မြန်မာပြည် အစွန်အဖျားမှာ နေထိုင်ကြတဲ့ သွေးချင်းညီနောင်တွေကို ပြုံပျော်ပီတိ ဖြစ်စေခဲ့ တဲ့ ကိုပေါက်ရဲ့ ကြည်နူး စရာ အလှူလေး

ကိုပေါက်ကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာရပ်တည်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာပါ ။ ဒါ့အပြင် လတ်တလော အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့တာကြောင့် (၅၀၅ -က) နဲ့ တရားစွဲဆို ခံထားရကာ လွတ်မြောက်နယ်မြေ တစ်နေရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ် ။

အခုလည်း မြန်မာပြည် အစွန်အဖျားတစ်နေရာကို ရောက်ရှိနေတာဖြစ်ပြီး ချစ်ရတဲ့ ညီအစ်ကိုတွေနဲ့အတူ စုပေါင်းကာ ထိုဒေသက တိုင်းရင်းသား ပြည်သူတွေ အတွက် အဝတ်အထည်များကို အလျှံပယ် လှူဒါန်းပေးခဲ့တာကိုတွေ့ရပါတယ် ။ အဝတ်တွေရလို့ ပျော်ရွှင်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ပုံရိပ်တွေက ကြည့်မိသူတိုင်းကို ထပ်တူ ပီတိဖြစ်စေတဲ့ အထိပါပဲ ။

ကိုပေါက် အနေနဲ့လည်း ခုလို လှူဒါန်းရလို့ အတိုင်းမသိ ကြည်နူးနေမိကြောင်းကို ” လူကိုလူလို ချစ်ပါ ခင်ပါ လေးစားပါ။ အားလုံးကအတူတူပါပဲ။ နာမည်ကွဲပြားမှုတွေနဲ့ အသားအရောင်မတူခြင်းတွေက အရေးမကြီးပါဘူး။ရသူတို့လေးတွေ အဆင်ပြေရင် ကျနော်ပျော်တယ်။မြန်မာပြည်အစွန်အဖျားတစ်နေရာမှ ညီနောင်သားချင်းတို့အတွက် ညီအစ်ကိုတွေ အတူတူလှူ။” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Aung Min Naing

Add a Comment

Your email address will not be published. Required fields are marked *