နေမကောင်းတဲ့ဖခင်ကိုပြုစုဖို့အတွက် လစာကောင်းတဲ့ဆေးရုံကအလုပ်ကို စွန်လွှတ်ခဲ့ တဲ့ ဆရာဝန်လေး

မလေးရှားနိုင်ငံကဆရာဝန်လေးတစ်ဉီးရဲ့လေးစားဖွယ်ကောင်းတဲ့လုပ်ရပ်လေးဟာ social mediaပေါ်ပျံ့နှံ့နေပီး netizenများက ချီးကျူးခဲ့ကြပါတယ်။

အကြောင်းကတော့ ထိုဆရာဝန်လေးဟာ နေမကောင်းတဲ့ဖခင်ကိုအနီးကပ်ပြုစု စောင့်ရှောက်ရအောင်ဆိုပီး လစာကောင်းတဲ့ဆရာဝန်အလုပ်ကို စွန့်လွှတ်ကာ ဖခင်ဖြစ်သူကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ခဲ့ပါတယ်။

ထိုဆရာဝန်လေးဟာ ဆေးကျောင်းဒီဂရီဘွဲ့တခုကို ရရှိခဲ့ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဇာတိမြို့လေးက Batu Pahat Hospitalဆိုတဲ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ချင်ခဲ့တာပါ။

ထိုဆေးရုံမှာ တာဝန်ထမ်းဆောင်တော့မယ့် တချိန်တည်းမှာပဲ ဖခင်ဖြစ်သူဟာ ရုတ်တရက် ကျန်းမာရေးမကောင်းဖြစ်တာနဲ့ ကြုံခဲ့ရရှာပါတော့တယ်။

သူဟာ မိခင်ဖြစ်သူက ပြုစုပေးမှာကိုလည်း လက်မခံဘဲ သူ့ကိုဆရာဝန်ဖြစ်အောင် အပင်ပန်းခံပြုစုပျိုးထောင်ပေးခဲ့တဲ့ ဖခင်ကြီးကို သူကိုယ်တိုင်ပြုစုချင်တဲ့အတွက်ကြောင့်

သူ့ရဲ့မျှော်လင့်ချက်အိပ်မက်ကို စွန့်ပြီး ဖခင်ကိုပြုစုစောင့်ရှောက်ဖို့ကို ရွေးချယ်ခဲ့ပါတယ်။ ဆရာဝန်လေးဟာ ယခုအခါမှာတော့ ဘဏ္ဍာရေးအကြံပေးပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပဲ လုပ်ကိုင်နေပြီး

ထိုအလုပ်ကနေ ဖခင်ရဲ့ဆေးဖိုးကိုတော့ အဆင်ပြေပြနေဲ့ ရှာနိုင်ခဲ့ပါတယ်။ တကယ်ဆိုရင် သူ့လို ဒီဂရီဘွဲ့ရတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ကတော့

ဆေးရုံအလုပ်မှာ လခကောင်းရနိုင်ပေမဲ့လည်း ဖခင်ကြီးကို အခုလို အနီးကပ်တော့ ပြုစုခွင့်ရမှာ မဟုတ်ပါဘူး။အိပ်မက်တွေကို စွန့်ခဲ့တဲ့သားရတနာတစ်ယောက်မို့

နိုင်ငံတကာ လူမှုကွန်ယက်တွေက လူအများက သူ့အိပ်မက်အတွက်နှမြောတသစွာနဲ့ဖြစ်ကြရပေမယ့် သူ့ရဲ့ မိဘပေါ်သိတတ်တဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်ကိုတော့ တလေးတစားချီးကျူး နေခဲ့ကြတာကို တွေ့ရပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *