ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တြင္ ေ႐ႊ႐ူပါဦးအား ဝင္ခြင့္ မျပဳ ရန္ အမိန္႔ ထုတ္ျပန္ထား
|ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၌ အေျခစိုက္ေသာ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္ သ႐ုပ္ေဆာင္ႏွင့္ ေမာ္ဒယ္တစ္ဦးျဖစ္သူ ေ႐ႊ႐ူပါဦးကို စစ္ဌာနခ်ဳပ္႐ုံးအတြင္းသို႔
မည္သည့္အေၾကာင္းျပခ်က္ႏွင့္မွ် ဝင္ခြင့္မျပဳရန္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ျမတ္သက္ဦးက ယေန႔နံနက္ ၇ နာရီခန္႔က တိုင္း႐ုံးအရာ႐ွိမ်ားကို
အမိန္႔ထုတ္ျပန္ၫႊန္ၾကားထားေၾကာင္း သိရသည္။လြန္ခဲ့သည့္ ရက္ပိုင္းအတြင္း ေမာ္ဒယ္သ႐ုပ္ေဆာင္ေ႐ႊ႐ူပါဦးႏွင့္ ဓာတ္ပုံတြဲ႐ိုက္ခဲ့သည့္ အရာ႐ွိမ်ား ထူးဆန္းစြာ က်ဆုံးခဲ့သည့္ကိစၥႏွင့္
ပတ္သက္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ ပ်ံ႕ႏွံ႔လ်က္႐ွိရာ ၎ၫႊန္ၾကားခ်က္ကို ထုတ္ျပန္ျခင္းျဖစ္ႏိုင္သည္ဟု တပ္မေတာ္ထိပ္ပိုင္းႏွင့္နီးစပ္သူမ်ားက
သုံးသပ္ခဲ့ၾကသည္။တိုင္း / ျပည္နယ္ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန ႐ုံးမ်ားတြင္လည္း ထိုနည္းတူ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားေၾကာင္း သိရသည္။
Credit
unicode
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အခြေစိုက်သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် သရုပ်ဆောင်နှင့် မော်ဒယ်တစ်ဦးဖြစ်သူ ရွှေရူပါဦးကို စစ်ဌာနချုပ်ရုံးအတွင်းသို့
မည်သည့်အကြောင်းပြချက်နှင့်မျှ ဝင်ခွင့်မပြုရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးက ယနေ့နံနက် ၇ နာရီခန့်က တိုင်းရုံးအရာရှိများကို
အမိန့်ထုတ်ပြန်ညွှန်ကြားထားကြောင်း သိရသည်။လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မော်ဒယ်သရုပ်ဆောင်ရွှေရူပါဦးနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည့် အရာရှိများ ထူးဆန်းစွာ ကျဆုံးခဲ့သည့်ကိစ္စနှင့်
ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိရာ ၎င်းညွှန်ကြားချက်ကို ထုတ်ပြန်ခြင်းဖြစ်နိုင်သည်ဟု တပ်မတော်ထိပ်ပိုင်းနှင့်နီးစပ်သူများက
သုံးသပ်ခဲ့ကြသည်။တိုင်း / ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးများတွင်လည်း ထိုနည်းတူ ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
Credit