မကြာခင် တောက်ပလာတော့မယ့် တိုင်းပြည်အနာဂတ်မှာ Idol စစ်စစ်တွေကို ရွေးချယ်အားပေး ဖို့ ပြော လာ တဲ့ဖြူဖြူ
|မြန်မာနိုင်ငံရဲ့ အသံပါဝါအားကောင်းတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းနဲ့ ပရိသတ်တွေကို တရင်းတနှီးမိတ်ဆက်ပေးဖိုမလိုလောက်ဘူးထင်ပါတယ်
ဖြူဖြူကျော်သိန်းကိုတော့ “မိုးခါးရေ”သီချင်းဖြင့် ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်
ဖြူဖြူကျော်သိန်းကတော့ ဖက်ရှင်အမိုက်စားဖြစ်တဲ့အဝတ်အစားတွေဝတ်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကိုခံရတဲ့အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်
အနုပညာလောကထဲမှာ အခြားသူတွေနဲ့ ကွဲထွက်ပြီး ကိုယ်ပိုင်စတိုင်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ဖြူဖြူကတော့ ဂီတဖန်တီးမှုပိုင်းမှာသာမက ဖက်ရှင်ပိုင်းမှာလည်း ခေတ်ရှေ့ပြေးသူဆိုတာ မေ့ထားလိုမရပြန်ပါဘူး
ဖြူဖြူကျော်သိန်းကတော့ အားလုံးသိပြီးတဲ့အတိုင်း ဆန်းသစ်တဲ့အနုပညာဖန်တီးမှုတွေနဲ့ မြန်မာ့ဂီတလောကမှာ ထိပ်တန်းနေရာရယူထားနိုင်တဲ့ မိန်းကလေး အဆိုရှင်တစ်ဦးပါ
အဆိုတော် ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာကြောင့် ဘေးကင်းရာသိုတိမ်းရှောင်နေရတာ ဖြစ်ပါတယ်
ယခုတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို ရွေးချယ်အားပေးရမည့် Idol စစ်စစ်တွေအကြောင်းရှင်းပြလာပါတယ်
“ခုအချိန်မှာ Celebrity Idol တစ်ယောက်ကို praise လုပ်တဲ့ စာအရှည်ကြီးရေးဖို့ မသင့်တဲ့အချိန်မှန်း သိပေမယ့်… ခုရေးမယ့်အကြောင်းအရာက ခုချိန်ရေးပြမှကို ထင်သာမြင်သာ ဖြစ်မယ့် အချိန်မို့… ခုလို ရှည်လျားစွာရေးပြလိုက်ရပါတယ်…. ခုရေးမယ့် အကြောင်းက ဖြူဖြူကျော်သိန်းကို praise လုပ်မယ့်စာ၊ တနည်းအားဖြင့် ဂုဏ်ဆာရေးသားမယ့်စာရှည်ဖြစ်ပေမယ့် အသံဘယ်လိုကောင်းကြောင်း၊ သီချင်းတွေ ဘယ်လောက်ကောင်းကြောင်း ၊ဖက်ရှင်တွေဘယ်လိုပြင်ဆင်ကြောင်း၊ နိုင်ငံတကာထိ ဘယ်လိုခြေဆန့်ကြောင်း၊ ဆုတံဆိပ်တွေ ဘယ်လိုရကြောင်းဆိုတာတွေ ပြောမှာ မဟုတ်ပါဘူး….ဖြူဖြူက သူ့ရဲ့ အောင်မြင်ကျော်ကြားမှုကို အသုံးပြုပြီး မြန်မာလူမျိုး ပရိသတ်တွေရဲ့ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုစေမယ့် စကားတွေ ၊ အင်တာဗျူးတွေ၊ သီချင်းတွေ ဘယ်လောက်ထိ ဖန်တီးပုံဖော်ခဲ့သလဲဆိုတဲ့အကြောင်းပါ….
ပွင့်ပွင့်လင်းလင်းပြောရရင် media interview တွေ ၊ public attention ရတဲ့ ပွဲတွေမှာ နိုင်ငံ့အရေး၊ လူမှုရေးခံယူချက် ၊ လူသားချင်းလေးစားတန်ဖိုးထားဖို့ ၊ ပိုမိုအဆင့်အတန်းမြင့်တဲ့ လူမှုအသိုက်အဝန်းတစ်ခုဖန်တီးဖို့ စတဲ့ ပညာပါတဲ့စကားတွေကို လူပြိန်းမုန်းခံ၊ မျက်စိစပါးမွှေးစူးခံပြီး ကိုယ့်ရဲ့popularity ကို အသုံးချပြီး ပြောပြလမ်းညွှန်ပေးတဲ့ မြန်မာလူမျိုး celebrity တွေဆိုတာ ရှိတော့ ရှိပေမယ့် လက်ချိုးရေတွက်လို့ရအောင်ရှားပါးပါတယ်….
