ခရမ်းချဉ်သီးတစ်လုံးကိုခြောက်စိတ် စိပ်ပြီး ထမင်းတစ်နပ်ပြီးရ တဲ့နေ့ရက်တွေ ကို ဖြတ်သန်းခဲ့ရ တဲ့ အမေစု
|နိုင်ငံတော်အတိုင်ပင်ခံ၊ တစ်ကမ္ဘာလုံးက လေးစားကြည်ညိုရတဲ့ အမျိုးသမီးကြီးရဲ့ နေ့ရက်တွေဟာ ချောမွေ့ပြီး အားကျစရာကောင်းနေတာတော့မဟုတ်ပါဘူး။ နေအိမ်အကျယ်ချုပ်ကျစဉ် ပထမဆုံး (၆)နှစ်တာကာလကို
အိမ်တွင်းမှာ တစ်ယောက်တည်းဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းကျမှ အန်တီဒေါ်ခင်ခင်ဝင်းနဲ့ သမီးဖြစ်သူက လာရောက်ပြီး အတူနေထိုင်တာပါ။တစ်ယောက်တည်းနေစဉ်ကာလတွေမှာ ဘယ်လိုတွေနေခဲ့ရသလဲဆိုတာကို အန်တီခင်ခင်ဝင်းက
ဘီဘီစီကို ပြောပြခဲ့တာပါ။“စစချင်းအကျယ်ချုပ်ကာလ ခြောက်နှစ်မှာ အန်တီဝင်းတို့လည်းမရှိဘူး။ သူတစ်ယောက်တည်း တော်တော်ဒုက္ခရောက်ခဲ့တာ။
အစားအသောက်ကို ခြွေတာလွန်းတော့ အာဟာရပြတ်သလိုအထိဖြစ်တာလေ။ သူ ခရမ်းချဉ်သီးကို မကြိုက်ဘူး။ မကြိုက်ပေမယ့်
အာဟာရပြတ်သလို ဖြစ်လာတော့ ရေခဲသေတ္တာထဲရှိတဲ့ ခရမ်းချဉ်သီးတစ်လုံးကိုခြောက်စိတ် စိပ်ပြီး ထမင်းတစ်နပ်ပြီးရတဲ့နေ့တွေ့ရှိတယ်လို့ပြောတော့ အန်တီဝင်း စိတ်ထိခိုက် လိုက်တာလေ” လို့ အန်တီခင်ခင်ဝင်းကပြောပြပါတယ်။ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းနေထိုင်ရတဲ့
ပထမခြောက်နှစ်တာ အကျယ်ချုပ်ကာလမှာ နေအိမ်ကပစ္စည်းတချို့ကို ထုခွဲရောင်းချပြီး နေထိုင် ဖြတ်သန်းခဲ့ရတာတွေလည်းရှိတယ်လို့ နီးစပ်သူတချို့က မှတ်မှတ်ရရပြောပြကြပါတယ်။မိခင်ဒေါ်ခင်ကြည်ဆုံးပါးပြီးခါစအချိန်မှာ လက်ထဲ ငွေကြေးများများစားစားမကျန်ခဲ့လို့ တစ်ဦးတည်းနေထိုင်ချိန်မှာ
အခက်အခဲတွေရှိခဲ့တာလို့ ဒေါ်ခင်ခင်ဝင်းက ဆိုပါတယ်။“အဲဒါက စောစောပိုင်းကာလပေါ့။ ကျွန်မတို့သားအမိနဲ့ အတူမနေခင်ပေါ့။
ကျွန်မ သူနဲ့ အတူ နေဖို့ ဆုံးဖြတ်တာလည်း အဲဒါကြောင့်ပါတယ်။ ဘယ်လောက် ထိလဲဆို အများပြည်သူစားတဲ့
၅၅ ပြားတန် ဆန်ကိုသူစားတာ၊ အဲဒါသူ့ကို စောင့်ရှောက်တဲ့ ရဲတွေထဲ သူ့ကိုလေးစားသူတွေလည်းပါတာပေါ့၊ အန်တီရယ် မစားပါနဲ့ ဆိုပြီး ဆန်ကောင်းတာပေးတော့ သူက ဒီတိုင်းမလိုချင်ဘူးဆိုပြီး အိမ်က ပစ္စည်းတွေရောင်းချပေါ့ အဲဒါငွေပေးပြီး မှလက်ခံတယ်” လို့ ပြန်ပြောင်းပြောပြပါတယ်
Source BBC