ကပ်ရောဂါတွေပြီး တဲ့ အခါ ပထမဆုံး ရိုက်ကူးချင် တဲ့ ရုပ်ရှင်အကြောင်းကို ဖွင့်ဟလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်ကတော့ နိုင်ငံကျော် အဆိုတော် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဆယ်စုနှစ်တခုမက အောင်မြင်မှုကို ထိန်းသိမ်းထား နိုင်တဲ့ သူပဲ ဖြစ်ပါတယ်။ မကြာသေးခင်က တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်

အဆိုတော်တ ဦးဖြစ်တဲ့ Park Bom နဲ့အတူတွဲဖက်ကာ သီချင်းသီ ဆိုခဲ့ပြီး နိုင်ငံတကာက ပရိတ်သတ်တွေရဲ့ ချီးကျူး အားပေးမှု ကိုလည်း ရရှိခဲ့ ပါသေးတယ်။ ကိုဗစ်ကပ်ရော ဂါကြောင့် ရုပ်ရှင်ထုတ်လွှင့်ပြသနေမှုများကို

ရပ်တန့်လိုက် ရတာကြောင့် စိုင်းစိုင်းရဲ့ ” ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးကလည်းပြသနေဆဲမှာပဲ ရပ်တန့်လိုက် ရတာ ဖြစ်ပါတယ်။ အနုပညာလုပ် ငန်းများအားလုံး ရိုက်ကူးခွင့် ရပ်နားထား ရတာကြောင့်

ကပ်ရောဂါပြီး တဲ့အခါ ရိုက်ကူးချင်တဲ့ ရုပ်ရှင်ဇာတ်ကား အကြောင်း ကိုလည်း အခုလိုပဲ စိုင်းစိုင်းခမ်းလှိုင်ကသူ့ရဲ့ ဆိုရှယ် မီဒီယာ ကနေ တဆင့် ပြောပြခဲ့ ပါတယ် ။

စိုင်းစိုင်း ပြောခဲ့တာကတော့ ” ကိုယ့်အတွက် ပထမဆုံး TV ဇာတ်လမ်းကို သူငယ်ချင်းတွေနဲ့

ညီမတွေနဲ့ တွဲရိုက်ရမယ့် အချိန်မှာ ကပ်ဆိုက်ပြီး ရပ်ထား လိုက်ရတယ်ပြန်ရိုက်ခွင့် ရတာနဲ့ ဒီဇာတ် လမ်းကို အရင်ဆုံး ရိုက်မယ် သရုပ်ဆောင်တွေ အားလုံး ပြန်စုလို့မှ ရပါ့မလား မရရင် အိမ်အထိ လိုက်ခေါ်မယ် ” ဆိုကာ

သူငယ်ချင်း များနဲ့ ရိုက်ကူးရမယ့် ရုပ်ရှင်ဇာတ် ကားကြီးအကြောင်းကို အခု လိုပဲ ပြောပြခဲ့ ပါတယ် ။

ဖတ်ရှုပေးတဲ့ ပရိတ် သတ်တွေ အားလုံးကို ကျေးဇူးတင် ရှိပါ တယ်ရှင် ။ ကိုဗစ်ကပ်ရောဂါပြီးလို့ ရုပ်ရှင်တွေ ပြန်ကြည့်ရ မယ်ဆိုရင် ဘယ်ရုပ်ရှင်ကို အရင်ဆုံး ကြည့်ချင် လဲဆိုတာ ပရိတ်သတ်ကြီးက ပြောခဲ့ ပါဦးနော် ။

Add a Comment

Your email address will not be published. Required fields are marked *