သစ္စာဖောက်ဆိုတဲ့ တံဆိပ်တော့အကပ် မခံပါရစေနဲ့ အရေးတော်ပုံမအောင်မချင်း အိမ်မပြန်ဘူး လို့ပြောလာတဲ့ ပိုင်ဖြိုးသု

အရေးတော်ပုံမအောင်မချင်းအိမ်မပြန်ဘူးလို့ ပိုင်ဖြိုးသုကသူ့ရဲ့လူမူကွန်ယက်ဖေ့ဘွတ်စ်ကနေ ဒီကနေမှာပြောလိုက်ပါတယ်။”ခံစားချက်ကိုဦးစားပေးခဲ့မိလို့မှားသွားပါတယ်လို့ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေးပြန်နေရမယ်တဲ့လား.။မိသားစုနဲ့ပြန်တွေ့ရမယ်တဲ့လား.။

အလုပ်တွေပြန်လုပ်ရမယ်တဲ့လား.။တစ်ချို့တွေအသက်တွေပေးသွားကြပြီ.။တချို့တွေ ထောင်ထဲရောက်ကုန်ကြပြီ.။တချို့တွေအားလုံးကိုပစ်ချထားခဲ့ပြီးလက်နက်တွေကိုင်နေကြရပြီ.။
သူတို့တွေအိမ်ပြန်လို့မရကြတော့ဘူး.။မိသားစုနဲ့လည်းကွဲကွာကုန်ကြပြီ.။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

သူတို့ချစ်တဲ့အလုပ်‌တွေလည်းလုပ်ခွင့်မရကြတော့ဘူး.။အဲဒီ့လူတွေကိုငါရှက်တယ်…။အဖြစ်မရှိသူဆိုတဲ့ဂုဏ်ပုဒ်‌နဲ့တင်ငါ့အတွက်လုံလောက်ပါပြီ.။
သစ္စာဖောက်ဆိုတဲ့တံဆိပ်တော့အကပ်မခံပါရစေနဲ့.။အရေးတော်ပုံမအောင်မချင်းငါအိမ်မပြန်ဘူး”လို့ ပိုင်ဖြိုးသုက ရေးသားထားပါတယ်။

Add a Comment

Your email address will not be published.