နိုင်ငံရေးအရ ဩဇာအာဏာရှိအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်‌နေရကြောင်း စစ်ကောင်စီ‌ခေါင်း‌ဆောင် ပြောကြား

ကမ္ဘာပေါ်တွင်ဩဇာအင်အားတောင့်တင်းသည့်နိုင်ငံများသည် နိုင်ငံရေးအရအင်အားတောင့်တင်းသည့်နိုင်ငံ၊ စစ်အင်အားရှိသည့်နိုင်ငံ၊ စီးပွားရေးအင်အားရှိသည့် နိုင်ငံများပင်ဖြစ်သည့်အတွက် နိုင်ငံရေးအရဩဇာအာဏာရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်ရကြောင်း နစက ဥက္ကဋ္ဌ မင်းအောင်လှိုင်က စက်တင် ဘာလ (၇)ရက်က ကျင်းပသည့် အိမ်စောင့်အစိုးရအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

နိုင်ငံတစ်ခု၏ အဓိကမောင်းနှင်အားသည် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင် အားတို့ဖြစ်သည့်အတွက် နိုင်ငံရေးအရ တည်ငြိမ်မှု့ရှိရန် ကမ္ဘာ့နိုင်ငံများအချို့တွင်လည်း စဉ်ဆက်္မပြတ်ကြိုးပမ်းဆောင်ရွက်နေကြကြောင်း ၎င်းင်ကထည့်သွင်းပြောကြားထားပါ‌သေးသည်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

မိမိတို့နိုင်ငံက အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် နိုင်ငံတကာနဲ့ဆက်ဆံရာမှာ နိုင်ငံရဲ့ ဂုဏ် သိက္ခာနဲ့အညီဆောင်ရွက်နေတာကို အချို့သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက မျက်ကွယ်ပြုပြီးဆောင်ရွက်နေကြတယ် ဟု ၎င်းကပြောပါသည်။

ထို့ကြောင့် ပြည်ပနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် နယ်စပ်ဒေသဆက်ဆံရေးနှင့်စပ် လျဉ်း၍ နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး နိုင်ငံတကာကတိ ကဝတ်၊ သဘောတူညီချက်များနှင့်အညီ ပြောဆိုပြုမူ ဆောင်ရွက်ရန်လိုအပ်ကြောင်းနိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့်ကိစ္စရပ်များကို ရှောင်ရှားကြရန်လိုအပ် ကြောင်း၊ မိမိတို့နိုင်ငံ ဂုဏ် သိက္ခာမြင့်မားစေရန် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍအလိုက် တိုးတက်အောင်ဆောင်ရွက်ကြ ရန် လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ပါသည်။

စစ်ရေးအရအင်အားတောင့်တင်းသည့် နိုင်ငံများ၊ စီးပွားရေးအရတောင့်တင်းသည့် နိုင်ငံများတွင် နိုင်ငံ ရေးနှင့်ကာကွယ်ရေးအတွက် Institution များကဆောင်ရွက်ကြရပြီး နိုင်ငံ၏စီးပွားရေးအ တွက် တစ် နိုင်ငံလုံးက ကြိုးစားဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ စီးပွားရေး၏အကျိုးအား နိုင်ငံသူနိုင်ငံသားအားလုံးခံစားရခြင်းဖြစ်သဖြင့် စီးပွားရေးမောင်းနှင်အားသည် နိုင်ငံတစ်ခု၏ အမွန္တ ကယ်အကျိုးရှိသည့် မောင်းနှင်အားပင်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒါ့ကြောင့် နိုင်ငံရဲ့စီးပွားရေး ကောင်းမွန်စေဖို့အတွက် လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရ တည် ငြိမ်အေးချမ်းမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို လက်ရှိကျော်လွှားနိုင်ဖို့လိုပါတယ် ဟု နစက ဥက္ကဋ္ဌက ပြေပါသည်။

Add a Comment

Your email address will not be published. Required fields are marked *