ဆောင်းဦးလှိုင် ရဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေရရှိမှုမှာ အံသြသင့်စရာ ပမာဏ ရရှိ
|အဆိုတော် ဆောင်းဦးလှိုင် ရဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေခရီးစဉ်တထောက်အနေနဲ့ စက်တင်ဘာ ၁၁ရက်နေ့ နယူးယောက်မြို့ ဂီတပွဲမှာ ပရိသတ် ၃၅၀ ကျော်လာရောက်
အားပေးပြီး ရန်ပုံငွေ ဒေါ်လာ ၇သောင်းခန့်ရရှိခဲ့တယ်လို့သိရပါတယ်။ ဒီပွဲမှာ သီချင်းအပုဒ်ရေ ၃၀ ကျော် သီဆိုဖျော်ဖြေခဲ့တဲ့အပြင်
တော်လှန်ရေး ရန်ပုံငွေပစ္စည်းတွေ ရောင်းချမှု ကိုဆောင်းဦလှိုင်ဂစ်တာနဲ့ အမေစု ခေတ်ပေါ်ပန်းချီကားကို လေလံတင်ရောင်းချမှုတွေ
ပြုလုပ်ခဲ့ပါတယ်။ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို နွေဦးတော်လှန်ရေး ရှေ့တန်းကနေ တိုက်ပွဲဝင်နေသူတွေအတွက် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
#dvbtvnews #SaungOoHlaing #SpringRevolution #NewYork #fundraising#WhatsHappeningInMyanmar