ဖြူဖြူက media တွေကတဆင့် အထက်ကပြောခဲ့သလို ပညာပါတဲ့စကားမျိုးတွေ စေတနာ မေတ္တာအားဖြင့် ပြောပြတိုင်း၊ အင်တာဗျူးတွေဖြေခဲ့တဲ့အခါတိုင်း တချို့သော တဆင့်နိမ့်လူတန်းစားတွေကြားမှာ “အပိုတွေပြောနေတာပါကွာ၊ ဆရာမကြီးလေသံနဲ့” စသဖြင့် လှောင်ပြောင်ပုတ်ခတ်ခဲ့ကြပေမယ့်… ခုလိုမျိုး အရေးကြုံလာတဲ့အခါမှာ ဖြူဖြူပြောခဲ့တဲ့ စကားလေးတွေ ၊ အင်တာဗျူးလေးတွေက တကျော့ပြန် တခေတ်ထပြီး ပရိသတ် ရင်ဘက်နဲ့ထပ်တူကျလာတာမြင်ရပြန်တော့ admin တို့လဲ ပီတိဖြစ်ရပြန်ပါတယ်….
ပြောချင်တဲ့စာရဲ့ လိုရင်းကတော့ ဘယ်သူမဆို ဘယ်လိုနည်းမျိုးနဲ့မဆို (နာမည်ကောင်း/နာမည်ဆိုးစတဲ့ကျော်ကြားမှုမျိုးတွေနဲ့) Celebrity ဆိုတာဖြစ်နိုင်ပါတယ်….ဒါပေမယ့် Idolize person ၊ တနည်းအားဖြင့် ကိုယ့်ဘဝရဲ့ လမ်းပြပုဂ္ဂိုလ် ၊ ကိုယ်နှုတ်အလုံးစုံ အတုယူလေးစားအားကျရဲ့ Celebrity Idol ဆိုတာမျိုးကတော့ celebrityတိုင်း မဖြစ်နိုင်ပါဘူး….ဒါကြောင့်မို့ ကိုယ်သဘောကျ အားပေးနေရတဲ့ celebrity ကို “သူက ငါ့ရဲ့Idol လေ” ဆိုပြီး နောင်တမရှိ ပြောရလောက်အောင် ပရိသတ်အပေါ်မှာ စေတနာမှန်တဲ့သူလား … ရပ်တည်မှုတွေ မှန်တဲ့သူဖြစ်ရဲ့လား….
ကိုယ့်တကိုယ်စာ အောင်မြင်ကျော်ကြားရုံအတွက် ပရိသတ်တွေအကြိုက် popping တွေ ဟန်ဆောင်လုပ်ပြပြီး နှစ်ဘက်လှ မျက်နှာနှစ်မျိုးနဲ့ သာရာကူးမယ့်သူမျိုးလား….ပြည်သူနဲ့ အေးအတူပူအမျှတသားထဲရင်ဆိုင်ပြီး ရပ်တည်ပေးတဲ့ Idolize person စစ်စစ်လားဆိုတာခုချိန်မှာဆုံးဖြတ်ရွေးချယ်ဖို့အကောင်းဆုံးအချိန်ပါပဲ ….မကြာခင် တောက်ပလာတော့မယ့် တိုင်းပြည်အနာဂတ်မှာ ပရိသတ်ရဲ့ အသံ၊ ပရိသတ်တွေရဲ့ ဘဝကို ရှေ့တန်းတင်ပေးမယ့် Idol စစ်စစ်တွေ အများကြီးလိုအပ်သလို… ပရိသတ်ဘက်ကလဲ Idolize person စစ်စစ် ကို ဉာဏ်နဲ့ယှဉ်ပြီး မှန်မှန်ကန်ကန်ရွေးချယ် အားပေးဝန်းရံဖို့ လိုအပ်လာမှာပါ….
ခုချိန်ထိ နိုင်ငံ့အရေး တိုင်းပြည်အရေးမှာ ပြည်သူပြည်သားများနဲ့ တသားထဲ ရပ်တည်ပေးနေကြတဲ့ Idol celebrity တွေ အားလုံးကို လေးစားချစ်ခင်စွာ ဦးညွှတ်ဂုဏ်ပြုပါတယ်….Admin တို့အနေနဲ့ကတော့ ဖြူဖြူ့ကို Idolize person အဖြစ် ရွေးချယ်အားပေးဝန်းရံခဲ့ရတာ ဘယ်တော့မှ နောင်တမရခဲ့ကြောင်း ကျေနပ်ဂုဏ်ဆာစွာ မှတ်တမ်းတင်ပါတယ် အရေးတော်ပုံအောင်ရမည် ပိုမိုအဆင့်အတန်းမြင့်တဲ့ လူ့အဖွဲ့စည်းကိုလဲ တည်ထောင်နိုင်ရမည် ”ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကလည်း ဖြူဖြူပြောသလိုရွေးချယ်နိုင်ကြပါစေ…