ခုနစ္လအတြင္း ျမန္မာျပည္သူလူထုခံစားေနရတဲ့ဒုကၡေတြ ေျပာင္းလဲေလ်ာ့ပါးသြားတာမ႐ွိဘူး လို႔ မစၥယန္ဟီးလီ ေျပာၾကား

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ေနာက္ပိုင္း ျမန္မာျပည္သူျပည္သားေတြက စစ္တပ္ရဲ႕ဖိႏွိပ္မႈေတြကိုတြန္းလွန္လာတာ ခုနစ္လၾကာျမင့္လာၿပီျဖစ္ေပမယ့္ စစ္တပ္ဘက္ကေတာ့ ေခါင္းမာေနဆဲျဖစ္ၿပီး လူထုခံစားေနရတဲ့ ဒုကၡေတြဟာလည္း ေျပာင္းလဲေလ်ာ့ပါးသြားတာ မ႐ွိဘူးလို႔ ကုလအထူးကိုယ္စားလွယ္ေဟာင္း မစၥယန္ဟီးလီက ေျပာၾကားလိုက္ပါသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG) က ခုခံတြန္းလွန္စစ္ဆင္ႏႊဲဖို႔ ေၾကညာလိုက္ၿပီးေနာက္မွာ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအၾကံေပးေကာင္စီ (SAC-M)ရဲ႕ ထုတ္ျပန္ခ်က္တစ္ေစာင္ ထြက္ေပၚလာခဲ့ၿပီး အဲ့ဒီထုတ္ျပန္ခ်က္ထဲမွာ အထူးအၾကံေပးေကာင္စီရဲ႕အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ မစၥယန္ဟီးလီကအခုလို ေျပာၾကားထားတာျဖစ္ပါသည္။

ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ျမန္မာျပည္သူလူထုကို ကူညီဖို႔အခြင့္အေရး ႐ွိေပမယ့္ ပ်က္ကြက္ခဲ့ၿပီး အာဆီယံအေနနဲ႔လည္း ဧၿပီလတုန္းက ကတိေပးခဲ့တဲ့အတိုင္း ႏိုင္ငံအတြင္း လူမႈကယ္ဆယ္ေရးေပးဖို႔ကိစၥကိုေတာင္ အခုထိ မလုပ္ေဆာင္ႏိုင္ခဲ့ဘူးလို႔ အထူးအၾကံေပးေကာင္စီရဲ႕ထုတ္ျပန္ခ်က္ၼွာ ေထာက္ျပပါ႐ွိလာခဲ့ပါသည္။

အထူးအၾကံေပးေကာင္စီရဲ႕ေနာက္ထပ္အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ခရစ္ဆီေဒါတီး ကေတာ့ ျမန္မာႏိုင္ငံမွာ လူထုအေနနဲ႔ ဖိႏွိပ္ညႇဥ္းပန္းမႈေတြကို မခံႏိုင္လြန္းလို႔ လက္နက္ကိုင္ဖို႔ျဖစ္လာတာကို စာနာနားလည္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ထည့္သြင္းအသိေပးထားပါသည္။

ဒါေပမဲ့ NUG ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ျဖစ္ေပၚလာမယ့္ရလဒ္နဲ႔ပတ္သက္လို႔ စိုးရိမ္တယ္လို႔ သူက ဆက္ေျပာထားတာလည္း ျမင္ေတြ႕ရပါသည္။

ျမန္မာႏိုင္ငံဆိုင္ရာ အထူးအၾကံေပးေကာင္စီဟာ လူ႕အခြင့္အေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီေရး၊ တရားမွ်တေရးစတဲ့ တာဝန္ခံမႈေတြ ျမန္မာႏိုင္ငံမွာ ရ႐ွိလာေစဖို႔အတြက္ ႏိုင္ငံတကာကြၽမ္းက်င္ပညာ႐ွင္ေတြနဲ႔ဖြဲ႕စည္းထားတဲ့ သီးျခားလြတ္လပ္တဲ့အဖြဲ႕တစ္ခုျဖစ္‌ေၾကာင္းသိ႐ွိရပါသည္။

unicode

ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မြန်မာပြည်သူပြည်သားတွေက စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုတွန်းလှန်လာတာ ခုနစ်လကြာမြင့်လာပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကတော့ ခေါင်းမာနေဆဲဖြစ်ပြီး လူထုခံစားနေရတဲ့ ဒုက္ခတွေဟာလည်း ပြောင်းလဲလျော့ပါးသွားတာ မရှိဘူးလို့ ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောကြားလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ခုခံတွန်းလှန်စစ်ဆင်နွှဲဖို့ ကြေညာလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ရဲ့ ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်ထဲမှာ အထူးအကြံပေးကောင်စီရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မစ္စယန်ဟီးလီကအခုလို ပြောကြားထားတာဖြစ်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူလူထုကို ကူညီဖို့အခွင့်အရေး ရှိပေမယ့် ပျက်ကွက်ခဲ့ပြီး အာဆီယံအနေနဲ့လည်း ဧပြီလတုန်းက ကတိပေးခဲ့တဲ့အတိုင်း နိုင်ငံအတွင်း လူမှုကယ်ဆယ်ရေးပေးဖို့ကိစ္စကိုတောင် အခုထိ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အထူးအကြံပေးကောင်စီရဲ့ထုတ်ပြန်ချက္မှာ် ထောက်ပြပါရှိလာခဲ့ပါသည်။

အထူးအကြံပေးကောင်စီရဲ့နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခရစ်ဆီဒေါတီး ကတော့ မြန်မာနိုင်ငံမှာ လူထုအနေနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကို မခံနိုင်လွန်းလို့ လက်နက်ကိုင်ဖို့ဖြစ်လာတာကို စာနာနားလည်ကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းအသိပေးထားပါသည်။

ဒါပေမဲ့ NUG ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့်ရလဒ်နဲ့ပတ်သက်လို့ စိုးရိမ်တယ်လို့ သူက ဆက်ပြောထားတာလည်း မြင်တွေ့ရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီဟာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး၊ တရားမျှတရေးစတဲ့ တာဝန်ခံမှုတွေ မြန်မာနိုင်ငံမှာ ရရှိလာစေဖို့အတွက် နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့တစ်ခုဖြစ်‌ကြောင်းသိရှိရပါသည်။

Add a Comment

Your email address will not be published. Required fields are marked *