်မာပြည်ကြီးအေးချမ်းပါစေဗျာ။ သာဂိ

Add a Comment

Your email address will not be published. Required fields are marked *